Connect with us

Hi, what are you looking for?

သတင်း

ဖား​ဆောင်းတိုက်ပွဲ တ​ကျော့ပြန်ပြင်းထန်

ကရင်နီပြည်နယ်၊ဖားဆောင်းမြို့သိမ်းတိုက်ပွဲ တကျော့ပြန်၍ ပြင်းထန်နေသည်။

​ရှေ့တန်းတစ်​နေရာမှ ကရင်နီတပ်​ပေါင်းစု

ဇွန်-၂၈၊၂၀၂၅။ရဲခေါင်/People’s Spring

ကရင်နီပြည်နယ်၊ဖားဆောင်းမြို့သိမ်းတိုက်ပွဲ တကျော့ပြန်၍ ပြင်းထန်နေသည်။

ဇွန်လ ၂၅ ရက် နံနက်ပိုင်းက ကရင်နီပူးပေါင်းတပ်များသည် ဖားဆောင်းမြို့တွင် ကျန်ရှိသော ခလရ ၁၃၄ နှင့် ၁၃၅ တပ် နှစ်ခု ကို ထိုးစစ်အရှိန်မြှင့်ခဲ့ ကြောင်းစစ်​ရေးသတင်းရင်းမြစ်များကပြောသည်။

“တိုက်ပွဲတွေက ပြင်းထန်နေပါတယ်။တခြား အခြေ အနေကတော့ အလုပ်လုပ်နေကြတုန်းမလို့ပါ”ဟု ဖားဆောင်းမြို့ရှိ ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက People’s Spring သို့ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီ၏ အခြေစိုက်တပ်တစ်ခုအတွင်း သို့ ထိုးဖောက်ဝင်ရောက်ထားနိုင်သည့် သတင်းအချို့ထွက် ပေါ်နေသော်လည်း ကရင်နီတပ်ပေါင်းစုဘက်က သီးခြားမှတ်ချက် မရသေးပေ။

“ကာကင်းတွေရတယ်။တပ်ပေါင်းစုဘက်က အဖိတ်အစင်အချို့ရှိသလို စကစ ဘက်က ထိခိုက်သေဆုံး တာတွေ များတယ်”ဟု ကရင်နီစစ်ဘက်သတင်းရင်းမြစ်တစ်ဦးက ဖားဆောင်းမြို့တိုက်ပွဲအခြေ အနေ ကို ရှင်းပြသည်။

ဖားဆောင်းမြို့ရှိစစ်ကောင်စီအခြေစိုက်စခန်းဖြစ်​သော ​အမှတ် (၁၃၄) နှင့် အမှတ် (၁၃၅) ​ခြေလျင်တပ်ရင်း ခလရ (၁၃၄)၊(၁၃၅ ) တို့သည် ဓားလွယ်ခုတ်အနေအထားရှိပြီး တပ်နှစ်ခုကြား ပေ ၃၀၀၀ ဝန်းကျင်ကွာဝေးသည်။

ဘောလုံးကွင်းသုံးကွင်းကျော် အကျယ်စီရှိသည့် ထိုတပ်နှစ်ခုတွင် ဘန်ကာ များစွာဖြင့် အခိုင်အမာခံစစ် ပြင်ထားကြောင်း သိရသည်။

ဖားဆောင်းမြို့နယ်၏အရှေ့ဘက်ခြမ်းတွင်ကရင်နီတပ်ပေါင်းစုက သိမ်းပိုက်ထားပြီးဖြစ်သော မယ်စဲ့မြို့နယ်ရှိကာ အနောက်ဖက်ခြမ်းတွင် ကရင် ပြည်နယ်သံတောင်ကြီး၊တောင်ဘက်ခြမ်းတွင် ဖာပွန် နှင့် မြောက်ဘက်ခြမ်းတွင် ဘောလခဲ မြို့နယ်တို့ရှိသည်။

၂၀၂၄ ခုနှစ်ဖေဖော်ဝါရီ ၂၉ရက်တွင်စတင်သည့် ဖားဆောင်းမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်စခန်း ၉ ခုနှင့် ကာကင်းနေရာသုံးခုကို ကရင်နီတပ်ပေါင်းစုက သိမ်းပိုက်နိုင်ခဲ့ပြီး အခြေစိုက်တပ် ရင်း(၂)ခု ဖြစ်သော ခလရ(၁၃၄)နှင့် ခလရ (၁၃၅) တပ်ရင်းသာ ကျန်ရှိနေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီဒေသက စစ်ဘေးရှောင်ကလေးငယ်တွေရဲ့ ပညာရေးအတွက် ထောက်ပံ့ပေးမယ့် "Keep Their Dreams Alive Thadingyut Charity Concert 2026" ပွဲကို အွန်လိုင်းကနေ ပြုလုပ်သွားမှာဖြစ်ပြီး တော်လှန်အနုပညာရှင် ဂီတအဖွဲ့ သုံးဖွဲ့က ပါဝင်တင်ဆက်သွားမှာပါ။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကရင်နီပြည်နယ်အစပ်မှာ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်နေတယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(MBPDF)က ဒီကနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) ရဲ့ အတွင်းရေးမှူး အဖွဲ့ဝင်တစ်ဦးဖြစ်သလို ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC)ရဲ့ဥက္ကဋ္ဌ၊ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ရဲ့ အထွေထွေအတွင်းရေးမှူး စတဲ့ တာဝန်တွေယူထားတဲ့ ဦးအောင်ဆန်းမြင့် ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း၊ကောင်းရာသုဂတိမှာငြိမ်းချမ်းစွာ အနားယူနိုင်ပါစေ​ကြောင်း SCEFကထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်းက တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေဟာ (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

Facebook