မေ၂၁၊၂၀၂၅။သတိုး/People’s Spring
ရန်ကုန်မြို့၊ သန်လျင်တံတားအဆင်းရှိ ပြည် သူများထံ ငွေကြေးကောက်ခံနေသည့် စစ် ကောင်စီတပ်ဖွဲ့ ဝင်များအား အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း Operation Flame (OF) အဖွဲ့တာဝန်ရှိသူက ပြောသည်။
“ပြင်းအားမြင့် အဝေးထိန်းမိုင်း တစ်လုံး အသုံးပြု ဖောက်ခွဲခဲ့ပါတယ်။ အကြမ်းဖက်တပ်သားတွေ ထိခိုက်နိုင်ချေရှိပါတယ်”ဟု ၎င်းက ပြောသည်။
ယင်းစစ်ဆင်ရေးကို မေလ ၂၁ ရက် နံနက် ၁၀နာရီခန့်တွင် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်မှ ထိခိုက်မှုကို စုံစမ်းနေကြောင်း ၎င်းက ဆိုသည်။

Public Service Announcement
သန်လျင်တံတားအဆင်း လက်မှတ်ဂိတ် မှတ်တိုင်အနီးတွင် စစ်ကောင်စီလက်အောက်ခံ ယာဉ်ထိန်းရဲများက ပြည်သူများ၏ကားများကို အဓမ္မ ငွေကြေးကောက်ခံသည့်နေရာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များက လုံခြုံရေးယူပေးနေခြင်း ဖြစ်သည်။
“စစ်ဆင်ရေးပြီးဆုံးပြီးနောက် တော်လှန်ရေးအဖွဲ့သားများအားလုံး ဘေးကင်းရာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်သည်။” ဟု OF က အသိပေးထားသည်။
Operation Flame အဖွဲ့အနေဖြင့် ရန်ကုန်တော်လှန်ရေး မဟာမိတ်များနှင့်ပူးပေါင်း၍ စစ်ကောင်စီကို အရှိန်မြှင့်တိုက်ခိုက်သွားမည်ဟု သတင်းထုတ်ပြန်ထားသည်။

















































