Connect with us

Hi, what are you looking for?

သတင်း

ပျူတဦးမိသားစုဝင် ၁၂ ဦးပါခေါ်လာပြီး ပကဖလှုပ်ရှားတပ်ရင်းထံ အလင်းဝင်

သေနတ်တစ်လက်နှင့် ခဲယမ်းများယူလာ၍ သိန်း ၅၀ ချီးမြှင့်ခံရ

လက်နက်ခဲယမ်းများယူဆောင်၍ အလင်းဝင်လာသော ပျူ​စောထီး ​ခေါ် ပြည်သူ့စစ်တဦး။ ဓါတ်ပုံ-ဧရာဒေါင်း

ဇွန်-၁၅၊၂၀၂၅။ထင်လင်း/People’s Spring

ပခုက္ကူမြို့နယ်၊အောင်သာကျေးရွာ၌စစ်ကောင်စီတပ်နှင့်ပျူစောထီးအထိုင်စခန်းတွင်ကြီးနိုင်ငယ်ညှင်းလုပ်၍ဆိုကာ ပျူစောထီးတစ်ဦး မိသားစုပါ​ခေါ်လာပြီးအလင်းဝင်လာကြောင်းပခုက္ကူ ပကဖ လှုပ်ရှားတပ်၊ တပ်ဖွဲ့(၅) ဧရာဒေါင်းတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပခုက္ကူမြို့နယ်၊မြစ်ခြေမြို့နယ်ခွဲ၊အောင်သာရွာပျူစခန်းမှ ပျူ​စောထီး (​ခေါ်)ပြည်သူ့စစ်တစ်ဦးသည် ဧရာဒေါင်းတပ်ဖွဲ့ထံချိတ်ဆက်ကာ ဇွန်လ ၁၂ ရက်နေ့က မိသားစုလိုက် အလင်းဝင်လာခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

အလင်းဝင်လာသော ပျူ​စောထီး ​ခေါ် ပြည်သူ့စစ်တဦး သယ်လာသည့်လက်နက်ခဲယမ်းများ။ ဓါတ်ပုံ-ဧရာဒေါင်း

“အပြစ်မရှိတဲ့ ပြည်သူလူထုကိုသေနက်ပြောင်းမလှည့်ချင်တာရယ်၊ပျူစောထီးစခန်းမှာကြီးနိုင်ငယ်ညှင်းလုပ်လွန်းတာကြောင့်ရယ်လို့ဆိုပါတယ်”ဟု စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်တစ်ဦး ဘက်ပြောင်းခိုလှုံလာသည့်အကြောင်းအရင်းကို ဧရာဒေါင်းတပ်ဖွဲ့တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ အလင်းဝင်ပြည်သူ့စစ်တစ်ဦးနှင့်အတူ မိသားစုဝင်များဖြစ်သော လူကြီးရှစ်ဦး၊ ကလေးလေးဦးအပြင် G3 အမျိုးအစား သေနတ်တစ်လတ်၊ ကျည်ဘောက်ရှစ်ခု၊ကျည်(၃၅၆)တောင့်၊အီကွေးမန့်တစ်စုံ၊ အီနာဂါဗုံးသီးတစ်လုံး ယူဆောင်လာခဲ့ကြောင်း၎င်းတာဝန်ရှိသူကဆက်ပြောသည်။

ထို့ကြောင့် လက်နက်ခဲယမ်းများနှင့်တကွ အလင်းဝင် ဘက်ပြောင်းခိုလှုံလာသည့်၎င်းအားဧရာဒေါင်းတပ်ဖွဲ့မှ ကျပ်သိန်း (၅၀)ချီးမြှင့်ခဲ့ကြောင်း ယင်းတပ်ဖွဲ့က အသိပေးထားသည်။

​မြစ်ခြေမြို့နယ်ခွဲ၊ အောင်သာကျေးရွာတွင် ပခုက္ကူအခြေစိုက် တပ်မ(၁၀၁)မှ စစ်ကောင်စီတပ် သားများအပါအဝင် ပျူစောထီး(ပြည်သူ့စစ်) အင်အား ၅၀ ခန့်အထိုင်ချတပ်စွဲထားပြီးဇွန်လ ၁၂ ရက် မိသားစုလိုက် ထွက်ပြေးလာသည့် ပြည်သူ့စစ်တစ်ဦး၏ အစ်ကိုဖြစ်သူသည်လည်း ပြီးခဲ့သည့် မေလအတွင်းက ဧရာဒေါင်းတပ်ဖွဲ့ထံ အလင်းဝင်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်သည် နည်းမျိုးစုံသုံးပြီး အတင်းအဓမ္မ စစ်သားစုဆောင်းထားသည့် စစ်မှုထမ်းတပ်သားသစ်များကို စစ်မြေပြင်၌ ရှေ့ဆုံးမှ တိုက်ပွဲဝင်ခိုင်းနေကြောင်း ကရင်ပြည်နယ် အောင်ဇေယျစစ်ဆင်ရေးမှ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)ထံ အလင်းဝင်ခဲ့သည့် တပ်သားသစ်များက ထွက်ဆိုသည်။

သတင်း

အမ်း-ပဒါန်းစစ်မြေပြင်တွင် စစ်မှုထမ်းသင်တန်းဆင်းများကို စစ်ကြောင်း၏ ရှေ့ဆုံးမှ တိုက်ခိုင်းပြီး ကြောက်လန့်၍ ပြန်ဆုတ်လာသူများကို ​နောက်မှစစ်သားများက သေနတ်ဖြင့် ပစ်သတ်​နေကြောင်း အာရက္ခတပ်တော်(AA)ထံ အလင်းဝင်ခဲ့သော စစ်မှုထမ်းသင်တန်းဆင်းတစ်ဦးကပြောကြားသည်။

သတင်း

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၌ ပြည်သူများ ဖိနှိပ်နေသည့် သိန်းငှက်‌ပျူစောထီးအဖွဲ့ကို မြို့ပြကြွက်ကွန်ရက်အတွင်းရှိ ပြောက်ကျားရဲဘော်များက လက်လုပ်မိုင်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း ယင်းအဖွဲ့တာဝန်ရှိသူကပြောသည်။

သတင်း

မကွေးတိုင်း၊ အမ်း-ပဒါန်းလမ်းပိုင်းရှိ စစ်ကောင်စီ၏ နတ်ရေကန်ဗျူဟာသို့ စေလွှတ်ခံရပြီး လက်နက်ခဲယမ်းများနှင့်အတူ ပြည်သူ့ဘက်ပူးပေါင်းလာသော စစ်ကောင်စီ တပ်သားသစ်တစ်ဦးသည် တော်လှန်ရေးရဲဘော်အဖြစ်ခံယူကာ စစ်တပ်ကို ပြန်လည်တိုက်ခိုက်သွားရန် ၎င်း၏ဆန္ဒအလျှောက်ရွေးချယ်ထားကြောင်း ၎င်းအားလက်ခံထားသည့် သရက်ခရိုင် အမှတ်(၄) တပ်ရင်းက အသိပေးသည်။