■ စစ်ရေးဗျူ၊တိုက်ခိုက်ရေး၊စစ်စည်မျဉ်းစည်းကမ်း နှင့် လက်ရှိ နိုင်ငံရေး အခြေခံများကို သုံးလကြာ သင်တန်းပို့ချ
ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်-ထားဝယ်ခရိုင်၊ လယ်မူလား(ပုလော)မြိုနယ်အတွင်း၌ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ( K.N.D.O) တပ်ရင်း (၇) ၏ အပတ်စဉ် (၁) သင်တန်းဆင်းပွဲကျင်းပခဲ့ပြီး သင်တန်းသား သင်တန်းသူ ၁၇၀ ကျော် တက်ရောက်ခဲ့ကြောင်း KNUမြိတ်-ထားဝယ်ခရိုင် ကရင်လူငယ်အစည်းအရုံး အတွင်းရေးမှူး စောအယ်ထီးကော်က ပြောသည်။

အဆိုပါသင်တန်းဆင်းပွဲကိုမေလ(၂၅)ရက်နေ့တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး KNDO တပ်ရင်း(၇) ၏ တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး စောကျော်ထွန်း အပါအဝင် ဒုတပ်ရင်းမှူး၊ တပ်ခွဲမှူးများနှင့် အခြားသော တပ်ပိုင်းဆိုင်ရာ ခေါင်းဆောင်များတက်ရောက်ခဲ့ကြောင်းKNUမြိတ်-ထားဝယ်ခရိုင်ကထုတ်ပြန်သည်။

Public Service Announcement
“အပါတ်စဉ်၁ဆိုတာကတော့စစ်ရေးအရလိုအပ်တာအခြေခံအားလုံးပါတာ။ပီးတော့သင်တန်တက်သူလဲ လူသစ်တွေပါပဲ။ ၃လပေါ့။အရင်ကအာဏာသိမ်းစကတော့ အဓိက စစ်ရေးဗျူဟာ သပ်သပ်ပဲ ရက်တိုပေးကြတာ။အနည်းဆုံး ၁ လကျော် အဲဒီလောက်ပဲရှိတယ်။ခုကစစ်ရေးဗျူဟာရော တိုက်ခိုက်ရေးရောစစ်စည်းမျဉ်းစည်းကမ်း လက်ရှိ နိုင်ငံရေး အခြေခံရော” ဟု စောအယ်ထီးကော်က ပြောပြသည်။
ယခုသင်တန်းတက်ရောက်သူများသည်စစ်အာဏာရှင်ကို မလိုလားကြသည့် ဒေသအသီးသီးမှ လူငယ် လူရွယ်များ ဖြစ်ပြီး KNUက ဦးဆောင်ပြီး သင်တန်းပေးခြင်းဖြစ်သည်ဟု၎င်းကပြောသည်။
“လူငယ်တွေစစ်ထဲဝင်ပြီးတော်လှန်ချင်သူတွေပါ။” ဟု စောအယ်ထီးကော်က ပြောသည်။
ယခု သင်တန်းဆင်းသည့် KNLA တပ်မဟာ(၄) KNDO တပ်ရင်း(၇)သည်မေလ ၉ ရက်က သိမ်းပိုက်ခဲ့သောထီးခီးနယ်စပ်စခန်းသိမ်းတိုက်ပွဲ၌ ပါဝင်ခဲ့ပြီး ဧပြီ ၁၉ရက် ထီးထ ဗျူဟာစခန်းသိမ်းတိုက်ပွဲ၌လည်း အခြားတော်လှန်ရေးတပ်များနှင့်အတူ ပါဝင်ဆင်နွှဲခဲ့သည်။
“အဓိကကတော့တပ်မဟာ(၄)ရဲ့စစ်ရေးဦးဆောင်မှု အောက်မှာပဲ သူတို့ ဆက်ပြီး စစ်အာဏာရှင်ကို တော်လှန်သွားမှာပါ။ လိုအပ်သလို ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ပေါင်းပြီး စစ်ရေး အရ ဆက်လက် တာဝန်ယူသွားမှာ” ဟု စောအယ်ထီးကော်က ယခု KNDO တပ်ရင်း(၇) အပတ်စဉ်(၁) သင်တန်းဆင်းပွဲမှ သင်တန်းသားများ တော်လှန်ရေး၌ ဆက်လက်ပါဝင်မည့် အခြေအနေကို ပြောပြသည်။
KNDOသည် KNU လက်အောက်ခံ လက်နက်ကိုင်တပ်ဖွဲ့ တခုဖြစ်ပြီး KNU၏ အခြား လက်နက်ကိုင်တပ်ဖြစ်သော ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ ၇ခု၏ နယ်မြေတိုင်း၌ KNDO တပ်ရင်းများ ရှိသည်။


















































