Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည် နဲ့ သမ္မတဦးဝင်းမြင့်တို့ရဲ့ တရားခွင် ရုပ်သံ ထွက်လာ

စစ်ကောင်စီ က မတရား ဖမ်းဆီးအကျဉ်းချထားတဲ့ သမ္မတ ဦးဝင်းမြင့် နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို စစ်ကောင်စီ ရဲ့ တရားခွင်မှာတွေ့မြင်ရတဲ့ CCTV ရုပ်သံမှတ်တမ်း အချို့ကို ဗြိတိန်အခြေစိုက် The Guardian သတင်းစာက ဖော်ပြလာပါတယ်။

ဇွန် – ၁၈ ၊၂၀၂၅ /People’s Spring

စစ်ကောင်စီ က မတရား ဖမ်းဆီးအကျဉ်းချထားတဲ့ သမ္မတ ဦးဝင်းမြင့် နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို စစ်ကောင်စီ ရဲ့ တရားခွင်မှာတွေ့မြင်ရတဲ့ CCTV ရုပ်သံမှတ်တမ်း အချို့ကို ဗြိတိန်အခြေစိုက် The Guardian သတင်းစာက ဖော်ပြလာပါတယ်။

၁ မိနစ်နဲ့ ၁၂ စက္ကန့် ကြာမြင့်တဲ့ အဲဒီ ရုပ်သံမှတ်တမ်းမှာ ၂၀၂၂ ခုနှစ် ၊ သြဂုတ် ၂၂ရက် က တရားခွင်နဲ့ ၂၀၂၂ ခုနှစ် ၊ ဒီဇင်ဘာ ၁၂ရက် က တရားခွင် မြင်ကွင်းအချို့ပါဝင်ပါတယ်။

ရုပ်သံ အရ တရားခွင်အဖြစ် ပြုလုပ်ထားတဲ့အခန်းထဲမှာ သမ္မတ ဦးဝင်းမြင့် နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ကိုတွေ့မြင်ရပြီး တစ်ဖက်တစ်ချက် မှာ ရဲ နှစ်ဦး အစောင့်ချထားပါတယ်။

Public Service Announcement

Public Service Announcement

https://www.facebook.com/LuduNwayOo/videos/1218098649473938

တရားခွင်နှစ်ခုလုံးမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို အဖြူရောင်ဆွယ်တာလက်ရှည် ၊ အနက်ရောင်လုံချည်ဝတ်ဆင်ထားတာတွေ့ရပြီး ပန်းမပန်ထားပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဖခင်ဖြစ်သူ မြန်မာ့လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးတဲ့ ဇူလိုင်လ ၁၉ ရက် အာဇာနည်နေ့အခမ်းအနားက လွဲရင် ပုံမှန်အားဖြင့်ပန်းပန်လေ့ရှိပါတယ်။

ရုပ်သံမှာပါတဲ့ ၂၀၂၂ ခုနှစ် ၊ ဒီဇင်ဘာ ၁၂ရက် က တရားခွင် မှာတော့ NLD အစိုးရလက်ထက်က ဒုတိယသမ္မတ ခန့်အပ်တာဝန်ပေးခံရသူ ဦးဟင်နရီဗန်ထီးယူ သက်သေအဖြစ်လာရောက်ထွက်ဆိုတာကိုတွေ့ရပါတယ်။

အာဏာသိမ်းပြီးနောက် ၂ နှစ်ခွဲခန့် လူမြင်ကွင်းကနေ ပျောက်ကွယ်နေတဲ့ ဦးဟင်နရီဗန်ထီးယူ ကို ၂၀၂၃ ခုနှစ်အတွင်း စစ်ကောင်စီရဲ့ ကာလုံအစည်းအဝေးမှာ ပြန်တွေ့ရပေမယ့် သိပ်မကြာခင်မှာပဲ သူ့ကိုလည်း စစ်ကောင်စီက ဒုသမ္မတ ရာထူးကနေ အနားပေးလိုက်တယ်လို့ ကြေညာခဲ့ပါတယ်။

