Connect with us

Hi, what are you looking for?

သတင်း

ပုလဲမြို့နယ် ကန့်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲ ပြင်းထန်နေ၊ စခန်းပိတ်ဆို့ထားနိုင်ပြီလို့ PLAပြော

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်က စစ်ကောင်စီတပ် အခိုင်အမာတပ်စွဲထားတဲ့ ကန့်ဒေါင့်ကျေးရွာက ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ဝိုင်းဝန်းပိတ်ဆို့ထားနိုင်ပြီး တိုက်ပွဲလည်းဆက်ဖြစ်နေတယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLAရဲ့ ပြောရေးဆိုခွင့်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLAရဲ့ ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ − PLA

ဇွန် ၁၁၊ ၂၀၂၅။ကိုဘီဂျီ/People’s Spring

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်က စစ်ကောင်စီတပ် အခိုင်အမာတပ်စွဲထားတဲ့ ကန့်ဒေါင့်ကျေးရွာက ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ဝိုင်းဝန်းပိတ်ဆို့ထားနိုင်ပြီး တိုက်ပွဲလည်းဆက်ဖြစ်နေတယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLAရဲ့ ပြောရေးဆိုခွင့်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

တိုက်ပွဲဖြစ်နေတဲ့ ကန်ဒေါင့်စခန်းဟာ ပုလဲမြို့ကနေ မကွေးတိုင်း ဂန့်ဂေါမြို့ကိုသွားတဲ့ လမ်းပိုင်းပေါ်မှာရှိပြီး ပုလဲမြို့နဲ့ (၁၄)မိုင်ကွာဝေးပါတယ်။ အဲဒီကျေးရွာက နယ်မြေရဲစခန်းကို စစ်ကောင်စီက တပ်စွဲပြီး အခိုင်အမာပြုလုပ်ထားတဲ့ စခန်းဖြစ်ကာ အင်အား ၁၀၀ခန့်ရှိနေတယ်လို့ PLAရဲ့ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

အဲဒီစခန်းကို PLA ဦးဆောင်ပြီး အခြားတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပြီးခဲ့တဲ့ ဇွန်လ ၂ရက်ကတည်းက စီးနင်းတိုက်ခိုက်နေတာလို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

“အခုတော့ အဲဒီစခန်းကို ဝိုင်းပိတ်ဆို့ထားပြီ။ ရဲစခန်းဆိုပေမယ့် သူတို့က အင်အားတွေ ထပ်ဖြည့်နေတာရော ကတုတ်ကျင်းတွေကအစ တပ်ပုံစံနဲ့ အခိုင်အမာလုပ်ထားတဲ့ စခန်းဖြစ်နေတာ”လို့ PLAရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

အဲဒီစခန်းကို စစ်ကောင်စီက ပျူစောထီးအားကောင်းရာ အင်းမထီးကျေးရွာကတဆင့် အင်အားတွေ ဖြည့်တင်းပို့နေတာလို့လည်း PLAရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

“လေယာဉ်နဲ့ အင်းမထီးကိုလာချတယ်။ အင်းမထီးကနေ စစ်ကြောင်းထိုးပြီး အင်အားတိုးနေတာ”လို့ ၎င်းက ဆက်ပြောပါတယ်။

မနေ့က (ဇွန်လ ၁၀ရက်)ကလည်း PLAပူးပေါင်းတပ်တွေက ကန့်ဒေါင့်စခန်းကို ထိုးစစ်ဆင်တိုက်နေချိန်မှာ လေကြောင်းတိုက်ခိုက်ဖို့လာတဲ့ စစ်ကောင်စီတပ်ရဲ့ ဂျက်ဖိုက်တာကို PLAရဲ့ ရှေ့တန်းရဲဘော်တွေက ပစ်ချခဲ့တယ်လို့ PLAရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ဇန်နဝါရီကလည်း ကန့်ဒေါင့်ရွာရဲစခန်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ပေမယ့် အပြီးသတ်မသိမ်းပိုက်နိုင်ခဲ့ပါဘူး။ အဲဒီနောက်ပိုင်းမှာလည်း တိုက်ပွဲတွေ မကြာခဏဖြစ်နေတာကြောင့် ကန့်ဒေါင့်ရွာအပါအဝင် အနီးအနားက ကျေးရွာတွေက ပြည်သူတွေဟာ ဘေးလွတ်ရာတိမ်းရှောင်နေကြရပါတယ်။

လက်ရှိမှာလည်း ကန့်ဒေါင့်ရွာအတွင်းမှာ ဒေသခံပြည်သူတွေ မရှိတော့ဘူးလို့ သိရပါတယ်။

စစ်ကောင်စီဟာ ကန့်ဒေါင့်ရွာတိုက်ပွဲအတွင်းကို ဗုံးအလုံးရေ ရာဂဏန်းသုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ PLAရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

မနေ့က ဂျက်ဖိုက်တာပစ်ချခံရအပြီးမှာလည်းကန့်ဒေါင့်ရွာနဲ့ ပုလဲမြို့ကြား တနေရာကို ဗုံးကြဲတိုက်ခိုက်ခဲ့သေးတယ်လို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

ပြီးခဲ့တဲ့ရက်ပိုင်းက ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLA က အကြီးပိုင်းတာဝန်ရှိသူ အမျိုးသမီးရဲဘော်တစ်ဦးရဲ့ Facebook အကောင့်ကနေ စမ်းရေမိုးကိုပေးကဖို့ ဇာတ်မင်းသားချမ်းသာကို တောင်းဆိုထားတဲ့ မှတ်ချက်(Comment )စကရင်ရှူတစ်ခု လူမှုကွန်ရက်မှာ ​ပြန့်လာပါတယ်။ ကွန်မြူနစ်ရဲဘော်တစ်ယောက်က စစ်အာဏာရှင်လက်အောက်က စစ်တပ်အလိုကြဝါဒဖြန့်အသုံး​တော်ခံ​နေတဲ့ ဇာတ်မင်းသားကို အားပေးနေတာနဲ့ပတ်သက်ပြီး အွန်လိုင်း​ပေါ်မှာဝေဖန်ခဲ့ကြတယ်။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်မှာ ပြည်သူ့လွတ်မြောက် ရေးတပ်မ တော်(PLA )တပ်နဲ့ မြင်းခြံခရိုင်ကွပ်ကဲရေးတပ် ပဋိပက္ခဖြစ်စဉ်မှာ PLAတပ်ဖွဲ့ တွေထောင်ထားတဲ့ မိုင်းကြောင့် PDF ၄ဦး ကျဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်စစ်ရုံးချုပ်ကထုတ်ပြန်ပါတယ် ။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်ထဲက ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့ အထိုင်စခန်း​တွေကို အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)လက်​အောက်ရှိ မြင်းခြံခရိုင် ကွပ်ကဲ​ရေးအဖွဲ့က အင်အား ၈၀ ခန့်ဖြင့် ဇွန် ၂၂ ရက်မှာ စီးနင်းခဲ့​ကြောင်း PLA ကထုတ်ပြန်ပါတယ် ။

သတင်း

​မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)က မကွေးတိုင်းအတွင်းမှာ ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်ထိခိုက်သေဆုံးမှုရှိပြီး တိုက်ခိုက်ရေးဒရုန်းတစ်စင်းအပါအဝင် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ထုတ်ပြန်ပါတယ်။