Connect with us

Hi, what are you looking for?

သတင်း

ဖြူးမြို့သို့အရက်သောက်သွားစဉ် စစ်သားစုဆောင်းခံရသည့် စစ်ကောင်စီတပ်သား KNLA ထံ အလင်းဝင်

စစ်ကိုင်းတံတားပေါ်ပြည်သူ၂၀ဦးအစုလိုက်ပေါ်တာဆွဲခံရစဉ် ပါဝင်ခဲ့သူလည်းအလင်းဝင်

ဇွန်-၁၄၊၂၀၂၅။ထားမြတ်/People’s Spring

ပဲခူးတိုင်း ဖြူးမြို့သို့အရက်သောက်သွားစဉ်စစ်သားများကဖမ်းဆီးပြီး စစ်သားစုဆောင်းမှုခံခဲ့ရသည့်စစ်ကောင်စီ၏တပ်မ(၅၅) လက်အောက်ခံ ခမရ(၁၁၇) တပ်မှ တပ်သား နေလင်းဦးသည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ထံ အလင်းဝင်ခဲ့သည်။

စစ်ကောင်စီ၏ကရင်ဒေသအောင်ဇေယျ စစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာသည့် တပ်သား နေလင်းဦး၏ ထွက်ဆိုချက်ကို KNLA ကဇွန် ၁၄ရက်တွင်ထုတ်ပြန်ခဲ့သည်။

“ပဲခူးတိုင်း ဖြူးမြို့မှာ အရက်သွားသောက်နေရင်းနဲ့ စစ်သား နှစ်ယောက်က လမ်းမှာတွေ့ရင်း စစ်ဆေးစရာရှိတယ်ဆိုပြီး ခေါ်သွားတာ။ ခေါ်သွားပြီး တော့ စုဆောင်းရေးကို ပို့လိုက်တာ” ဟုနေလင်းဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အလင်းဝင်ရခြင်း၏ ရည်ရွယ်ချက်ကိုလည်း “လက်နက်မကိုင်ချင်လို့၊ အိမ်ပြန်ချင်လို့”ဟု၎င်းက​ဆက်ပြောသည်။

စစ်ကောင်စီတပ်ကို ကြည်မရကြောင်းလည်း ၎င်းက ပြောသည်။ “သူတို့လုပ်နေတဲ့ လုပ်ရပ်တွေက မှန်လည်းမမှန်ပါဘူး။ ကြီးနိုင်ငယ်ညှင်းက တအားလုပ်တာ မခံနိုင်လို့ပါ” ဟုနေလင်းဦးကပြောကြားသည်။ စစ်ကောင်စီတပ်ဖွဲ့တွင်းအောက်ခြေစစ်သည်များကို ထိုးကြိတ်ကန်ကျောက်ခြင်းများ ပြုလုပ်၍ အနိုင်ကျင့်ကြကြောင်းလည်း၎င်းက ဆက်ပြောသည်။

ထိုအပြင်တပ်မ(၅၅)လက်အောက်ခံ ခမရ(၅၁၁) တပ်သားဘိုမင်းဇေယျာထွန်းမှာလည်း KNLAထံအလင်းဝင်ခဲ့သည်။

ဇနီးဖြစ်သူမီးဖွားရန်ရှိ၍အိမ်ပြန်လာစဉ်စစ်တပ်က​​​ပေါ်တာဆွဲပြီး စစ်သားစုဆောင်းခံရဟုအ​တွေ့အကြုံကိုပြောသည်။

“ရမည်းသင်းရွှေတောမှာ ရွှေလုပ်ရင်းနဲ့ မိန်းမက မွေးမှာ ဆိုပြီး ပြန်လာတဲ့ စစ်ကိုင်းတံတားပေါ်မှာ ပေါ်တာဆွဲခံရတယ်။အကုန်လုံး ၂၀ ( အမျိုးသား ၂၀ )အဆွဲခံရတာ”ဟုဘိုမင်းဇေယျာထွန်းကပြောသည်။

စစ်ကောင်စီ၏ တပ်မ(၃၃)ထဲသို့ ခေါ်ဆောင်သွားပြီး ထိုမှတဆင့် ဟိုပုံးစစ်သင်တန်းကျောင်းသို့ ပို့ဆောင်ခံရဟု သိရသည်။

“တပ်ထဲမှာလည်းမလုပ်ချင်ဘူး။ တိုက်ရခိုက်ရတာ ဝါသနာမပါဘူး။ ကိုယ့်မိသားစုနဲ့ကိုယ် အေးအေးဆေးနေချင်လို့ အလင်းဝင်လာတာ” ဟုဘိုမင်းဇေယျာထွန်းက ပြောသည်။

အပြစ်မဲ့ ပြည်သူများ ဒုက္ခရောက်အောင်လုပ်နေသည့်စစ်ကောင်စီ၏ လုပ်ရပ်ကိုမကြိုက်ကြောင်း တပ်သား ဘိုမင်းဇေယျာထွန်းက ပြောပြီး ၎င်း၏ သူငယ်ချင်းများလည်း တိုက်ပွဲ၌ ကျဆုံးခဲ့ရဟု ပြောသည်။

ပြည်သူများစစ်ဖိနပ်အောက်ကရုန်းထွက်လိုကြ၍ တော်လှန်ရေးတပ်များ ရှိနေခြင်းသည် အလွန်ကောင်းသည်ဟုလည်း ဘိုမင်းဇေယျာထွန်းက ပြောသည်။

စစ်ကောင်စီတပ်သည်နိုင်ငံတဝန်းဒေသအသီးသီး၌ စစ်ရေးရှုံးနိမ့်ပြီး စစ်အင်အားပြုန်းတီးမှုများ ဖြစ်ပေါ်လျက်ရှိရာ စစ်မှုထမ်း ဥပဒေကို အသုံးချပြီး လူငယ်လူရွယ်များကို နည်းမျိုးစုံဖြင့် စစ်သားစုဆောင်းကာ ရှေ့တန်းစစ်မြေပြင်များသို့ ပို့ဆောင်လျက်ရှိသည်။ တိုက်ပွဲများတွင်လည်း အဆိုပါ စစ်မှုထမ်း တပ်သားသစ်များကို ရှေ့တန်းက လူသားဒိုင်းအတွင် စစ်တိုက်ခိုင်းကြောင်းလည်း စစ်သားများ တော်လှန်ရေးတပ်ဖွဲ့များထံ အလင်းဝင်လာစဉ် တပ်တွင်း ဖိနှိပ်မှုအခြေအနေများကို ပြောပြကြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဒေသ စတင်တည်ထောင်တဲ့ (၅) နှစ်ပြည့်မြောက် အထိမ်းအမှတ် အခမ်းအနားကို ဒီကနေ့ စက်တင်ဘာ ၁၇ရက်မှာ ကျင်းပခဲ့ကြောင်း အမှတ်(၁) စစ်ဒေသက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေထံ အလင်းဝင်တာ၊ လက်နက်ချတာတွေ ဆက်လက်ရှိနေပြီး စက်တင်ဘာပထမပတ်အတွင်းမှာ အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်း စစ်သားနဲ့ ရဲ၊ ပြည်သူ့စစ် စုစုပေါင်း ၁၂၈ဦး ရှိဟု ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ပါတယ်။