Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ဆုတောင်းဗီဒီယို ရှစ်သောင်းပြည့်ပြီ

ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ရောက်ရန် တစ်ရက်အလိုတွင် မွေးနေ့ ဆုတောင်း ဗီဒီယို ဖိုင် ရှစ်သောင်းပြည့်ပြီဖြစ်‌ ကြောင်း ယင်းကမ်ပိန်းကိုလုပ်‌ ဆောင်သည့် Suu 80 Birthday Campaign က အသိပေးထားသည်။

ဂင်းနစ်မှတ်တမ်းဝင်ရန် အတွက် ယခင်စံချိန်သည် ဗီဒီယိုဖိုင်သုံးသောင်းကျော်ဖြစ်ပြီး လက်ရှိတွင်ယင်းပမာဏ၏ နှစ်ဆကျော်ရရှိခြင်းဖြစ်

​မွေး​နေ့ဆု​တောင်းများကိုဇွန် ၁၉ ရက်အထိဆက်လက်​ပေးပို့နိုင်​ကြောင်းကန်ပိန်းကအသိ​ပေး

ဇွန် -၁၈၊၂၀၂၅။တေဇ/People’s Spring

ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ရောက်ရန် တစ်ရက်အလိုတွင် မွေးနေ့ ဆုတောင်း ဗီဒီယို ဖိုင် ရှစ်သောင်းပြည့်ပြီဖြစ်‌ ကြောင်း ယင်းကမ်ပိန်းကိုလုပ်‌ ဆောင်သည့် Suu 80 Birthday Campaign က အသိပေးထားသည်။

Public Service Announcement

Public Service Announcement

“အမေ့မွေးနေ့မတိုင်ခင် ၁ ရက်အလိုမှာ မွေးနေ့ဆုတောင်း၈၀,၀၀၀ပြည့်သွားပါပြီပါဝင်ဆုတောင်းပေးသူများအားလုံးနှင့် ဆုတောင်းများကို ရရှိအောင်ကူညီပေးကြသူများအားလုံးကို ကင်မ် နှင့် ကမ်ပိန်းဖြစ်မြောက်ရေးကော်မတီမှကျေးဇူးအထူးတင်ရှိပါသည်ခင်ဗျာ”ဟုယင်းပေ့ခ်ျ၌ရေးသားထားသည်။

ယင်းအစီအစဉ်ကို ဇွန် ၁၉ ရက်တွင်ကျရောက်မည့်‌ ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် ဂင်းနစ်မှတ်တမ်းတင်နိုင်ရန် အတွက် ရည်ရွယ်ခဲ့ခြင်းဖြစ်ပြီး ဗီဒီယိုဖိုင်များကို ဇွန် ၁၉ ဗြိတိန်စံတော်ချိန် ည ၁၁ နာရီ (မြန်မာ ဇွန် ၂၀ ၊ နံနက် ၄ နာရီခန့် )အထိ လက်ခံမည်ဟု ကြေညာထားသည်။ ​နောက်ဆုံးချိန်မတိုင်ခင် တစ်ရက်ခွဲခန့်အလိုမှာပင် ​မွေး​နေ့ဆု​တောင်းဗီဒီယို ၈၀၀၀၀ ပြည့်ခဲ့ခြင်းဖြစ်သည်။

ဗီဒီယိုဖိုင်လက်ခံခြင်းကို ဇွန် ၄ ရက်တွင်စတင်ခဲ့ခြင်းဖြစ်ပြီး လေးရက်ခန့်ကြာသည်အထိ ဗီဒီယိုဖိုင် ငါးထောင်ခန့်သာရရှိခဲ့သော်လည်း နောက်ပိုင်းတွင် ဗီဒီယိုဖိုင်များ တစ်ရက်လျှင် တစ်သောင်းခန့် အထိပေးပို့လာခြင်းဖြစ်သည်။

ဗီဒီယိုဖိုင် ရှစ်သောင်းပြည့်သွားသော်လည်း ဗီဒီယိုဖိုင်များကို ဆက်လက် ပေးပို့နိုင်ကြောင်း ယင်း အစီအစဉ်ကို ကူညီလုပ်ဆောင်ပေး‌နေသည့်ကလိုစေးထူးကအသိပေးထားသည်။

ဂင်းနစ်မှတ်တမ်းဝင်ရန် အတွက် ယခင်စံချိန်သည် ဗီဒီယိုဖိုင် သုံးသောင်းကျော်ဖြစ်ပြီး လက်ရှိတွင် ယင်းပမာဏ၏ နှစ်ဆကျော်ရရှိနေသောကြောင့်ဂင်းနစ်မှတ်တမ်းအတွက် သေချာနေပြီဖြစ်သည်။

“အမေ့အတွက်မွေးနေ့ဆုတောင်းများကို မူလသတ်မှတ်ထားသည့် ၁၉ ရက်နေ့ အထိဆက်လက် ပေးပို့နိုင်ကြပါတယ်ခင်ဗျာ”ဟု Suu 80 Birthday Campaign က အသိပေးထားသည်။

