Connect with us

Hi, what are you looking for?

သတင်း

မောတောင်အပါအဝင် တနင်္သာရီတိုင်းအတွင်း တိုက်ပွဲများထပ်မံတိုးမြှင့်ရန်ရှိ​နေဟုဆို

တနင်္သာရီတိုင်းအတွင်း ယခု ဇွန်လ ပထမပတ်မှစ၍ တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်ကြောင်း ဇွန် ၁ရက်​နေ့တွင် ပြုလုပ်သည့် တနင်္သာရီကမ်ပိန်း စကားဝိုင်းဆွေးနွေးပွဲ၌ ပါဝင်ဆွေးနွေးသည့် ကရင်သတင်းရင်းမြစ်တဦးဖြစ်စော စောဆဲနေစေးက ပြောကြားသည်။

တနင်္သာရီတိုင်းမှ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်တဦး

ဇွန်-၂၊၂၀၂၅။ ထားမြတ်/People’s Spring

တနင်္သာရီတိုင်းအတွင်း ယခု ဇွန်လ ပထမပတ်မှစ၍ တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်ကြောင်း ဇွန် ၁ရက်​နေ့တွင် ပြုလုပ်သည့် တနင်္သာရီကမ်ပိန်း စကားဝိုင်းဆွေးနွေးပွဲ၌ ပါဝင်ဆွေးနွေးသည့် ကရင်သတင်းရင်းမြစ်တဦးဖြစ်စော စောဆဲနေစေးက ပြောကြားသည်။

တနင်္သာရီဒေသအတွင်းရှိ IDPsနှင့် လူသားချင်းစာနာထောက်ထားမှု ကူညီဆောင်ရွက်ရေးဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲကို ဇွန်လ ၁ရက်က ကျင်းပခဲ့ရာ စောဆဲနေစေးက ဒေသတွင်း စစ်ရှောင်များ အခြေအနေ၊ တိုက်ပွဲများ ဆက်လက်တိုးမြင့်လာနိုင်မှု၊ စားနပ်ရိက္ခာ အပါအဝင် စစ်ကောင်စီဘက်က ဖြတ်တောက်ပိတ်ပင်ထားမှု၊ လေကြောင်းအန္တရာယ် ကြုံနေရမှု အခြေအနေများ ဆွေးနွေးခဲ့သည်။

“တိုက်ပွဲတွေကထပ်တိုးမြှင့်ဖို့ရှိတယ်။အဲဒီလို အခြေအနေရှိတယ်။ အဲဒီလို အခြေအနေရှိတော့ ဘာလိုအပ်လာလဲဆိုတော့ အရင်တုန်းက ကျည်တွေ၊ လက်နက်တွေ တော်ရုံတန်ရုံစျေးနဲ့ ရတယ်ဆိုပေမယ့် ဒီအချိန်မှာ ကျနော်တို့ တော်တော်အခက်အခဲဖြစ်လာတယ်။ ဆိုလိုတာက တိုင်းအတွင်းမှာရှိတဲ့ ဒေသခံတွေ ရွာသူရွာသားတွေက ဒီနေရာတခုကို မောတောင်ပေါ့လေ ..။ ဒီတိုက်ပွဲ ဆင်နွှဲမှု အပြီး
သတ်နိုင်ဖို့ ဒေသခံတွေရဲ့ အားပေးမှု လိုအပ်တာပေါ့”ဟု စောဆဲနေစေးက ပြောကြားသည်။

Public Service Announcement

Public Service Announcement

စစ်ရေး အခြေအနေ လျော့လာရန်မရှိဘဲ ယခု ဇွန်လ အစပိုင်း၌ပင် စစ်ရှိန်မြှင့်လာနိုင်ဟု၎င်းကသုံးသပ်ပြောကြားသည်။

စစ်ကောင်စီအနေဖြင့်လည်းစားနပ်ရိက္ခာနှင့်စက်သုံးစီ ဖြတ်တောက်ပိတ်ပင်မှုများ လုပ်ဆောင်နေ၍ အခြေအနေများ ပိုမိုဆိုးလာနိုင်သည်ဟု ဆိုသည်။

စစ်ကောင်စီအနေဖြင့်တနင်္သာရီ -မောတောင် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကို ပြန်လည်ထိန်းချုပ် ဖွင့်လှစ်လို၍ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေသည်ဟု ပြောပြသည်။

