Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုနယ်၊ ဆယ်ပင်ကျွန်းပျူစခန်းကို PDF နှင့် ပကဖ တိုက်ခိုက်သိမ်းပိုက်၊ စစ်သုံ့ပန်း ၁၈ ဦး ဖမ်းမိပြီး လက်နက် ၁၀ လက်ရ

၁၀၂၇ စစ်ဆင်​ရေး နှင့် ရှမ်းမန်းစစ်ဆင်​ရေးပြန်PDF များပူး​ပေါင်းစစ်ဆင်​ရေးဖြစ်

ဖမ်းဆီးရရှိ​သော ပျူစစ်သုံ့ပန်းများ နှင့် လက်နက်ခဲယမ်းများ/ဖမ်းဆီးရမိခဲ့သောပျူများအားတွေ့ရစဥ်။ ဓာတ်ပုံ-ရွှေဘိုခရိုင် အမှတ် ၁၅ တပ်ရင်း၊ ရွှေဘိုခရိုင် PDF တပ်ရင်း-၁၈

ဇွန်-၁၄၊၂၀၂၅။​နေ့သစ်/People’s Spring

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ဆယ်ပင်ကျွန်းပျူစောထီးကျေးရွာအား တိုက်ခိုက်သိမ်းပိုက်မှုအတွင်းစစ်ကောင်စီ လက်​အောက်ခံပျူစောထီး၁၈ဦးအရှင်ဖမ်းမိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)ရွှေဘိုခရိုင် အမှတ်(၁၈) တပ်ရင်းက သတင်းထုတ်ပြန်သည်။

PDF၊ ပကဖ ပူးပေါင်းတပ်များသည် ဇွန်လ ၉ရက်မနက် ၅ နာရီခွဲတွင် ဆယ်ပင်းကျွန်းရွာရှိ စစ်ကောင်စီတပ်လက်အောက်ခံပျူစောထီးအထိုင်စန်းများကိုစတင်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲချိန် ၄၅ မိနစ်တွင်စခန်းကိုသိမ်းနိုင်ခဲ့​ကြောင်းဖော်ပြသည်။

တိုက်ပွဲတွင်ပျူစောထီး ၁ ဦး သေဆုံးခဲ့ပြီး၊ပျူစောထီးအရှင်၁၈ဦးကိုလက်ရဖမ်းဆီးရမိခဲ့ကာ၊ပျူများထံမှG3 ၂ လက်၊ကာဘိုင်၆လက်၊၁၂ဗို့ ၂လက် နှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်းဇွန်၁၄ ရက်တွင်ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအခြေအနေနှင့် လက်ရှိ စစ်ရေး အခြေအနေများနှင့်ပတ်သက်ပြီး ရွှေဘိုခရိုင် တပ်ရင်း(၁၈)အား ဆက်သွယ်မေးမြန်းရာ သတင်းထုတ်ပြန်ထားသလောက်သာ ဖြေကြား၍ ရသည်ဟု တပ်ရင်း(၁၈) ပြောရေးဆိုခွင့်ရှိသူ ကိုနေမျိုးက ပြောသည်။

စစ်ကောင်စီဘက်ကY12လေယာဉ်ဖြင့်ဗုံးသီး ၁၉လုံး ကြဲချ ပစ်ကူပေးသကဲ့သို့ အခြား ပျူစောထီးရွာများကလည်းလက်နက်ကြီးများပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊စစ်ဆင်ရေးအတွင်းညီနောင် မဟာမိတ်တပ်ရင်းများ ဘက်ကအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ရွှေဘိုခရိုင် တပ်ရင်း(၁၈)က အသိ​ပေးသည်။

“အဲဒီပျူတွေက နိုင်ရာနိုင်ရာ ဘေးပတ်ပတ်လည်ရွာတွေက ပြည်သူတွေကိုလည်း အနိုင်ကျင့်တယ်။ သူတို့လိုချင်တာအကုန်ယူတယ်။ အမျိုးသမီးတွေဆိုရင် မုဒိန်းကျင့်တယ်။…. သူတို့လက်ထဲသေနတ်ရှိတယ်ဆိုပြီး တစ်ရွာလုံးက သူတို့ကိုမထောက်ခံတဲ့သူတွေအကုန်လုံးကိုကျွန်သဘောမျိုလုပ်ဆောင်တာတွေလည်း အများကြီးရှိတယ်”​ဟု ရွှေဘိုခရိုင် အမှတ် ၁၅ တပ်ရင်း​၏တပ်ရင်းမှူး ဗိုလ်ကောက်ရိုးက ပြောသည်။

