Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းတိုင်းအတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ပြုလုပ်

စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (မေလ ၂၂)မှာ စစ် အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

မေ ၂၂၊၂၀၂၅။ သုည/People’s Spring

စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (မေလ ၂၂)မှာ စစ် အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်း အရာတော်မြို့နယ် ကျေးရွာတစ်ရွာမှာ ၅/အရတ အရာတော်လူထုသပိတ်မှ ဦးဆောင်ပြီး ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းကာ ကျေးလက်နေပြည်သူလူထုအား “လေကြောင်းအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန်” အသိပညာပေးဟောပြောခဲ့ပါ​တယ်။

ဒါ့အပြင် ဗုံးခိုးကျင်းတူးနည်းအကြံပြုချက်တွေ၊ လေကြောင်းအန္တရာယ် ကြိုတင်ကာကွယ်နိုင်ဖို့ သတိပေးလမ်းညွှန်ချက်တွေ၊ လေကြောင်းတိုက်ခိုက်ခံရချိန် အရေးပေါ် နေထိုင်နည်းတွေ၊ လေကြောင်းတိုက်ခိုက်ရေးသုံး ရဟတ်ယာဉ်များအကြောင်း၊ စက်တပ်လေထီးနဲ့ တိုက်ခိုက်နိုင်တဲ့ ပုံစံတွေကို ရှင်းလင်းပြောကြား မျှဝေခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဝက်လက်မြို့နယ်မှာလည်း မြောင်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီနဲ့ ဝက်လက်မြို့နယ်လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီတို့ပူးပေါင်းပြီး လူငယ်တွေကို ကျားမအခြေပြုအကြမ်းဖက်မှုနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ မျှဝေဆွေးနွေးခဲ့ပါတယ်။

ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ဝက်လက်လူထုသပိတ်၊ အရာ​တော်သပိတ်

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ကနီမြို့နယ်မှာ သပိတ်အင်အားစုနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး ရွှေဝါရောင်တော်လှန်ရေး (၁၉)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှု စက်တင်ဘာ ၁၈ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ စစ်ကောင်စီ သံရုံးရှေ့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြပွဲ စက်တင်ဘာ ၁၅ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေးနဲ့ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး စက်တင်ဘာ ၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

Facebook