Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီကို ILOရဲ့ပုဒ်မ(၃၃)အရ အရေးယူနိုင်ရေးနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး စစ်ကိုင်းတိုင်းမှာ ဆန္ဒပြ

စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (မေလ ၂၈)မှာ စစ် ကောင်စီကို ILOရဲ့ ပုဒ်မ(၃၃)အရ အရေးယူနိုင်ရေးနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

ဓာတ်ပုံ - စစ်ကိုင်းဒေသသပိတ်အင်အားစု၊ လက်ပံတောင်းသပိတ်

မေ ၂၈၊၂၀၂၅။ သုည/People’s Spring

စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (မေလ ၂၈)မှာ စစ် ကောင်စီကို ILO ရဲ့ ပုဒ်မ(၃၃)အရ အရေးယူနိုင်ရေးနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ရှိ ကျေးရွာတစ်ရွာမှာ နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေးလူထုသပိတ်က ဦးဆောင်ပြီး ပြည်သူတွေနဲ့အတူ “Vote ILO Article 33 to save LIVES” စာသားကိုင်ဆောင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေးကြွေးကြော်သံတွေနဲ့ ချီတက်ဆန္ဒပြခဲ့ပါတယ်။

လက်ပံတောင်းတောင်ဒေသမှာလည်း လူထုသပိတ်က ဦးဆောင်ပြီး ပြည်သူတွေနဲ့အတူ “Vote ILO Article 33 to save LIVES” စာသားကို ကိုင်ဆောင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေးကြွေးကြော်သံတွေ ဟစ်ကြွေးကာ လူထုလှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အလားတူ ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း အောင်လံလွှင့်မည် ဒေါင်းသွေးနီသပိတ်စစ်ကြောင်းဟာ စစ်တပ်ကပြုလုပ်နေတဲ့ ရာဇဝတ်မှုတွေ၊ အဓမ္မစစ်သားအဖြစ် ခိုင်းစေမှုတွေ စတဲ့ စစ်တပ်က ပြုလုပ်ခဲ့တဲ့အရာတွေကို အရေးယူ အပြစ်ပေးနိုင်ရန် ILOရဲ့ ပုဒ်မ(၃၃)ကို မဲပေးကြဖို့ တိုက်တွန်းခဲ့ပါတယ်။

စစ်ကိုင်းတိုင်းအတွင်းက ဒေသခံတော်လှန်ပြည်သူတွေဟာ နယ်မြေမငြိမ်သက်မှုကြားထဲကနေ အကြမ်းဖက်စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်တွေကို နေ့စဉ်ပြုလုပ်နေကြပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ရွှေပြည်သာမြို့နယ်မှာဖွင့်ထားတဲ့ နေရွှေဝင်းအထည်ချုပ်စက်ရုံရဲ့ကြေငြာသင်ပုန်းအရှေ့ မှာ အလုပ်သမားတွေတရုန်းရုန်းနဲ့ဖြစ်နေပြီး HRဌာနက ကပ်သွားတဲ့ကြေညာစာကို တိုးဝှေ့ဖတ်ရှုနေ ကြပါတယ်။

သတင်း

စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေး များစွာအကျိုးသက်ရောက်စေတာကြောင့် ပြည်သူတွေရဲ့အောင်ပွဲလို့ ဖော်ပြ

သတင်း

စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေကဒီကနေ့ (ဇွန်လ ၇)မှာစစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ စစ်ကောင်စီကို ILO ပုဒ်မ ၃၃ အရ အရေးယူရေး သပိတ်လှုပ်ရှားမှု ဆန္ဒပြပွဲတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။