ယခုတိုက်ခိုက်ခဲ့သည့်ပျူစောထီးများသည်တရွာထဲနေ အမျိုးသမီးငယ်များကို အလိုမတူပဲမဒိန်းကျင့်ခြင်း ၊ လူသတ်ခြင်း နှင့် အခြားရွာမှ ပြည်သူများကိုလည်း ပစ်ခက်သတ်ဖြတ်ခြင်းများ ကျူလွန်ကြသည်ဟု သိရကြောင်းရွှေဘိုခရိုင်တပ်ရင်း(၁၈)က ထုတ်ပြန်သည်။

စစ်တပ်လက်အောက်ခံ ပျူရွာများ အနေဖြင့် အမြန်ဆုံးအလင်းဝင်ရန်လိုအပ်ကြောင်း ရွှေဘိုခရိုင် တပ်ရင်း(၁၈) ပြောရေးဆိုခွင့်ရှိသူ ကိုနေမျိုးက ပြောသည်။

“ပျူရွာတွေ အနေနဲ့စကစ နဲ့ဆက်လက်ပူးပေါင်း နေရင်ပြင်းထန်တဲ့အရေးယူတိုက်ခိုက်မှုကိုမကြာမီ ခံရဖို့ ရှိပြီးအချိန်မီ အလင်းဝင်ကြဖို့တိုက်တွန်း လို ပါတယ်” ဟု ကိုနေမျိုးက ပြောသည်။

အမှတ်၉၀၇၆တပ်ရင်းမှူး ကိုလက်ျာကလည်း “အဲဒီရွာကအရင်ကတော့ပျူစောထီးတွေရော၊စကစရော လာထိုင်တယ်။အခုကရေတိုးလို့မထိုင်တော့တာလို့ သိရတယ်။ယူနီဖောင်း တွေဆိုပြည်သူ့စစ်ယူနီ ဖောင်း တွေပေးထားတာရှိတယ်”ဟုပြောသည်။

ယခုတိုက်ပွဲသည် ဝက်လက်မြို့နယ်အတွင်းက ရွှေဘိုင်ခရိုင်တပ်ရင်း ၆ရင်း၏ ပထမဆုံးပူး ပေါင်းတိုက်ပွဲ၏ အောင်မြင်မှုဖြစ်ပြီး နောက်ထပ်လည်းပိုကြီး​သောအောင်ပွဲများကို ရယူ​ပေးသွားမည်ဟု ကိုလက်ျာက ပြောသည်။

တိုက်ပွဲတွင် ပါဝင်ခဲ့​သောတပ်ရင်းများသည် ၁၀၂၇ စစ်ဆင်ရေး နှင့် ရှမ်းမန်းစစ်ဆင်ရေးတွင်ရှမ်းပြည်နယ်မြောက်ပိုင်းတိုက်ပွဲများနှင့်မန္တလေးတိုင်းအတွင်းမြို့သိမ်းတိုက်ပွဲများတွင် ပါဝင်ခဲ့​သော အညာတပ်ရင်းများဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မြိတ်ခရိုင်အတွင်းစစ်ကောင်စီတပ်ဖွဲ့များ နှင့် စစ်တပ်ထောက်တိုင်များကိုတိုက်ခိုက်မှုအရှိန်မြှင့်မည်ဖြစ်၍ စစ်တပ်စခန်းများ၊ စစ်တပ်ဂိတ်အနီး​နေထိုင်​သောပြည်သူများစစ်ရေးအသိ၊စစ်ရေးသတိဖြင့် နေထိုင်သွားလာကြရန်မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းက သတိပေးချက်ထုတ်ပြန်သည်။

သတင်း

စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့မှာလျှပ်စစ်ဓါတ်အားပြတ်တောက်​နေတာတစ်ပါတ်ကျော်ကြာလာလို့ အခက်အခဲဖြစ်နေတယ်လို့မြို့ခံတွေကပြောပါတယ်။

သတင်း

စစ်ကောင်စီတပ် ဗိုလ်မှူးအပါအဝင် ၄ဦးသေ၊ ၄ဦးအရှင်ဖမ်းမိဟု PDFဗျူဟာ(၃၃)ထုတ်ပြန်

သတင်း

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်တွင် နယ်မြေချဲ့အထိုင်ချထားသည့် စစ်ကောင်စီလက်အောက်ခံ ရှမ်းနီအမျိုးသားများတပ်မတော်(SNA)၏ ကင်းစခန်းကို တိုက်ခိုက်ခဲ့ကြောင်း ကသာခရိုင်အမှတ်(၄)တပ်ရင်းက ပြောသည်။

Facebook