Connect with us

Hi, what are you looking for?

သတင်း

ကျောက်ကြီးနယ် အုန်းပင်စုရွာရှိ စစ်တပ်စခန်းကို တော်လှန်​ရေးအဖွဲ့သိမ်းပိုက်

ပဲခူးတိုင်းကျောက်ကြီးမြို့နယ်၊အုန်းပင်စုရွာအခြေစိုက် စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီဘက်က သေဆုံးထိခိုက်ရှိခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းရခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အထူးကွန်မန်ဒိုတပ်ရင်း P29914က ယနေ့ သတင်းထုတ်ပြန်သည်။

သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများ။ ဓါတ်ပုံ-PDFအထူးကွန်မန်ဒိုတပ်ရင်း P29914

စစ်သားအ​လောင်း ၈ ​လောင်း​တွေ့ပြီး လက်နက်ခဲယမ်းများရ

“ရန်သူကို ရန်သူလိုပဲ ဆက်ဆံမယ်။ အဲဒီမတိုင်ခင်မှာ သူတို့တွေအမြန်ဆုံးလက်နက်ချပါ အလင်းဝင်ပါ”
− အထူးကွန်မန်ဒိုတပ်ရင်း တာဝန်ရှိသူ

ဇွန်-၁၅၊၂၀၂၅။ထားမြတ်/People’s Spring

ပဲခူးတိုင်းကျောက်ကြီးမြို့နယ်၊အုန်းပင်စုရွာအခြေစိုက် စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီဘက်က သေဆုံးထိခိုက်ရှိခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းရခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အထူးကွန်မန်ဒိုတပ်ရင်း P29914က ယနေ့ သတင်းထုတ်ပြန်သည်။

အုန်းပင်စုရွာတွင်အထိုင်ချတပ်စွဲထားသော အင်အား (၃၀)ကျော်ရှိ စစ်ကောင်စီတပ်အား ဇွန်လ ၆ ရက်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၈)၊ တပ်ရင်း(၉)၊ အာဠာဝကစစ်ကြောင်း ၊ ၃၇၀၂တပ်ရင်း ၊ရန်ကုန် ပကဖ ၊ဧရာဝတီပကဖ တို့ နှင့် အတူ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်​ကြောင်း အထူးကွန်မန်ဒိုတပ်ရင်း P29914 က အသိပေးသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအစတွင်အပြန်အလှန်ပစ်ခတ်မှုရှိသော်လည်းနောက်ပိုင်းတွင် စစ်သားများ ထွက်ပြေးသွားဟုအထူးကွန်မန်ဒိုတပ်ရင်းတာဝန်ရှိသူက ပြောသည်။

“စစ်ရေးအခြေအနေကတော့အပြန်အလှန်တင်းမာနေတဲ့အခြေအနေပေါ့။ လက်ရှိမှာတော့ သိမ်းပိုက်ရရှိခဲ့တဲ့နေရာကိုတော့ ကျနော်တို့ အပြီးအပိုင်ထိန်းချုပ်လိုက်ပြီပေါ့နော်” ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။

အုန်းပင်စုရွာတိုက်ပွဲတွင်နတ်သံကွင်းမြို့နှင့် ကျောက်ကြီးမြို့ရှိ စစ်စခန်းများမှ လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့ကြောင်း၊ တိုက်ပွဲအတွင်း ရန်သူအလောင်း (၈)လောင်းတွေ့ရှိခဲ့ပြီး ဒဏ်ရာရသူ အများအပြား ရှိနိုင်ကြောင်း ထုတ်ပြန်သည်။

တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှရဲဘော်၄ဦးဒဏ်ရာရရှိခဲ့ဟု အသိပေးသည်။

တိုက်ပွဲအတွင်း RPG 7 – ၁လက်၊ MA11 – ၁ လက်၊ G3 ကျည် – ၅၈၀ တောင့်၊ ၄၀မမ -၁၀လုံး၊ RPG ပိုယမ်း၁၁ခု၊ RPG အသီး၉ လုံး၊ MA ခွင်းဗုံး ၇ လုံး၊ ၊ လက်ပစ်ဗုံး၅လုံး၊ ၁၄မိုင်း ၇လုံး၊ ရှေ့ထွက်မိုင်း၃လုံး၊ MA ကျည်ဘောက် ၃ဘောက်၊ မိုင်းရှာစက် – (၁)လုံး စစ်အသုံးဆောင်ပစ္စည်းများသိမ်းဆည်းရရှိခဲ့ဟု ဖော်ပြသည်။

