Connect with us

Hi, what are you looking for?

သတင်း

စစ်အုပ်စုက လူသားချင်းစာနာမှုအကူအညီများအား လက်နက်အဖြစ် အသုံးချမှု ရပ်တန့်ရန် လူထုလှုပ်ရှားမှု စတင်ကြောင်း အရပ်ဘက်အဖွဲ့ ၅၅ ခု ပူးတွဲကြေညာ

ငလျင်ဘေးအတွက် နိုင်ငံတကာမှ ပေးပို့သော လူသားချင်းစာနာမှူ အကူအညီများကို စစ်ကောင်စီက နိုင်ငံရေး စစ်ရေးလက်နက်အတွက် အသုံးပြုခြင်းမှကာကွယ်နိုင်ရန် “လူသားချင်းစာနာမှု အကူအညီများအား လက်နက်အနေဖြင့် အသုံးချမှု ရပ်” (STOP WoA) လှုပ်ရှားမှုကို ပြုလုပ်မည်ဟု ပြည်တွင်း၊ပြည်ပ တော်လှန်ရေးနှင့် အရပ်ဘက်အဖွဲ့အစည်း ၅၅ခု ယနေ့ ထုတ်ပြန်ကြေညာသည်။

ဓာတ်ပုံ - OCHA/Myaa Aung Thein Kyaw

ဇွန်-၃၊၂၀၂၅။ တေဇ/People’s Spring

ငလျင်ဘေးအတွက် နိုင်ငံတကာမှ ပေးပို့သော လူသားချင်းစာနာမှူ အကူအညီများကို စစ်ကောင်စီက နိုင်ငံရေး စစ်ရေးလက်နက်အတွက် အသုံးပြုခြင်းမှကာကွယ်နိုင်ရန် “လူသားချင်းစာနာမှု အကူအညီများအား လက်နက်အနေဖြင့် အသုံးချမှု ရပ်” (STOP WoA) လှုပ်ရှားမှုကို ပြုလုပ်မည်ဟု ပြည်တွင်း၊ပြည်ပ တော်လှန်ရေးနှင့် အရပ်ဘက်အဖွဲ့အစည်း ၅၅ခု ယနေ့ ထုတ်ပြန်ကြေညာသည်။

“နိုင်ငံတကာ အစိုးရများနှင့် အဖွဲ့အစည်းများမှ ပေးပို့သော လူသားချင်း စာနာအကူအညီများကို ငလျင်ဒဏ် ထိခိုက်ခံရသော ပြည်သူများထံ အမှန်တကယ် မျှတစွာ တိုက်ရိုက် ရောက်ရှိစေရန် ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်များနှင့်အတူ ပြည်သူလူထုအနေဖြင့် ယခု “STOP WoA” လူထု လှုပ်ရှားမှုတွင် မိမိတို့ ပါဝင်နိုင်မည့် နည်းလမ်းမျိုးစုံဖြင့် ပူးပေါင်းဆောင်ရွက်ရန် နှိုးဆော် တိုက်တွန်းအပ်ပါသည်” ဟု သတင်းထုတ်ပြန်ထားသည်။

ယင်းလှုပ်ရှားမှုကို အဖွဲ့အစည်း ၅၅ ဖွဲ့က ပူးပေါင်း အကောင်အထည်ဖော်မည်ဖြစ်ပြီး ဇွန်လတစ်လလုံးပြုလုပ်မည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“အထူးသဖြင့်လွတ်မြောက်နယ်မြေဖြစ်ပြီး သူတို့(စစ်ကောင်စီ)ရဲ့ ထိန်းချုပ်မှုမရှိတဲ့ဒေသတွေမှာဆိုရင် သူတို့တွေက ပြည်သူတွေဆီကိုမပေးဘဲ ထားထားနေပြီး တမင်သက်သက်ကို လက်နက်သဖွယ်အသုံးချပြီး အညှိုးတကြီးနဲ့ လူထုဆီမရောက်အောင်ပိတ်ထားတဲ့ကိစ္စတွေ။ ဒါတွေကို ကျွန်မတို့ဖော်ထုတ်ဖို့လိုတယ်။ နိုင်ငံတကာသိအောင် ပြောဖို့လိုတယ်။ ကျွန်မတို့ပြည်သူတွေသိအောင်လည်း ပြောပြရမယ် “ဟု ပူးတွဲကြေညာချက်တွင်ပါဝင်သော Progressive Voice ဥက္ကဋ္ဌ ဒေါ်ခင်ဥမ္မာက ပြောသည်။

လူသားချင်းစာနာမှု အကူအညီအတွက် စစ်အုပ်စုထံသို့ ပေးအပ်ခြင်းသည် ပြည်သူများထံသို့ ရောက်ရှိခြင်းမရှိကြောင်း နိုင်ငံတကာအစိုးရများနှင့် အဖွဲ့အစည်းများကိုအသိပေးရမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

နာဂစ် ၊ မိုခါ ၊ ရာဂီ စသည့် သဘာဝဘေးများတွင် ပြည်သူများအတွက်ကူညီမှုများကို စစ်ကောင်စီကအမြတ်ထုတ်ခဲ့သကဲ့သို့ လက်ရှိကြုံခဲ့ရသည့် စစ်ကိုင်းငလျင်ကြီး အတွက်ကူညီမှုများကို လည်း ယင်းကဲ့သို့အသုံးမပြုနိုင်ရန် ရည်ရွယ်လုပ်‌ဆောင်ခြင်းဖြစ်ကြောင်း အရပ်ဘက်အဖွဲ့များက ပူးတွဲကြေညာသည်။

