Connect with us

Hi, what are you looking for?

သတင်း

ပခုက္ကူမှာ စစ်ကောင်စီခန့်အုပ်ချုပ်​ရေမှူးကြိုးဆွဲချသေဆုံး

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ လယ်ယာကျေးရွာက စစ်ကောင်စီခန့်အုပ်ချုပ်​ရေးမှူးတဦးကြိုးဆွဲချသေဆုံးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။

ဇေအောင်/People’s Spring

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ လယ်ယာကျေးရွာက စစ်ကောင်စီခန့်အုပ်ချုပ်​ရေးမှူးတဦးကြိုးဆွဲချသေဆုံးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။

ဇွန်လ (၂၃)ရက် မနက်ပိုင်းက မကွေးတိုင်း၊ပခုက္ကူမြို့နယ်၊ လယ်ယာကျေးရွာက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး အသက် လေးဆယ်ဝန်းကျင်ရှိ မိုးဝင်းဆိုသူဟာ နေအိမ်မှာတင် ကိုယ့်ကိုယ်ကို ကြိုးဆွဲချသေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူဟာ ကျေးရွာပြည်သူလူထုဆီကနေ စစ်မှုထမ်းကြေးတစ်အိမ် တစ်သောင်းခွဲကျပ်ကို စစ်ကောင်စီအတွက် ကောက်ခံပေးနေရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“သူကမြေယာတွေကိုလည်းအလွဲသုံးစားရောင်းစားတာလည်းမနည်းဘူးလို့သိရတယ်။ မဖြစ်ခင် ရက်ပိုင်းမှာလည်းစကစကအချုပ် ၂ ရက်ချလိုက်သေးတယ်လို့သိရပါတယ်။ နောက်သူ့လုပ်ရပ်တွေကိုသူသိလို့ ဒီလိုလုပ်သွားတာပါ။”လို့ ပခုက္ကူအခြေစိုက် တော်လှန်းရေးတပ်ဖွဲ့တဖွဲ့ဖြစ်တဲ့ Cobra One အဖွဲ့က တာဝန်ရှိသူက ပြောပါတယ်။

စစ်ကောင်စီခန့်အုပ်ကြီး သေဆုံးတာနဲ့ပတ်သက်လို့ လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

စစ်ကောင်စီခန့်အုပ်ချုပ်​ရေးမှူးတွေဟာစစ်တပ်ရဲ့ခိုင်းစေမှုတွေအပြင် ကာကွယ်ရေးအဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေပါ ခံနေရတဲ့အတွက် ဖိအားအင်မတန်များနေကြောင်း၊ ဒါ့အပြင် စစ်မှုထမ်းအတွက်လည်း လူပြည့်အောင် စုပေးနေရတဲ့အတွက်နှုတ်ထွက်သူတွေ ရှိလာကြောင်း ဒေသခံတချို့က ဆိုပါတယ်။

ယခုဇွန်လထဲမှာပဲမန္တလေးတိုင်း၊တံတားဦးမြို့နယ်မှာ စစ်ကောင်စီရဲ့ စစ်မှုထမ်း တပ်သားသစ် အဓမ္မစုဆောင်းခိုင်းမှုတွေကြောင့် အုပ်ကြီး ၁၆ ဦးထက်မနည်း နှုတ်ထွက်ခဲ့ကြပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

ပခုက္ကူမြို့နယ်အတွင်းလူမှုကူညီရေးလုပ်ငန်းတွေဆောင်ရွက်မယ့် အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ အမျိုးသားညီညွတ်​ရေးအစိုးရ​အောက်ရှိ ၊မြို့နယ် ပြည်သူ့အုပ်ချုပ်​ရေး (ပအဖ)နဲ့ ကြိုတင်ချိတ်ဆက်ညှိနှိုင်းပြီးမှ ဆောင်ရွက်ဖို့ ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇူလိုင် ၂၇ ရက်က ကြေညာချက်ထုတ်ပြန်ပါတယ်။

သတင်း

​မကွေးတိုင်း၊ ပခုက္ကူခရိုင်အတွင်းရှိ ပခုက္ကူနဲ့ မြိုင်မြို့နယ်မှာ စစ်ဘေးရှောင်ပြည်သူများပြားနေပြီး စားနပ်ရိက္ခာနဲ့ သောက်သုံးရေအပါအဝင် အခြေခံလူသုံးကုန်ပစ္စည်းတွေ အရေးပေါ် လိုအပ်လျက်ရှိကြောင်း မြေပြင်ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေတဲ့ ကမ်းလက်များအဖွဲ့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ ဧရာဝတီမြစ်ရေတိုက်စားလို့ သိမ်ကုန်းနဲ့ မရိုးကုန်း ကျေးရွာ အရေးပေါ်ရွှေ့ပြောင်းနေရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ခဲယမ်းအများအပြားနဲ့ ယာဉ်ယန္တရားတွေ သိမ်းဆည်းရရှိ