Connect with us

Hi, what are you looking for?

သတင်း

ပျူတဦးမိသားစုဝင် ၁၂ ဦးပါခေါ်လာပြီး ပကဖလှုပ်ရှားတပ်ရင်းထံ အလင်းဝင်

သေနတ်တစ်လက်နှင့် ခဲယမ်းများယူလာ၍ သိန်း ၅၀ ချီးမြှင့်ခံရ

လက်နက်ခဲယမ်းများယူဆောင်၍ အလင်းဝင်လာသော ပျူ​စောထီး ​ခေါ် ပြည်သူ့စစ်တဦး။ ဓါတ်ပုံ-ဧရာဒေါင်း

ဇွန်-၁၅၊၂၀၂၅။ထင်လင်း/People’s Spring

ပခုက္ကူမြို့နယ်၊အောင်သာကျေးရွာ၌စစ်ကောင်စီတပ်နှင့်ပျူစောထီးအထိုင်စခန်းတွင်ကြီးနိုင်ငယ်ညှင်းလုပ်၍ဆိုကာ ပျူစောထီးတစ်ဦး မိသားစုပါ​ခေါ်လာပြီးအလင်းဝင်လာကြောင်းပခုက္ကူ ပကဖ လှုပ်ရှားတပ်၊ တပ်ဖွဲ့(၅) ဧရာဒေါင်းတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပခုက္ကူမြို့နယ်၊မြစ်ခြေမြို့နယ်ခွဲ၊အောင်သာရွာပျူစခန်းမှ ပျူ​စောထီး (​ခေါ်)ပြည်သူ့စစ်တစ်ဦးသည် ဧရာဒေါင်းတပ်ဖွဲ့ထံချိတ်ဆက်ကာ ဇွန်လ ၁၂ ရက်နေ့က မိသားစုလိုက် အလင်းဝင်လာခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

အလင်းဝင်လာသော ပျူ​စောထီး ​ခေါ် ပြည်သူ့စစ်တဦး သယ်လာသည့်လက်နက်ခဲယမ်းများ။ ဓါတ်ပုံ-ဧရာဒေါင်း

“အပြစ်မရှိတဲ့ ပြည်သူလူထုကိုသေနက်ပြောင်းမလှည့်ချင်တာရယ်၊ပျူစောထီးစခန်းမှာကြီးနိုင်ငယ်ညှင်းလုပ်လွန်းတာကြောင့်ရယ်လို့ဆိုပါတယ်”ဟု စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်တစ်ဦး ဘက်ပြောင်းခိုလှုံလာသည့်အကြောင်းအရင်းကို ဧရာဒေါင်းတပ်ဖွဲ့တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ အလင်းဝင်ပြည်သူ့စစ်တစ်ဦးနှင့်အတူ မိသားစုဝင်များဖြစ်သော လူကြီးရှစ်ဦး၊ ကလေးလေးဦးအပြင် G3 အမျိုးအစား သေနတ်တစ်လတ်၊ ကျည်ဘောက်ရှစ်ခု၊ကျည်(၃၅၆)တောင့်၊အီကွေးမန့်တစ်စုံ၊ အီနာဂါဗုံးသီးတစ်လုံး ယူဆောင်လာခဲ့ကြောင်း၎င်းတာဝန်ရှိသူကဆက်ပြောသည်။

ထို့ကြောင့် လက်နက်ခဲယမ်းများနှင့်တကွ အလင်းဝင် ဘက်ပြောင်းခိုလှုံလာသည့်၎င်းအားဧရာဒေါင်းတပ်ဖွဲ့မှ ကျပ်သိန်း (၅၀)ချီးမြှင့်ခဲ့ကြောင်း ယင်းတပ်ဖွဲ့က အသိပေးထားသည်။

​မြစ်ခြေမြို့နယ်ခွဲ၊ အောင်သာကျေးရွာတွင် ပခုက္ကူအခြေစိုက် တပ်မ(၁၀၁)မှ စစ်ကောင်စီတပ် သားများအပါအဝင် ပျူစောထီး(ပြည်သူ့စစ်) အင်အား ၅၀ ခန့်အထိုင်ချတပ်စွဲထားပြီးဇွန်လ ၁၂ ရက် မိသားစုလိုက် ထွက်ပြေးလာသည့် ပြည်သူ့စစ်တစ်ဦး၏ အစ်ကိုဖြစ်သူသည်လည်း ပြီးခဲ့သည့် မေလအတွင်းက ဧရာဒေါင်းတပ်ဖွဲ့ထံ အလင်းဝင်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။