အဆိုပါလှုပ်ရှားမှုနှင့်ပတ်သက်၍ နိုင်ငံတကာ အစိုးရများ၊ အာဆီယံ၊ ယူအန် အေဂျင်စီများနှင့် နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ (INGOs) များကို စည်းရုံးလှုံဆော် တိုက်တွန်းသွားမည် ဟုဆိုသည်။

ပြီးခဲ့သည့် မေလကလည်း ယခု ၅၅ဖွဲ့ထဲတွင် ပါဝင်သော သွေးစွန်းငွေအဖွဲ့က ငလျင်ဘေးလူသားချင်းစာနာမှုအကူအညီများ နိုင်ငံရေးနှင့်စစ်ရေးအတွက်မဖြစ်စေရန် WOA( Weaponization Of Aid) ကမ်ပိန်းလုပ်ခဲ့သည်။

စစ်ကောင်စီသည် လက်ရှိငလျင်ဘေးအတွက် နိုင်ငံတကာ နှင့်ပြည်တွင်းမှ လှူဒါန်းသည့် အလှူငွေကျပ် ၁၁၅ ဘီလျံကျော် နှင့် ကန်ဒေါ်လာ နှစ်သန်းကျော်ရရှိသည်ဟု ထုတ်ပြန်ထားသော်လည်း ငလျင်ဒဏ်သင့်ပြည်သူများထံသို့ ပြန်လည်လှူဒါန်းသည့် ပမာဏသည် အလွန်နည်းကြောင်း ပြည်သူများက ဝေဖန်ထားသည်။

မတ်လ ၂၈ ရက်က စစ်ကိုင်းမြို့အနီးကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့သည့် စစ်ကိုင်းငလျင်‌ကြီးကြောင့် သေဆုံးသူ လေးထောင်ကျော်အထိ ရှိခဲ့ပြီး စစ်ကောင်စီဘက်မှ အလှူငွေများရရှိထားသော်လည်း နှစ်လကျော်ကြာသည် အထိ ပြန်လည်ထူထောင်ရေးအစီအစဉ်များကို ထိထိရောက်ရောက်လုပ်ဆောင်ခြင်းမတွေ့ရပေ။

သို့သော်လည်း စစ်ကောင်စီက မတ်လ ၂၉မှ မေ ၂၂ အတွင်း ငလျင်ဘေးဒဏ် ခံစားရသည့် မန္တလေး၊ စစ်ကိုင်း၊ ပဲခူး (အရှေ့)နှင့် ရှမ်း(တောင်) အပါအဝင် ဒေသ ၁၅ခု၌ အရပ်သားပြည်သူများကို ပစ်မှတ်ထားသော လေကြောင်းဗုံးကြဲတိုက်ခိုက်မှု အကြိမ်ရေ အနည်းဆုံး ၄၁၄ ကြိမ် တိုက်ခိုက်ခဲ့ပြီး အရပ်သားကလေးငယ် ၅၉ ဦး အပါအဝင်လူဦးရေ ၃၅၀ ခန့်သေဆုံးခဲ့သည်ဟု အရပ်ဘက်အဖွဲ့များက မှတ်တမ်းတင်ထားသည်။

“စစ်အုပ်စုမှ တဆင့် ပေးပို့နေသော လူသားချင်း စာနာထောက်ထား အကူအညီ ငွေကြေးများသည် သွေးစွန်းငွေများ မဖြစ်လာစေရန် နိုင်ငံတကာ အသိုင်းအဝိုင်းမှ အထူး သတိထားရန် လိုအပ်နေပါကြောင်း မိမိတို့မှ စိုးရိမ်ကြီးစွာ သတိပေးလိုပါသည်။” ဟု အရပ်ဘက်အဖွဲ့များက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေး ဆောင်ရွက်နေသည့် အကြမ်းဖက်စစ်အုပ်စု၏ တရားမဝင် အတုအယောင် ရွေးကောက်ပွဲနှင့် အတုအယောင်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား အတူတကွရပ်တည် ဆန့်ကျင်ကြရန် တော်လှန်ရေးအင်အားစုများထံ မေတ္တာရပ်ခံ ပန်ကြားချက် တစောင်ကို ပေးပို့ခဲ့ကြောင်း NUCCနှင့် NUG တို့၏ ပူးပေါင်းကော်မတီက ယနေ့ ထုတ်ပြန်သည်။

သတင်း

တော်လှန်ရေးတပ်ဖွဲ့ရဲ့ကင်းစခန်းတခု စီးနင်းခံရကာ လက်နက်ခဲယမ်းတချို့ ဆုံးရှုံး

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ စစ်အုပ်စုရဲ့ အိမ်စီးကားတစ်စီးကို ပစ်ခတ်တိုက်ခိုက်ရာ သုံးပွင့်ဗိုလ်တစ်ဦးအပါအဝင် ၃ ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ BRAVE HEART ARMY-BHAရဲ့တာဝန်ရှိသူက​ပြောပါတယ် ။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က ပြည်သူများအပေါ် ကျူးလွန်နေသည့် အကြမ်းဖက်မှု မှတ်တမ်းများစွာ ရှိပြီး အဆိုပါ အကြမ်းဖက်မှုများအတွက် တနေ့ ပြန်လည်တာဝန်ခံရမည်ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံံး(KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက ပြောကြားသည်။

Facebook