ဒေသတွင်း စစ်ရေး အခြေအနေမှာ စစ်ကောင်စီဘက်က ပြန်လည်ထိုးဖောက်ရန် ပြင်ဆင်နေသကဲ့သို့ လက်နက်ကြီးများဖြင့်လည်း အမြဲတမ်းလိုလို ပစ်ခတ်ပြီး လေကြောင်း လာရောက်မှုလည်းရှိသည်ဟု အထူးကွန်မန်ဒိုတပ်ရင်းတာဝန်ရှိသူက ပြောသည်။စစ်ရေး ပိုပြင်းလာမည့် အလားအလာရှိ၍ ပြည်သူများ ဘေးလွတ်ရာ တိမ်းရှောင်စေလိုကြောင်း ၎င်းက ပြောသည်။

ယခုနောက်ပိုင်းတွင် စစ်ကောင်စီတပ်က ပြည်သူ့စစ်မှုထမ်း တပ်သားသစ်များကို ပိုမိုအသုံးပြုလာကြောင်း၊ ယခင်တိုက်ပွဲများ၌ နယ်မြေများရယူရာတွင် တိုက်ခိုက်ရသည်မှာခဲယဉ်းသော်လည်း ယခုအခါ ယခင်ကဲ့သို့ ခဲရာခဲစစ် တိုက်ယူရသည့် အခြေအနေမျိုးမရှိတော့ဟု အထူးကွန်မန်ဒိုတပ်ရင်း တာဝန်ရှိသူက ပြောသည်။

“ ဘာကြောင့်လဲဆိုသူတို့ကပြည်သူ့စစ်တွေကို အများအပြားသုံးလာတယ်။ တကယ်စစ်ရေးအတွေ့အကြုံရှိတဲ့သူတွေပါတယ်ဆိုရင်လည်း အများဆုံးမှ တယောက်နှစ်ယောက်အပြင် ပိုမပါတဲ့အတွက်ပြည်သူ့စစ်တွေချည်းပဲဖြစ်နေတဲ့အတွက် တိုက်ခိုက်တဲ့နေရာမှာ အလွယ်တကူပဲ စခန်းတွေကို ကျနော်တို့က ရရှိတဲ့အနေအထားမှာရှိပါတယ်”ဟု အထူးကွန်မန်ဒို တပ်ရင်းတာဝန်ရှိသူကပြောသည်။

ပြည်သူ့စစ်မှုထမ်းများအပါအဝင် စစ်ကောင်စီ တပ်သားများ အနေဖြင့်တိုက်ပွဲမဖြစ်မီ လက်နက်ချ အလင်းဝင်ရန် လိုအပ်ကြောင်းလည်း ၎င်းက သတိပေးသည်။

“ပြည်သူ့စစ်တွေ စစ်မှုထမ်းတွေအနေနဲ့တော့ကျနော်တို့ကတော့ ရန်သူကို ရန်သူလိုပဲ ဆက်ဆံမယ်။ အဲဒီမတိုင်ခင်မှာ သူတို့တွေအမြန်ဆုံးလက်နက်ချပါ အလင်းဝင်ပါ” ဟုအထက်ပါတာဝန်ရှိသူက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃)နယ်မြေ လယ်ဒို(ကျောက်ကြီး) မြို့နယ်အတွင်း စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့လို့ ကလေးတစ်ဦးအပါအဝင် ပြည်သူလူထုသေဆုံးထိခိုက်မှု ထပ်မံ ဖြစ်ပေါ်ခဲ့ကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးအဖွဲ့တွေအချင်းချင်းပွတ်တိုက်မှု ပိုများလာတာကို အချိန်မီပြင်ဆင်ဖို့လိုပြီး ဘုံရန်သူ စစ်အာဏာရှင်ကိုမမေ့ဖို့ ကယန်းအမျိုးသားတပ်မတော်(KNA)ဥက္ကဌ ခွန်းဗဟန်းထန်က သတိပေးပြောလိုက်ပါတယ်။

သတင်း

နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် ရည်ရွယ်တဲ့ Blue Shirt ကမ်ပိန်းမှာ ပြည်သူတွေနဲ့အတူ မြေပြင်တော်လှန်ရေးအဖွဲ့တွေလည်း ပါဝင်နေကြပါတယ်။

သတင်း

တိုက်ပွဲပြင်းထန်နေတဲ့ ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ ၂ရက်အတွင်း စစ်ကောင်စီတပ်ရှေ့တန်းစခန်း ၆ခုကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊KPDF ပူးပေါင်းတပ်က သိမ်းယူထားပြီး ဒီ‌နေ့ ဧပြီ ၃ရက်မှာလည်း စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲနေပါတယ်။

Facebook