Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်အသက် ၈၀နှစ်ပြည့်အတွက် ကာကွယ်ရေးဝန်ကြီးနှင့် PDF များ မွေးနေ့ဆုတောင်း စကားပြောကြား

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အသက်(၈၀)နှစ်ပြည့် မွေးနေ့ဆုတောင်းစကားများကို အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးရည်မွန်နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော်များက ဆုတောင်းစကား ပြောကြားမှုများ ပြုလုပ်ခဲ့ကြသည်။

“စစ်အုပ်စုရဲ့ လူမဆန်မှုကို ကောင်းကောင်းသိထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ အကြမ်းဖက်စစ်ကောင်စီဆီက ဘယ်လို သနားငဲ့ညှာမှုမျိုးကိုမှ မျှော်လင့်လိမ့်မယ် မဟုတ်ပါဘူး။ သူမျှော်လင့်မှာကတော့ ပြည်သူ့တော်လှန်ရေးရဲ့ အောင်ပွဲပဲ ဖြစ်ပါတယ်”

– ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်

ဇွန်-၁၈၊ ၂၀၂၅။ ထားမြတ်၊ဇော်ရမ်း/People’s Spring

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အသက်(၈၀)နှစ်ပြည့် မွေးနေ့ဆုတောင်းစကားများကို အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးရည်မွန်နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော်များက ဆုတောင်းစကား ပြောကြားမှုများ ပြုလုပ်ခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မနက်ဖြန် ဇွန်လ ၁၉ရက်တွင် အသက် ၈၀ နှစ် ပြည့်မြောက်မည်ဖြစ်ရာ ပြည်သူများ၊ တော်လှန်ရေးသမားများက မွေးနေ့အကြို ဆုတောင်းစကားများ ပြောကြားခဲ့ကြခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် အသက် ၈၀ ပြည့် မွေးနေ့ပွဲကို အကြမ်းဖက်စစ်ကောင်စီ၏ အကျဉ်းစခန်းတစ်ခုထဲ၌ ဖြတ်သန်းရဖို့ရှိနေပြီး ယင်းအချိန်တွင် မြန်မာပြည်သူများကလည်း ၎င်းတို့ ချစ်သည့် ဒေါ်အောင်ဆန်းစုကြည်ကို အထူးတလည် လွမ်းဆွတ်နေကြကြောင်း ဝန်ကြီးဦးရည်မွန်က ပြောသည်။

Public Service Announcement

Public Service Announcement

“မေတ္တာဆိုတာ အသွားအပြန် ရှိတယ်ဆိုတဲ့စကားလိုပဲ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်သူအပေါ်ထားတဲ့ မေတ္တာကို ပြည်သူက တုန့်ပြန် ရောင်ပြန်ဟပ်ခဲ့တာပဲ ဖြစ်ပါတယ်။ မနာလို ဝန်တိုစိတ် အင်မတန်ကြီးပြီး ပြည်သူကို ရန်သူလို မှတ်ယူလေ့ရှိတဲ့ စစ်အုပ်စုကတော့ ပြည်သူက ဒေါ်အောင်ဆန်းစုကြည်ကို ချစ်လေ သူတို့က ဒေါ်အောင်ဆန်းစုကြည်ကို မုန်းတီးလေ ဖြစ်ပါတယ်။ ဘာ့ကြောင့် အခုထိ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်မပေးသေးတာလဲ။ သေချာပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အကျဉ်းထောင်ပြင်ပက ပြည်သူတွေရဲ့ အရေးတော်ပုံကြီးနဲ့ တသားတည်း ရပ်တည်နေတဲ့အတွက်ပဲ ဖြစ်ပါတယ်” ဟု ဝန်ကြီး ဦးရည်မွန်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပြည်သူ့ အောင်ပွဲကို နားစွန့်နေမည်ဖြစ်သည်ဟု လည်း ၎င်းက ပြောသည်။

“ စစ်အုပ်စုရဲ့ လူမဆန်မှုကို ကောင်းကောင်းသိထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ အကြမ်းဖက်စစ်ကောင်စီဆီက ဘယ်လို သနားငဲ့ညှာမှုမျိုးကိုမှ မျှော်လင့်လိမ့်မယ် မဟုတ်ပါဘူး။ သူမျှော်လင့်မှာကတော့ ပြည်သူ့တော်လှန်ရေးရဲ့ အောင်ပွဲပဲ ဖြစ်ပါတယ်။ အောင်ပွဲရဲ့ တေးသံကိုပဲ သူ နားစွင့်နေမှာ ဖြစ်ပါတယ်။ အသက်(၈၀)ပြည့် မင်္ဂလာမွေးနေ့မှာ အမေဒေါ်အောင်ဆန်းစုကြည် အသက်ရှည်ပါစေ၊ ဘုန်းကြီးပါစေ၊ သူချစ်တဲ့ ပြည်သူတွေနဲ့ ကျန်းကျန်းမာမာ အမြန်ဆုံး ပြန်လည်ဆုံစည်းနိုင်ပါစေလို ဆုမွန်ကောင်း တောင်းလိုက်ပါတယ်” ဟု ဝန်ကြီး ဦးရည်မွန်က ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည် ၏ အသက် ၈၀ ပြည့်မွေးနေ့အတွက် ဒေသအသီးသီးက တဦးချင်းစီအလိုက်ဖြစ်စေ တပ်ဖွဲ့အလိုက်ဖြစ်စေ ဆုတောင်းမှုနှင့် မွေးနေ့အကြို လှုပ်ရှားမှုများ ပြုလုပ်ခဲ့သည်။ PDF မန္တလေး ရဲဘော်များက တပ်ဖွဲ့အလိုက် ပန်းသပိတ်ဆင်နွှဲခဲ့ကြပြီး ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ်(KPDF) ရဲဘော်များကလည်း ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစေရေး ဆုတောင်းစကားများ ပြောကြားခဲ့သည်။

“မတရားချုပ်နှောင်ထားတဲ့ အချုပ်အနှောင်မှ အမြန်ဆုံးလွတ်မြောက်ပါစေ”ဟု KPDF ရဲဘော် တစ်ဦးက ဆုတောင်းစကား ပြောကြားသည်။ အခြား KPDF ရဲဘော်များကလည်း အလားတူ ဆုတောင်းပေးခဲ့ကြပြီး ဆုတောင်းသူများအနက် ရှေ့တန်းစစ်မြေပြင် ရောက်ရဲဘော်များလည်း ပါဝင်သည်။

ထို့အပြင် မကွေးတိုင်း၊ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့စိုးမိုးနယ်မြေရှိ ကျေးရွာ ၄ရွာမှ ဒေသခံများနှင့် ပကဖရဲဘော်များက လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ အသက် (၈၀) ပြည့်မွေးနေ့အကြိုအထိမ်းအမှတ်အဖြစ် အရိပ်ရအပင် ၁၀၀ ယနေ့ စိုက်ပျိုးခဲ့ကြသည်။

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အသက်(၈၀)ပြည့်မွေးနေ့မှသည် အသက်ရှည်ကျန်းမာပြီး အချူပ်အနှောင်မှအမြန်ဆုံးကင်းလွတ်ပါစေဟု စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဆုတောင်းစကား ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။