Connect with us

Hi, what are you looking for?

သတင်း

နမခမှာ တိုင်းမှူးအလှူဖျော်ဖြေရေးရှိလို့ လက်နက်ကြီးတွေနဲ့ပစ်ခတ်ရာ ပြည်သူနှစ်ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှာ တိုင်းမှုးအလှူရှိလို့ ဖျော်ဖြေရေးလုပ်နေချိန် စစ်အုပ်စုက လက်နက်ကြီးနဲ့ မုံရွာဝန်းကျင်ကို ပစ်ခတ်ခဲ့လို့ ပြည်သူနှစ်ဦး သေဆုံးပြီး ၈ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီ ၂၀ရက်က စစ်မှုထမ်း အပတ်စဉ်(၉)တက်မည့်သူများကို စစ်ဆေးနေသည့် နမခ တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေး။ ဓာတ်ပုံ − CINCDS

မေ ၂၃၊၂၀၂၅။ဇေအောင်၊ရဲခေါင်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှာ တိုင်းမှုးအလှူရှိလို့ ဖျော်ဖြေရေးလုပ်နေချိန် စစ်အုပ်စုက လက်နက်ကြီးနဲ့ မုံရွာဝန်းကျင်ကို ပစ်ခတ်ခဲ့လို့ ပြည်သူနှစ်ဦး သေဆုံးပြီး ၈ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့က မေလ(၂၂)ရက် ည ၇နာရီဝန်းကျင်က မုံရွာမြို့အဝင် မအူဂိတ်နဲ့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်(နမခ)ထဲကနေ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ကြောင်း၊ မအူဂိတ်က ပစ်ခတ်ခဲ့တဲ့ ၈၁မမ လက်နက်ကြီး (၆)လုံးဟာ နဂါးတွင်းကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၁၀ဦးပြင်းပြင်းထန်ထန်ထိခိုက်ခဲ့ကာ နှစ်ဦးသေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“လက်နက်ကြီးက ၆ လုံးကျတာ ပြည်သူ ၁၀ဦးထိခိုက်ရာမှာ အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦးကတော့ ညတည်းက ဆုံးသွားလို့ ဒီမနက်စောစောပဲကိစ္စပြီးလိုက်ကြတာပြောတယ်။”လို့ ဒေသခံတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မနေ့(မေလ ၂၂ရက်)မနက်က နမခထဲမှာ တိုင်းမှူးရဲ့ ရဟန်းခံရှင်ပြုအလှူရှိပြီး ညပိုင်းမှာတော့ ဒိန်းဒေါင်အပါအဝင် စစ်ကောင်စီလော်ဘီတချို့ လာရောက်ဖျော်ဖြေခဲ့တယ်လို့ ဒေသခံတချို့က ဆိုပါတယ်။ ဆားလင်းကြီးမြို့နယ်သား အဆိုတော်ဖော်ဝေးပါတယ်လို့ သတင်းတွေထွက်နေပြီး အတည်မပြုနိုင်သေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

ဖော်ဝေးကတော့ သူအိမ်မှာဘဲရှိနေတဲ့အကြောင်း ဒီကနေ့ Liveလွှင့် ငြင်းဆိုထားပါတယ်။

“အဲ့ပွဲမှာ စကစတပ်သားတွေ နမခထဲမှာ မူးရူးသောက်စားပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေ ရမ်းသမ်းပစ်ခတ်တာမျိုးတွေလည်းရှိတယ်။ မနေ့ညက။”လို့ အခြားဒေသခံတစ်ဦးက ပြောပါတယ်။

“နေရာတင်က နှစ်ယောက်သေတာ။ အိမ်ပေါ် တည့်တည့်ကျတာ”ဟု မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးမှ တာဝန်ရှိသူက နဂါးတွင်းရွာ ပြည်သူများလက်နက်ကြီးထိမှန်ခဲ့သည့်အခြေအနေကို လူထုနွေဦးသို့ ပြောသည်။

နဂါးတွင်းကျေးရွာဟာ အရင်ကလည်း စစ်တပ်က လက်နက်ကြီးနဲ့ မကြာခဏ ပစ်ခတ်မှုတွေကြောင့် ပြည်သူတွေ ထိခိုက်သေဆုံးခဲ့ဖူးပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

သတင်း

စစ်ကိုင်းတိုင်းအတွင်း ရေဘေးသင့်ပြည်သူတွေဆီ ဥရောပသမဂ္ဂ (EU)ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့ငွေတွေကို ပေးပို့ရာမှာ အာဏာသိမ်းစစ်အုပ်စုကတဆင့် မပေးပို့ဘဲ သက်ဆိုင်ရာ ပြည်သူ့အစိုးရနဲ့ ဒေသခံအရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းကာ နယ်စပ်အခြေပြုလမ်းကြောင်းတွေကနေတဆင့် ပေးပို့ဖို့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက တောင်းဆိုလိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ရေဘေးသင့်ပြည်သူတွေကို မြို့နယ်ပကဖနဲ့ သပိတ်အင်အားစုဝင်ရဲဘော်တွေက စားနပ်ရိက္ခာလှူဒါန်းတာ​တွေ သြဂုတ် ၂၃ ရက်က ပြုလုပ်ခဲ့ပါတယ်။

Facebook