Connect with us

Hi, what are you looking for?

သတင်း

ကမ္မမြို့ရှိ ရပ်ကွက်ဆေးခန်းကို စစ်ကောင်စီ လေကြောင်းမှဗုံးကြဲ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့အနောက်ဘက်ခြမ်းရှိ ရပ်ကွက်ဆေးခန်းတစ်ခုကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲ၍ ထိခိုက်ဒဏ်ရာရသူများရှိကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

ကမ္မမြို့အနောက်ဘက်ခြမ်းရှိ ရပ်ကွက်ဆေးခန်းတစ်ခုကို စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲအပြီး တွေ့ရစဉ်။ ဓာတ်ပုံ − We Love Myaing

​​မေ-၁၈၊၂၀၂၅။ရဲခေါင်/People’s Spring

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့အနောက်ဘက်ခြမ်းရှိ ရပ်ကွက်ဆေးခန်းတစ်ခုကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲ၍ ထိခိုက်ဒဏ်ရာရသူများရှိကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

ယနေ့(မေလ ၁၈ ရက်) နံနက် ၆ နာရီ ၁၇မိနစ်ခန်က ကမ္မမြို့အနောက်ဘက် ဂျိုးပျံရပ်ကွက်ရှိ ဆေးခန်းကို တံတားဦးလေတပ်မှလာသည့် ဂျက်ဖိုက်တာဖြင့် တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

ကနဦးဆက်သွယ်ချက်အရ ဆေးခန်းအဆောက်အဦထိခိုက်ပျက်စီးပြီး နှစ်ဦးဒဏ်ရာရကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

“တိုက်ပွဲ ဘာညာ ဘာတခုမှ မရှိဘူး။အကြောင်းမဲ့သက်သက်လာချတာပါ”ဟု အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်တာဝန်ရှိသူက ဂျိုးပျံရပ်ကွက်ဆေးခန်းဗုံးကြဲခံရမှုဖြစ်စဥ်နှင့်ပတ်သက်ပြီး လူထုနွေဦးသို့ ပြောသည်။

လူထုကို အကြမ်းဖက်နေသည့်စစ်ကောင်စီသည် ပြည်သူများပစ်မှတ်ထားတိုက်ခိုက်လာသည့်လေကြောင်း အန္တရာယ်အတွက် ဗုံးခိုကျင်း မဖြစ်မနေတူးထားရန်နှင့် လေကြောင်းအန္တရာယ်ကို လျှော့မတွက်ရန်လေ ကြောင်းအချက်ပေးစနစ်များထားရှိရန်လည်း ၎င်းက တိုက်တွန်းသည်။

ယခုနှစ် မတ်လ ၂၂ ရက်ကလည်း မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ နှမ်းခါးကျေးရွာဆေးခန်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် CDM ဆရာဝန် ဒေါက်တာမြစိုးအောင်နှင့် ဇနီးဖြစ်သူ ဒေါ်ခိုင်နှင်းဝေ၊ သားဖြစ်သူ (၅)နှစ်အရွယ် ကလေးငယ်အပါအဝင် ၁၁ဦး သေဆုံးခဲ့ရပြီး ၆ဦး ဒဏ်ရာရရှိခဲ့သည်။

စစ်ကောင်စီသည် နိုင်ငံတဝန်း တိုက်ပွဲများအတွင်း အထိနာနေသည့်အခြေအနေတွင် မကွေး၊ စစ်ကိုင်း အပါအဝင် နိုင်ငံတဝန်း ပြည်သူလူထု နေထိုင်ရာ နေရာများ၊ စာသင်ကျောင်း၊ ကျန်းမာရေးနှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦများကို ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး၊ ဒရုန်း တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိရာ ပြည်သူလူထု သေဆုံးထိခိုက်မှုများ မကြာခဏ ဖြစ်နေသည်။

ယခုလအတွင်း၌လည်း စစ်ကိုင်း၊မန္တလေး၊မကွေး၊ပဲခူး၊ရခိုင်၊ ကချင်၊ရှမ်းမြောက်နှင့်ရှမ်းတောင်ဒေသများ၌ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများပိုမိုပြုလုပ်လာ၍ အစုလိုက်၊အပြုံလိုက် သေဆုံးထိခိုက်ခဲ့ရမှု ဖြစ်စဉ်များရှိနေပြီး ကလေးငယ်များအပါအဝင် ပြည်သူသေဆုံးထိခိုက်မှုများ မြင့်တက်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ပခုက္ကူမြို့နယ်အတွင်းလူမှုကူညီရေးလုပ်ငန်းတွေဆောင်ရွက်မယ့် အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ အမျိုးသားညီညွတ်​ရေးအစိုးရ​အောက်ရှိ ၊မြို့နယ် ပြည်သူ့အုပ်ချုပ်​ရေး (ပအဖ)နဲ့ ကြိုတင်ချိတ်ဆက်ညှိနှိုင်းပြီးမှ ဆောင်ရွက်ဖို့ ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇူလိုင် ၂၇ ရက်က ကြေညာချက်ထုတ်ပြန်ပါတယ်။

သတင်း

​မကွေးတိုင်း၊ ပခုက္ကူခရိုင်အတွင်းရှိ ပခုက္ကူနဲ့ မြိုင်မြို့နယ်မှာ စစ်ဘေးရှောင်ပြည်သူများပြားနေပြီး စားနပ်ရိက္ခာနဲ့ သောက်သုံးရေအပါအဝင် အခြေခံလူသုံးကုန်ပစ္စည်းတွေ အရေးပေါ် လိုအပ်လျက်ရှိကြောင်း မြေပြင်ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေတဲ့ ကမ်းလက်များအဖွဲ့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ ဧရာဝတီမြစ်ရေတိုက်စားလို့ သိမ်ကုန်းနဲ့ မရိုးကုန်း ကျေးရွာ အရေးပေါ်ရွှေ့ပြောင်းနေရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ခဲယမ်းအများအပြားနဲ့ ယာဉ်ယန္တရားတွေ သိမ်းဆည်းရရှိ