Connect with us

Hi, what are you looking for?

သတင်း

ကမ္မမြို့ရှိ ရပ်ကွက်ဆေးခန်းကို စစ်ကောင်စီ လေကြောင်းမှဗုံးကြဲ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့အနောက်ဘက်ခြမ်းရှိ ရပ်ကွက်ဆေးခန်းတစ်ခုကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲ၍ ထိခိုက်ဒဏ်ရာရသူများရှိကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

ကမ္မမြို့အနောက်ဘက်ခြမ်းရှိ ရပ်ကွက်ဆေးခန်းတစ်ခုကို စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲအပြီး တွေ့ရစဉ်။ ဓာတ်ပုံ − We Love Myaing

​​မေ-၁၈၊၂၀၂၅။ရဲခေါင်/People’s Spring

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့အနောက်ဘက်ခြမ်းရှိ ရပ်ကွက်ဆေးခန်းတစ်ခုကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲ၍ ထိခိုက်ဒဏ်ရာရသူများရှိကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

ယနေ့(မေလ ၁၈ ရက်) နံနက် ၆ နာရီ ၁၇မိနစ်ခန်က ကမ္မမြို့အနောက်ဘက် ဂျိုးပျံရပ်ကွက်ရှိ ဆေးခန်းကို တံတားဦးလေတပ်မှလာသည့် ဂျက်ဖိုက်တာဖြင့် တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

ကနဦးဆက်သွယ်ချက်အရ ဆေးခန်းအဆောက်အဦထိခိုက်ပျက်စီးပြီး နှစ်ဦးဒဏ်ရာရကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

“တိုက်ပွဲ ဘာညာ ဘာတခုမှ မရှိဘူး။အကြောင်းမဲ့သက်သက်လာချတာပါ”ဟု အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်တာဝန်ရှိသူက ဂျိုးပျံရပ်ကွက်ဆေးခန်းဗုံးကြဲခံရမှုဖြစ်စဥ်နှင့်ပတ်သက်ပြီး လူထုနွေဦးသို့ ပြောသည်။

လူထုကို အကြမ်းဖက်နေသည့်စစ်ကောင်စီသည် ပြည်သူများပစ်မှတ်ထားတိုက်ခိုက်လာသည့်လေကြောင်း အန္တရာယ်အတွက် ဗုံးခိုကျင်း မဖြစ်မနေတူးထားရန်နှင့် လေကြောင်းအန္တရာယ်ကို လျှော့မတွက်ရန်လေ ကြောင်းအချက်ပေးစနစ်များထားရှိရန်လည်း ၎င်းက တိုက်တွန်းသည်။

ယခုနှစ် မတ်လ ၂၂ ရက်ကလည်း မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ နှမ်းခါးကျေးရွာဆေးခန်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် CDM ဆရာဝန် ဒေါက်တာမြစိုးအောင်နှင့် ဇနီးဖြစ်သူ ဒေါ်ခိုင်နှင်းဝေ၊ သားဖြစ်သူ (၅)နှစ်အရွယ် ကလေးငယ်အပါအဝင် ၁၁ဦး သေဆုံးခဲ့ရပြီး ၆ဦး ဒဏ်ရာရရှိခဲ့သည်။

စစ်ကောင်စီသည် နိုင်ငံတဝန်း တိုက်ပွဲများအတွင်း အထိနာနေသည့်အခြေအနေတွင် မကွေး၊ စစ်ကိုင်း အပါအဝင် နိုင်ငံတဝန်း ပြည်သူလူထု နေထိုင်ရာ နေရာများ၊ စာသင်ကျောင်း၊ ကျန်းမာရေးနှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦများကို ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး၊ ဒရုန်း တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိရာ ပြည်သူလူထု သေဆုံးထိခိုက်မှုများ မကြာခဏ ဖြစ်နေသည်။

ယခုလအတွင်း၌လည်း စစ်ကိုင်း၊မန္တလေး၊မကွေး၊ပဲခူး၊ရခိုင်၊ ကချင်၊ရှမ်းမြောက်နှင့်ရှမ်းတောင်ဒေသများ၌ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများပိုမိုပြုလုပ်လာ၍ အစုလိုက်၊အပြုံလိုက် သေဆုံးထိခိုက်ခဲ့ရမှု ဖြစ်စဉ်များရှိနေပြီး ကလေးငယ်များအပါအဝင် ပြည်သူသေဆုံးထိခိုက်မှုများ မြင့်တက်နေသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့မှာ ကျင်းပနေတဲ့ သီဟိုဠ်ရှင်ဘုရားပွဲမှာ စစ်တပ်က ပွဲလာတဲ့လူငယ်တွေ အများအပြားကို ပိတ်ဆို့ပြီး ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့အခြေစိုက် ခြေမြန် တပ်မဌာနချုပ်(၁၀၁)မှ စစ်ကောင်စီတပ်အင်အား ၄၀၀ ခန့်ပါ ယာဥ်တန်းထွက်လာ၍ ပခုက္ကူ၊မြိုင်နှင့်ပေါက်မြို့နယ်တို့မှ ပြည်သူများအနေဖြင့် စစ်ရေးသတိဖြင့် နေထိုင်ကြရန် အညာမြေတပ်ပေါင်းစုက ယနေ့(ဇွန်လ ၁ ရက်) ထုတ်ပြန်သည်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့တွင် KTVသွားသည့် စစ်ကောင်စီလက်အောက်ခံ ရဲသုံးဦးကို ဖမ်းဆီးရမိကြောင်း Yesagyo Revolution Group (YRG)တာဝန်ခံကိုပါးသိုင်းက လူထုနွေဦးသို့ ပြောသည်။