Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ Challenge မှာ ဒိုက်အကြိမ် ၈၀ ထိုးပြီး ပါဝင်တဲ့ Rဇာနည်

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ အထိမ်းအမှတ်သားဖြစ်သူ ကင်မ်အဲရစ်ရဲ့ Challenge မှာ အဆိုတော် Rဇာနည်က ဒိုက်အကြိမ် ၈၀ ထိုးပြီးပါဝင်ခဲ့ပါတယ်။

ဇွန်-၆၊၂၀၂၅။ဆဏ်း/People’s Spring

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ အထိမ်းအမှတ်သားဖြစ်သူ ကင်မ်အဲရစ်ရဲ့ Challenge မှာ အဆိုတော် Rဇာနည်က ဒိုက်အကြိမ် ၈၀ ထိုးပြီးပါဝင်ခဲ့ပါတယ်။

“ဒီနေ့မနက် တစ်ခါကပြောဖူးတဲ့ အနယ်နယ်အရပ်ရပ် ကနေ ကျောင်းလာတတ်တဲ့ ကျောင်းတွေ အများအပြားရှိတဲ့ UCDAVIS မှာ ကျောင်းသားတွေမှာတဲ့ ပစ္စည်းတွေလိုက်ပို့ဖြစ်တယ် ပညာရေးကိုအမြဲဦးစားပေတဲ့ အမေစုကိုသတိရတာရယ် အသက် ၈၀ ပြည့်မွေးနေ့မှာ ၈၀ ပါတာ တစ် ခုခု လုပ်ဖြစ်ချင်တာရယ်ကြောင့် အမေကျန်းမာစေရန်နဲ့ အချုပ်အနှောင်မှအမြန်ဆုံးလွတ်မြောက်ရန် ဆုတောင်းရင်း ကိုခါရာ ကြီးလို ဒိုက်အခါ ၈၀ ထိုးဖြစ်ခဲ့တယ်” လို့ တော်လှန်အနုပညာရှင် R ဇာနည်က ဒိုက်ထိုးတဲ့ ဗီဒီယိုဖိုင်နဲ့အတူ သူ့ရဲ့ဖေ့စ်ဘွတ်မှာတင်ထားတာပါ။

Rဇာနည်ရဲ့ လုပ်ဆောင်မှုအတွက် သူ့ရဲ့ မိတ်ဆွေတွေနဲ့ ပရိသတ်တွေက လေးစားကြောင်း မှတ်ချက်ပေးထားကြပါတယ်။

Public Service Announcement

Public Service Announcement

“ချစ်ဖို့ကောင်းတဲ့ငါ့အစ်ကို။ ကြည့်ရင်းမျက်ရည်ဝဲရပါတယ်။ ကျေးဇူးပါ။” လို့ အဆိုတော် ဖြူဖြူကျော်သိန်းကမှတ်ချက်ရေးသားထားပါတယ်။

ဇွန် ၁၉ ရက်မှာကျရောက်မယ့် မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ အထိမ်းအမှတ်အနေနဲ့ ၈၀ နဲ့ပတ်သက်တဲ့ လှုပ်ရှားမှုတွေပြုလုပ်ဖို့ သားဖြစ်သူ ကင်မ်အဲရစ်က Challenge ခေါ်ထားတာပါ။ကင်မ်အဲရစ်ကိုယ်တိုင် ဇွန် ၁၁ ကနေ ၁၉ ရက်အတွင်း ကီလိုမီတာ ၈၀ ပြေးဖို့ ရည်ရွယ်ထားတာဖြစ်ပြီး ပြည်သူတွေကိုလည်း ပါဝင်ဖို့ တောင်းဆိုထားတာပါ။

ကင်မ်အဲရစ်နဲ့အတူ အပြေးလေ့ကျင့်ပေးနေတဲ့ သရုပ်ဆောင် ခါရာကလည်း ဇွန် ၁၁ ကနေ ၁၉ ရက်အထိ တစ်ရက်ကို ဒိုက်အကြိမ် ၈၀ ထိုးမယ်လို့ ပြောထားပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

ဒီစာက မွေးနေ့ရှင်အတွက် ရေးတဲ့စာပါ။ အခြားမွေးနေ့တွေထက် ဒီနှစ်မွေးနေ့က ထူးခြားတဲ့မွေးနေ့အခါမို့ ရေးဖြစ်တာဆိုရင်လည်း မမှားပါဘူး။

သတင်း

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ရှောက်ပင်ကျေးရွာက စစ်တပ်စခန်းတိုက်ခိုက်ရာ ၃ ဦး သေဆုံးပြီး သေနတ် ၅လက် သိမ်းဆည်းရရှိတယ်လို့ ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖ က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

လာမယ့် ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အတွက် ဗြိတိန်နဲ့ သြစ​တြေးလျမှာ ပြည်ပရောက် မြန်မာတွေက စုပေါင်းလမ်းလျှောက်ဆန္ဒပြခြင်းတွေ ဒီကနေ့ (ဇွန် ၁၅)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ပြုလုပ်မယ့် နှင်းဆီလှုပ်ရှားမှုကို ပြည်လုံးကျွတ်လှုပ်ရှားမှာဖြစ်ပြီး ပြည်သူအားလုံး ​ဘေးကင်းတဲ့နည်းလမ်း​တွေနဲ့ပါဝင်ကြဖို့ သပိတ်​ခေါင်း​ဆောင်​တွေ ၊​သပိတ်အဖွဲ့နဲ့​တော်လှန်​​ရေးအင်အားစု​တွေက နှိုး​ဆော်​ပါတယ်။