Connect with us

Hi, what are you looking for?

သတင်း

မူဆယ်တွင် အမျိုးသားတစ်ဦး လက်ကို သံကြိုးတုပ် သတ်ဖြတ်ခံရပြီး အမှိုက်ပုံ၌ ရုပ်အလောင်းစွန့်ပစ်ခံရ

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့တွင် အမျိုးသားတစ်ဦး လက်ကို သံကြိုးတုပ် သတ်ဖြတ်ခံရပြီး ရုပ်အလောင်းအား အဝတ်နှင့်ထုပ်ကာ အမှိုက်ပုံ၌ စွန့်ပစ်ခံထားရသည်။

ဇွန်-၂၇၊ ၂၀၂၅။ ဇော်ရမ်း/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့တွင် အမျိုးသားတစ်ဦး လက်ကို သံကြိုးတုပ် သတ်ဖြတ်ခံရပြီး ရုပ်အလောင်းအား အဝတ်နှင့်ထုပ်ကာ အမှိုက်ပုံ၌ စွန့်ပစ်ခံထားရသည်။

ဇွန်လ ၂၆ရက်က မူဆယ်မြို့ ကွတ်ခိုင်တည်းခိုခန်းလမ်းအနီးရှိ အမှိုက်ပုံနေရာ၌ ရုပ်အလောင်းစွန့်ပစ်ထားခြင်းဖြစ်ပြီး လူမှုကူညီရေးအဖွဲ့တစ်ဖွဲ့က လာရောက်သယ်ဆောင်သွားသည်ဟု ဒေသခံတစ်ဦးကပြောသည်။

“အမှိုက်ပုံမှာ ပစ်သွားတာ။ အသတ်ခံရတာက လူလတ်ပိုင်းအရွယ်ပဲ။ အမှိုက်ပုံဘေးနား ချောက်ထဲမှာ ဆင်းဆယ်သွားကြတယ်”ဟု မြို့ခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

အသတ်ခံရသူနှင့်ပတ်သက်၍ အသေးစိတ်မသိရှိရသေးပေ။

မူဆယ်မြို့သည် တရုတ်နိုင်ငံနှင့်နယ်စပ် အဓိကကုန်သွယ်ရေးမြို့ဖြစ်သည်။ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်က စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့က တိုက်ခိုက်ရန်ပြင်ဆင်နေစဉ် တရုတ်၏ ကြားဝင်ညှိနှိုင်းမှုဖြင့် မတိုက်ခိုက်ဘဲ ချန်ထားခဲ့သည့်မြို့ဖြစ်သည်။ မူဆယ်အနီး ‌၁၀၅မိုင်ကုန်သွယ်ရေးဇုန်ကို မဟာမိတ်ညီနောင်များက သိမ်းယူခဲ့သည်။ မူဆယ်မြို့ပေါ်ကို စစ်ကောင်စီက ဆက်လက်ထိန်းချုပ်ထားသည်။

စစ်ကောင်စီသည် မူဆယ်မြို့တွင် တရားဥပဒေစိုးမိုးရေးမဆောင်ရွက်နိုင်ဘဲ လုယက်မှုများ၊ ပြန်ပေးဆွဲမှုများ မကြာခဏဖြစ်နေကြောင်း ဒေသခံများကပြောသည်။

ပြီးခဲ့သည့်ဇန်နဝါရီလက မူဆယ်မြို့ပေါ်မှ အမျိုးသမီးတစ်ဦး လုယက်သတ်ဖြတ်အလောင်းဖျောက်ဖျက်ခံခဲ့ရသည်။အသက် ၂၀ခန့်အမျိုးသမီးတစ်ဦးသည် ဇန်နဝါရီ ၇ ရက်က နေအိမ်မှထွက်ခွာသွားပြီး ပျောက်ဆုံးသွား၍ လိုက်ရှာစဉ် ဇန်နဝါရီ ၁၁ ရက်တွင် မူဆယ်မြို့ Win စီးကရက် စက်ရုံအနောက်ဘက်၌ ရုပ်အလောင်း တွေ့ရှိခဲ့ခြင်းဖြစ်သည်။

မူဆယ်မြို့ပေါ်မှ လုယက်မှုပြန်ပေးဆွဲမှုများမှုတွင် စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ်များ ပါဝင်နေကြောင်း မြို့ခံများကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်သုခကျေးရွာမှာ ၂ နှစ်ကျော်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် မောင်ပေါက်စချေဆိုသူကို သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုတို့နဲ့ အာရက္ခတပ်တော်(AA)ရဲ့ မောင်တောခရိုင်တရားရုံးက ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကြောင်းထိုး သတ်ဖြတ်မှုတွေကြောင့် ၄လအတွင်း စိတ်ကျန်းမာရေးမကောင်းသူတွေ အပါအဝင် ပြည်သူ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အနီးမှာလုံထန်ပြည်သူ့စစ်ခေါင်းဆောင်ရဲ့ချွေးမက မူးယစ်ဆေးကြောင်ပြီး ကားမောင်းလာစဉ် MNDAAနဲ့ AA တပ်ဖွဲ့ဝင်တွေကတားဆီးချိန်ဂိတ်ကိုတိုက်ပြီးမောင်းပြေးရာ ​သေနတ်နဲ့ပစ်ခတ်လိုက်တဲ့အတွက်သေဆုံးသွားတယ်လို့သိရပါတယ်။

သတင်း

ချင်းတိုင်းရင်းသား ခရစ်ယာန် သင်းအုပ်ဆရာ တစ်ဦးကို အာဏာသိမ်း မြန်မာစစ်တပ်က သတ်ဖြတ်ခဲ့ကြောင်း Burma Research Institute (BRI)က ပြောဆိုခဲ့ပြီး စစ်တပ်ရဲ့ ဖိနှိပ်မှုကို ခံနေရတဲ့ မြန်မာ ခရစ်ယာန် အသိုက်အဝန်းကို ကူညီ ကာကွယ်ပေးဖို့ အမေရိကန် အစိုးရကို တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။