စစ်ကောင်စီဟာ မတရားဖမ်းဆီးအကျဉ်းချထားတဲ့ သမ္မတ ဦးဝင်းမြင့် ၊ နိုင်ငံတော်အတိုင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ ရဲ့ ဓာတ်ပုံမှတ်တမ်းတွေကို အာဏာသိမ်းပြီးနောက်ပိုင်း တရားခွင် မှတ်တမ်းပုံ တစ်ပုံက လွဲရင် ထုတ်ပြတာမရှိပါဘူး။

လူထုခေါင်းဆောင်ရဲ့ ကျန်းမာရေးအခြေအနေ နဲ့ ဘယ်မှာ အကျဉ်းချထားတယ်ဆိုတာကိုလည်း အများပြည်သူကို အသိပေးတာမရှိပါဘူး။

စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကို အမှု ၁၉ ခုနဲ့ ထောင်ဒဏ် ၃၃ နှစ် ၊ သမ္မတ ဦးဝင်းမြင့်ကို အမှု ၈ ခုနဲ့ ထောင်ဒဏ် ၁၂ နှစ်ချထားတာပါ။

ရုပ်သံ – The Guardian

ဆက်စပ်သတင်းများ

ကဗျာ

-​အောင်​စေ​နွေဦး အမေအို ကနိုင်ငံတော်ကိုနောက်တွဲဆံထုံးလေးလုပ်ပြီးထုံးထားတယ်၊အဲဒီ နောက်တွဲ ဆံထုံးလေးကိုပန်းလေးတွေ ချိတ်တွဲ ပန်ဆင်ပေးထားတယ်၊လှလှပပ မွှေးမွှေးပျံ့ပျံ့ သေသေသပ်သပ်နီနီရဲရဲ တင့်တင့်တယ်တယ် ကြွကြွရွရွသူမကျန်းမာပါစေသက်ရှည်ပါစေအနာကင်းပါစေမသူတော်ဘေး ဝေးပါစေ။ ၁၉၊ ဇွန်၊ ၂၀၂၆ Views: 11

ဆောင်းပါး

ကဖေး/People’s Spring သန့်ရှင်းသော ထိုဝန်းကျင်တွင် ပန်းရနံ့တို့ပိုသင်းပျံ့နေသည်။ ရွာဦးထိပ်က ယာယီစာသင်ကျောင်းဆီလှမ်းလာနေသော ကျောင်းဆရာမလေး၏ ဦးခေါင်းထက်မှာ နှင်းဆီပန်းနီနီရဲရဲက ဟန်ကျပန်ကျ လှပနေသည်။ ရွာလမ်းတလျှောက်တွေ့မြင်နေရသူတိုင်း၏ ဦးခေါင်းထက်မှာလည်း နှင်းဆီပန်းနှင့်အခြားသော အလျဉ်းသင့်ရာပန်းတွေ ပန်ဆင်ထားကြသည်။ ကြိုးသိုင်းလွယ်အိပ်လေးတွေ အဆင်ပြေသလိုလွယ်ထားကြသောကျောင်းသားကျောင်းသူလေးတွေလက်ထဲမှာလည်း နှင်းဆီပန်းလေးတွေ ကိုင်ထားကြပြန်သည်။ ပန်းရနံ့တို့သင်းထုံနေသောရွာလမ်းလေးအတိုင်းကျောင်းဆရာမလေး ဒေါ်နှင်းဆီ(အမည်လွှဲ)က ကျောင်း...

သတင်း

မြန်မာ့နိုင်ငံရေးပြဿနာများ ငြိမ်းချမ်းစွာပြေလည်စေရေးအတွက် အထူးဦးစားပေးလုပ်ငန်းစဉ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ လွတ်မြောက်ရေး အဓိကထား ကြိုးပမ်း ဆောင်ရွက်ပေးကြဖို့ မိတ်ဆွေနိုင်ငံတွကို မေတ္တာရပ်ခံတိုက်တွန်းကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)နဲ့ ပြည်နယ်၊ တိုင်းလွှတ်တော်၊ အစိုးရတွေက ဒီကနေ့မှာ ပူးပေါင်း ထုတ်ပြန်လိုက်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။