Connect with us

Hi, what are you looking for?

သတင်း

ကမ္မမြို့ပေါ်တွင် ကားဖြင့်ပတ်​နေ​သော စစ်တပ်တိုက်ခိုက်ခံရ

ကံမ္မမြို့ပေါ်တွင်ကားများဖြင့် စစ်ကြောင်းလှည့်နေသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ပြီး မြို့ပေါ်တိုက်ပွဲဖြစ်ခဲ့ကြောင်း ဒေသခံများကပြောသည်။

စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့သည့် ကာကွယ်ရေးရဲဘော်အချို့။ ဓါတ်ပုံ-PPDF

ဇွန်-၂၇၊၂၀၂၅။‌ဇော်ရမ်း/People’s Spring

ကံမ္မမြို့ပေါ်တွင်ကားများဖြင့် စစ်ကြောင်းလှည့်နေသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ပြီး မြို့ပေါ်တိုက်ပွဲဖြစ်ခဲ့ကြောင်း ဒေသခံများကပြောသည်။

အမိုးဖွင့်ကားဖြင့် ပတ်မောင်းနေသော စစ်ကားနှစ်စီးကို ဇွန်လ ၂၆ ရက် နံနက် ၁၀ နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ဒီကောင်တွေ Double Cab နှစ်စီးနဲ့ မြို့ပေါ်မှာ ပတ်နေတုန်းတက်ပစ်တာ။ စစ်ကောင်စီစခန်းနဲ့ဆို မီတာ ၆၀၀ လောက်ပဲ ဝေးတယ်” ဟု ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုတွင် စစ်သား၇ဦးသေဆုံးသွားသည်ဟု Pakokku People Defense Force (PPDF) က သတင်းထုတ်ပြန်ထားသည်။စစ်​သားများ​သေဆုံးထိခိုက်မှု အ​ခြေအ​နေကို People’s Spring က သီးခြားအတည်မပြုနိုင်ပါ။

အဆိုပါကား စစ်ကောင်စီနှစ်စီးသည် ပြည်သူပိုင်ပစ္စည်းများကို လိုက်လံခိုးယူနေခြင်းဖြစ်ပြီး ABSDF အမှတ် ၃ စစ်ကြောင်း ၊ အောင်ကျော် (RG) ၊ မြို့နယ် ပလဖ ၊ Tiger Warrior Force (TWF) ၊ အညာမြေပြောက် ကျားတပ် ဖွဲ့ (ကိုဇော်မိုက်) ၊ ကိုရေခဲနှင့် ကိုဗလဦးဆောင်သော လူငယ်ပြောက်ကျားတပ်ဖွဲ့ (YGF) တို့နှင့်အတူ ပူး ပေါင်း တိုက်ခိုက်ခဲ့ခြင်းဟု PPDFက ထုတ်ပြန်ထားသည်။

လက်ရှိတွင် ပခုက္ကူ-ကမ္မ-ပေါက်လမ်းကြောင်းအတိုင်း ပြီးခဲ့သည့် မေလကထွက်လာသောစစ်တပ်ယာဉ်တန်းသည် ကမ္မနှင့်ပေါက်မြို့နယ်ကြား၌ ဆက်ရှိနေပြီး စစ်ရေးသတိပြုနေထိုင်ကြရန် ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း​တွေကို အာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်က ကျေးရွာတစ်ရွာကို စစ်တပ်က စက်တင်ဘာ ၁၉ရက်မနက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်မှာရှိတဲ့ကြသောင်းဆိပ်ရွာက စာသင်ကျောင်းကိုမနေ့ (စက်တင်ဘာ ၁၉ ရက်)ညပိုင်းကအာဏာသိမ်းစစ်တပ်ကဗုံးကြဲတာကြောင့်စာသင်ကျောင်းနဲ့ နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။