သို့သော်လည်း အစပိုင်းတွင် ဆုတောင်း‌ပေးသူများ၏ လုံခြုံရေးအခြေအနေအရ Mask တပ်၍ ပေးပို့ခြင်း ၊ အသံမပီသသလိုဖြစ်ခြင်း စသည့် အကြောင်းအရာများကြောင့် ပယ်ချခံရနိုင်သည့် ဗီဒီယိုများလည်းရှိနိုင်သည်ဟု ဆိုသည်။

“ပြည့်တယ်ဆိုပေမယ့်လည်းသတ်မှတ်အချိန်ကာလအထိဗွီဒီယိုတွေဆက်ပြီးပေးပို့သွားကြဦးမှာပါ။” ဟုကလိုစေးထူးကပြောသည်။

“လုံခြုံရေး အပိုင်းနဲ့ ပတ်သက်ရင် ကျွန်တော်တို့ဘက်အခြမ်းကလည်း၁၀၀% အာမခံပြီးမကျိုးပေါက်အောင် ဆောင်ရွက်ပေးမှာ ဖြစ်သလို ကာယကံရှင်ဘက် အခြမ်းကလည်း မိမိ လုံခြုံရေး အတွက် ကိုယ်တိုင် ပူးပေါင်းရမယ့် အချက်တွေကို ဆောင်ရွက်ကြမယ်..လို့ ယုံပါတယ်။ ဒီဘက်မှာ စာရင်းသွင်းပေး ပြီးတာနဲ့ Chat listတွေဖျက်ပါ။ ဖုန်းထဲမှာပါ ဖျက်ပါ။” ဟု ကလိုစေးထူးက အသိပေးထားသည်။

မွေးနေ့ဆုတောင်း ဗီဒီယို ရှစ်သောင်း ကမ်ပိန်းသည် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ် သားဖြစ်သူ ကိုထိန်လင်း(ခ) ကင်မ်အဲရစ် ဦးဆောင်ပြုလုပ်သည့် ကမ်ပိန်းများထဲမှ တစ်ခုဖြစ်သည်။

ကင်မ်အဲရစ်က မိခင်ဖြစ်သူ၏ အသက် ၈၀ ပြည့်မွေးနေ့ဖြစ်သောကြောင့် ၎င်းကိုယ်တိုင် ၈ ရက်အတွင်း ကီလိုမီတာ ၈၀ ပြေးသည့် စိန်ခေါ်မှုပြုလုပ်နေပြီး ပြည်သူများကိုလည်း ၈ ဂဏန်းနှင့်ပတ်သက်သည့် လှုပ်ရှားမှုများပြုလုပ်ရန် တောင်းဆိုထားသည်။

ထို့ကြောင့် ပြည်သူများဘက်ကလည်း အကြိမ် ၈၀ ဒိုက်ထိုးခြင်း ၊ ကဗျာ အပုဒ်ရေ ၈၀ ရေးခြင်း စသဖြင့် ရှစ်ဆယ်နှင့်ပတ်သက်သည့် လှုပ်ရှားမှုများ ပြုလုပ်ခဲ့သည်ကို လူမှုကွန်ရက်၌ တင်ထားသည်ကိုတွေ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

ဆောင်းပါး

“နိုင်ငံတစ်နိုင်ငံရဲ့ အမှန်တကယ်အခြေအနေကို သိချင်ရင် အဲဒီနိုင်ငံရဲ့ ထောင်တွေထဲကို ဝင်ကြည့်ရမယ်”

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်တို့ ဩဂုတ် ၃ရက် တွေ့ဆုံမှုကို ကြိုဆိုကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အပြည့်အ၀ ပြန်လွှတ်ပေးရန် တောင်းဆိုချက်ကို ထပ်လောင်းအတည်ပြုတယ်လို့ ဥရောပသမဂ္ဂက ထုတ်ပြန်ပါတယ်။

သတင်း

​ဒေါ်​အောင်ဆန်းစုကြည် နဲ့ ICRC ​တွေ့ဆုံမှုဟာသူမအသက်ရှင်လျက်ရှိ​ကြောင်းအတည်ပြုနိုင်တဲ့သက်​သေအ​ထောက်အထား​ဖြစ်​ပေမယ့် ထိုလုပ်ရပ်တစ်ခုတည်းဖြင့်မလုံ​လောက်ဘဲ ​ဒေါ်​အောင်ဆန်းစုကြည်အပါအဝင် မတရား ဖမ်းဆီးခံထားရသူ​တွေအားလုံးကို ချက်ချင်းပြန်လွှတ်​ပေးရန် ဗြိတိန် အစိုးရကဒီက​​နေ့ ထပ်မံ​တောင်းဆိုလိုက်ပါတယ် ။