“မောတောင်သည် ဘာဖြစ်လဲဆို စစ်ကောင်စီက ကုန်သွယ်လမ်းပေါက်တခု ပြန်ပြီးတော့ ထိုးဖောက်လာဖို့အတွက် အားအင်အပြည့်နဲ့ ဒီစစ်ကြောင်းကို ချီလာတာ အဲဒါကြောင့် ဒီတိုက်ပွဲက အခုအချိန်ထိ ဆက်ရှည်နေတာ။” ဟု စောဆဲနေစေးက ပြောကြားသည်။

အဆိုပါလမ်းကြောင်းကိုစစ်ကောင်စီပြန်လည်ထိန်းချုပ်နိုင်ပါက အခြေအနေများ ပိုဆိုးလာနိုင်၍ အားလုံး ပူးပေါင်း ဆောင်ရွက်ရန်လိုအပ်ကြောင်း ၎င်းက ပြောသည်။

ထို့ပြင်လက်ရှိ ဒေသတွင်းစစ်ရှောင်ပံ့ပိုးမှုကို အရပ်ဘက်အဖွဲ့များနှင့်ချိတ်ဆက်လုပ်ဆောင်နေပြီး၊ လိုအပ်ချက်များစွာ ရှိနေဆဲဖြစ်ကြောင်းပြောသည်။ ထို့ပြင် လေကြောင်းရန်သည်လည်း နေ့စဉ် စိုးရိမ်နေရသည်ဟု စောဆဲနေစေးက ပြောသည်။

“နေ့တိုင်းကို ကျနော်တို့က နားထောင်နေရတယ်။ လေယာဉ် တက်လာပြီဟေ့ဆို ဗုံးခိုကျင်းထဲ ဆင်းပြေးရတာပေါ့ ။တချို့ ဗုံးခိုကျင်းမလုပ်နိုင်တဲ့အခါကျတော့ချောင်းထဲ မြောင်းထဲ ဆင်းပြေးနေရတဲ့ အခြေအနေတွေရှိတယ်။” ဟု စောဆေဲနေစေးက ပြောကြားသည်။

စစ်ကောင်စီက မောတောင် နယ်စပ်လမ်း ထိန်းချုပ်နိုင်ရေးအတွက် ထိုးစစ်ဆင်လာ၍ ၊ တနင်္သာရီမြိုနယ်၊ သိန်းခွန်ရွာတဝိုက် တိုက်ပွဲများ ဖြစ်ပွားခဲ့ဟု ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော်(KNLA)နှင့်အတူ တိုက်ပွဲဝင်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မြိတ်ခရိုင် အမှတ်(၂)တပ်ရင်းက အသိပေးထားသည်။

သိန်းခွန်ဒေသ တိုက်ပွဲမှာ ၅လခန့်ကြာပြီဖြစ်ပြီးထိတွေ့တိုက်ပွဲ အကြိမ်ရေ ၁၀၀ကျော်ရှိကာ စစ်တပ်ဘက်က အရာရှိအပါအဝင် သေဆုံးထိခိုက်သူ ၁၅၀ခန့်ရှိသည် မေလ ပထမပတ်တွင် ထုတ်ပြန်ထားသည်။

”သူတိုက နယ်စပ်လမ်းကို ပြန်လိုချင်လိုစစ်ကြောင်းထိုးတာပါ။ အထိအခိုက်များလည်း စစ်ကူထပ်ပိုတယ်။ လေကြောင်းက အမြဲရှိပါတယ်”ဟု မြိတ်ခရိုင် အမှတ်(၂)တပ်ရင်းတာဝန်ရှိသူက စစ်ကောင်စီ၏ တနင်္သာရီ -မော့တောင် နယ်စပ်လမ်း ထိန်းချုပ်နိုင်ရေး ကြိုးပမ်းလာမှု အခြေအနေအပေါ် ပြောထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်သုခကျေးရွာမှာ ၂ နှစ်ကျော်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် မောင်ပေါက်စချေဆိုသူကို သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုတို့နဲ့ အာရက္ခတပ်တော်(AA)ရဲ့ မောင်တောခရိုင်တရားရုံးက ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်ပါတယ်။

သတင်း

ARSAအဖွဲ့ဝင်အချို့ကိုဖမ်းမိ၊စစ်တပ်နဲ့ ARSA ပူး​ပေါင်းလှုပ်ရှားမှုအချို့ရှိ​နေ

သတင်း

တနင်္သာရီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်နေတယ်လို့ မြိတ်ခရိုင်အမှတ် (၃)တပ်ရင်းက ထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သား ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။