Connect with us

Hi, what are you looking for?

သတင်း

ဗိုလ်မှူးဗထူးကျဆုံးခြင်းနှစ် ၈၀ ပြည့်အထိမ်းအမှတ်အဖြစ် လောင်းလုံးဒေသခံများ သွားရောက်ဂါရဝပြု

တနင်္သါရီတိုင်း၊ထားဝယ်ခရိုင်၊လောင်းလုံးမြို့နယ်တွင်ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီမှ ဦးဆောင်ပြီး ဗိုလ်မှူးကြီးဗထူးကျဆုံးခြင်းနှစ် ၈၀ ပြည့် အထိမ်းအမှတ်အဖြစ် ဗိုလ်မှူးကြီးဗထူး ရုပ်ထုရှိရာသို့ သွားရောက်ဂါရဝပြုခြင်းကို ယနေ့ (ဇွန်လ ၂) ပြုလုပ်ခဲ့သည်။

ဇွန် ၁၊၂၀၂၅။ သုည/People’s Spring

တနင်္သါရီတိုင်း၊ထားဝယ်ခရိုင်၊လောင်းလုံးမြို့နယ်တွင်ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီမှ ဦးဆောင်ပြီး ဗိုလ်မှူးကြီးဗထူးကျဆုံးခြင်းနှစ် ၈၀ ပြည့် အထိမ်းအမှတ်အဖြစ် ဗိုလ်မှူးကြီးဗထူး ရုပ်ထုရှိရာသို့ သွားရောက်ဂါရဝပြုခြင်းကို ယနေ့ (ဇွန်လ ၂) ပြုလုပ်ခဲ့သည်။

အဆိုပါ ဂါရဝပြုသည့် အစီအစဥ်တွင် လွမ်းသူပန်းခွေချခြင်း၊ ဗိုလ်မှူးကြီးဗထူးအား အလေးပြုခြင်း၊ ဗိုလ်မှူးကြီး ဗထူးအပါအဝင် မြန်မာပြည် လွတ်လပ်ရေးတိုက်ပွဲ၊ ခေတ်အဆက်ဆက် ဒီမိုကရေစီတိုက်ပွဲတို့အတွင်း အသက်ပေးခဲ့ရသည့် အာ

ဇာနည်သူရဲကောင်းများအား အောက်မေ့ဂုဏ်ပြုသောအားဖြင့် တမိနစ်ငြိမ်သက်ခြင်း တို့ကို ပြုလုပ်ခဲ့သည်။ မြန်မာ့လွတ်လပ်ရေးအတွက်တိုက်ပွဲဝင်ရင်း၁၉၄၅ခုနှစ် ၊ ဇွန်လ (၂) ရက်နေ့ ညတွင် အသက်ပေးလှူသွားခဲ့သော ထားဝယ်သားကောင်းရတနာ ဗိုလ်မှူးကြီးဗထူးကို ဂုဏ်ပြုသည့်အနေဖြင့် ၎င်းကျဆုံးခဲ့သည့် ဇွန်လ (၂) ရက်နေ့ကို “ဗထူးနေ့”အဖြစ်သတ်မှတ်ကြောင်းလည်း DSMSCကကြေညာခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်နေတယ်လို့ မြိတ်ခရိုင်အမှတ် (၃)တပ်ရင်းက ထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သား ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

အရာရှိအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် အချို့ထိခိုက်

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။