Connect with us

Hi, what are you looking for?

သတင်း

နောင်ချိုမှာ တိုက်ပွဲ​တွေ ဆက်လက်ပြင်းထန်

ရှမ်းပြည်နယ်မြောက်ပိုင်းက နောင်ချိုမြို့နယ်မှာ ဒီကနေ့(ဇွန်လ ၂၈ရက်)မှာလည်း တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့ စစ်မြေပြင်က ရဲဘော်တွေက ပြောပါတယ်။

နောင်ချိုဒေသတိုက်ပွဲအတွင်းတွေ့ရတဲ့တအာင်းတပ်မတော် TNLAက ရဲဘော်တွေ။ဓာတ်ပုံ - TNLA

ဇွန်-၂၈၊၂၀၂၅/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်းက နောင်ချိုမြို့နယ်မှာ ဒီကနေ့(ဇွန်လ ၂၈ရက်)မှာလည်း တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့ စစ်မြေပြင်က ရဲဘော်တွေက ပြောပါတယ်။

“တိုက်ပွဲကတော့ တောက်လျှောက်ဖြစ်နေတယ်။ မနေ့ကရော၊မနေ့ညရော၊ဒီနေ့မနက်ရော”လို့ နောင်ချိုဒေသစစ်မြေပြင်က ရဲဘော်တစ်ဦးက ပြောပါတယ်။

မနေ့က(ဇွန်လ ၂၇ရက်)မှာ နောင်ချိုမြို့နယ်က လုံစံ၊ မြက်ချင်းနု၊ လုံဝယ်၊ ဉာဏ်တော၊ နောင်လင်နဲ့ နောင်အောကျေးရွာကြားတို့မှာ စစ်ကောင်စီတပ်နဲ့ ဆက်လက်တိုက်ပွဲဖြစ်ပွားနေတယ်လို့ တအာင်းတပ်မတော် TNLAက ဒီကနေ့(ဇွန်လ ၂၈ရက်)မှာ ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ပွဲဖြစ်ပွားနေချိန်မှာ စစ်တပ်က လေကြောင်းကနေ ဗုံး (၄၅)လုံးနဲ့ လက်နက်ကြီး (၃၂)လုံးပစ်ကူတိုက်ခိုက်ခဲ့တယ်လို့လည်း ဖော်ပြပါတယ်။

နောင်လင်နဲ့ နောင်ဩကျေးရွာကြားမှာ စစ်တပ်နဲ့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေချိန်အတွင်းမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံး (၂၀)လုံးနဲ့ လက်နက်ကြီး (၃၁)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့လည်း ဖော်ပြပါတယ်။

ဒါ့အပြင် လုံစံကျေးရွာမှာဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်းကိုလည်း စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံး (၂)လုံးလာရောက်ကြဲချခဲ့တယ်လို့လည်း သိရပါတယ်။ မြက်ချင်းနု၊ လုံဝယ်နဲ့ လုံစံကျေးရွာမှာလည်း စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံး (၂၂)လုံး လာရောက်ကြဲချတိုက်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ ဉာဏ်တောကျေးရွာဘက်ကိုလည်း ဂျက်ဖိုက်တာနဲ့ ပေါင်(၅၀၀) ဗုံးတစ်လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ အုမ္မခါးကျေးရွာဘက်ကိုလည်း လက်နက်ကြီးတစ်လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

TNLAရဲ့ ထုတ်ပြန်ချက်မှာ မြက်ချင်းနုကျေးရွာကြားမှာ တိုက်ပွဲဖြစ်နေတယ်လို့ ပါရှိပြီး အဲဒီရွာဟာ နောင်ချိုမြို့နဲ့ အနီးဆုံးကျေးရွာဖြစ်ပြီး နောင်ချိုနဲ့ (၄)မိုင်ကျော်သာကွာဝေးပါတယ်။

နောင်ချိုဒေသတိုက်ပွဲနဲ့ပတ်သက်ပြီး TNLAထံ ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါတယ်။

“မြက်ချင်းနုရွာမှာတော့ လောလောဆယ်တိုက်ပွဲဖြစ်နေတာတော့ မရှိသေးဘူး။ လေယာဉ်တို့၊လက်နက်ကြီးတို့ ကျတာတော့ ရှိတယ်။ မြက်ချင်းနုရွာ၊နောင်ဩရွာထိတော့ ကျနော်တို့ ထိန်းချုပ်ထားဆဲဖြစ်ပါတယ်”လို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ဇွန်လ ၂၇ရက်ကလည်း နောင်ချိုမြို့နယ်က လုံစံ၊လုံဝယ်၊ နောင်လင်၊ နောင်ဩ၊နောင်ဖာနဲ့ အုမ္မခါးကျေးရွာတွေမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ် ထိခိုက်မှုများခဲ့ပါတယ်။

နောင်ချိုမြို့ဟာ စစ်ရေးဗျူဟာအရ အလွန်အရေးပါနေလို့ စစ်တပ်အတွက် ​နောင်ချိုရရင် အဲ​ဒေသကို အ​ခြေပြုပြီး ရှမ်း​မြောက်ကို ထိုးစစ်ပြန်ဆင်နိုင်ဖို့အတွက် အလွန်အ​ရေးပါ​နေပါတယ်။ ဒါ့ကြောင့် စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ လပိုင်းတွေကစပြီး နောင်ချိုမြို့ဆီကို စစ်ကြောင်းသုံးကြောင်းနဲ့ ထိုးစစ်ဆင်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း