Connect with us

Hi, what are you looking for?

သတင်း

ဆင်ဖြူကျွန်းတွင်တိုက်ပွဲဖြစ်ပွား

ဆင်ဖြူကျွန်းမြို့နယ်တွင်တင့်ကား နှင့် သံချပ်ကာ ယာဥ်များပါဝင်သည့် စစ်တပ် စစ်ကြောင်း နှင့် ​ဒေသခံ​တော်လှန်​ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်နေကြောင်း စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။

စလင်းမြို့မှ ဆင်ဖြူကျွန်းမြို့သို့စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်၏ သံချပ်ကာယာဥ်ကိုတွေ့ရစဥ်။ ။ဓာတ်ပုံ-ပေးပို့

ဇွန်-၂၉၊၂၀၂၅။ရဲခေါင်/People’s Spring

ဆင်ဖြူကျွန်းမြို့နယ်တွင်တင့်ကား နှင့် သံချပ်ကာ ယာဥ်များပါဝင်သည့် စစ်တပ် စစ်ကြောင်း နှင့် ​ဒေသခံ​တော်လှန်​ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်နေကြောင်း စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။

ဇွန်လ ၂၈ ရက်​နေ့ကမကွေးတိုင်း၊စလင်းမြို့မှ ဆင်ဖြူကျွန်းမြို့သို့ စစ်တပ်က တင့်ကားနှင့်သံချပ်ကာယာဥ်နှစ်စီးအပါအဝင် အင်အား ၂၀၀ ဝန်းကျင်အသုံး ပြု၍ စစ်ကြောင်းထိုးလာခြင်းဖြစ် သည်။

“မနေ့ကကတည်းက နေဒီနေ့အထိ တိုက်ပွဲတောက် လျှောက်ဖြစ်နေတယ်။မိုင်းဆွဲတာရောအပြန်အလှန် လက်နက်ကြီးငယ်နဲ့ ရင်ဆိုင်နေတယ်”ဟု အထက်ပါ တာဝန်ရှိသူက တိုက်ပွဲအခြေအနေကိုဆက်​ပြောသည်။

Public Service Announcement

Public Service Announcement

ဇွန် ၂၉ ရက်​နေ့တွင်စစ်ကောင်စီတပ်စစ်​ကြောင်းကပန်းတိမ်ကုန်းရွာကို မီးရှို့နေကြောင်းလည်း ၎င်းက​ပြောသည်။

စစ်ကောင်စီစစ်ကြောင်းသည် ဒေသခံများကို ဖမ်းဆီး၍ လူသားဒိုင်းအဖြစ်အသုံးပြုထားပြီး ထိုသူများအနက် ထိခိုက်ဒဏ်ရာရသူများလည်းရှိသည်ဟု စလင်းမြို့ခံတစ်ဦးက သိရသည်။

“ဂုန်ကုန်းကျွေးရွာကပြည်သူတွေကို လူသားဒိုင်းလုပ်ပြီး မိုင်းကွင်းတိုးခိုင်းတာ။ငါး ဦးမိုင်းထိတယ်သိရတယ်”ဟု အထက်ပါ​ဒေသခံကပြောသည်။

ဒေသတွင်းကာကွယ်ရေးတပ်များ၏စိုးမိုးရာ လမ်း ကြောင်းကို စစ်တပ်က အင်အားသုံး၍ စစ်​ကြောင်းထိုးကာ နယ်​မြေပြန်စိုးမိုးနိုင်ရန် ကြံစည်ခြင်းဟု ဒေသခံစစ်ရေးသတင်းရင်းမြစ်က သုံးသပ်သည်။

” မြို့ နှစ် မြို့ကြားမှာ သူတို့(စစ်ကောင်စီ) ယန္တရားလည်ပတ်တာတွေရပ်ဆိုင်းသလိုဖြစ်နေတာ”ဟု ၎င်းက ပြောသည်။

ဇွန် ၂၈ ရက်​နေ့ကစ၍စလင်း-မိုးဝန်း-သရက်ချဥ်-ဆင်ဖြူးကျွန်းလမ်းပိုင်းကို ပြည်သူ့ကာကွယ်ရေး အဖွဲဲ့က အသုံးပြုခွင့်ပိတ်ခဲ့သည်။

စစ်ကောင်စီသည် ၎င်း၏ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ)များအတွက်အရေးပါသည့် စလင်း -ဆင်ဖြူကျွန်း နှင့် တညောင်လမ်းပိုင်းအား ပြန်ထိန်းချုပ်နိုင်ရန် မကြာခဏ ကြိုးပမ်းနေသည်။၂၀၂၅ နှစ်ဆန်းပိုင်းတွင်စလင်းမြို့နယ်အတွင်းမကြာခဏ စစ်ကြောင်းထိုးနေသည်။

ထို့အပြင် စစ်​ကောင်စီပြုလုပ်မည်ဆို​သောရွေးကောက်ပွဲအတွက် စလင်းမြို့ကို ပြန်လည်စိုးမိုးနိုင်ရန်ာစစ်ကောင်စီကကြံစည်​နေ ခြင်းဖြစ်သည်ဟု စလင်း ပကဖ မှ ကိုအောင်ဆန်းက သုံးသပ်သည်။

ပြီးခဲ့သည့်လက စစ်ကောင်စီသည် ပခုက္ကူမြို့ အခြေစိုက် တပ်မ(၁၀၁) နှင့် မကွေးမြို့အခြေစိုက် တပ်မ(၈၈)လက်အောက်ခံ ခလရ (၂၅၃) ၊ခလရ(၂၅၄ နှင့် ခရ (၂၅၅)တပ်ရင်းများဖြင့် စလင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးခဲ့သည်။

ထိုစစ်ကြောင်းသည် ပြည်သူခြောက်ဦးကို သတ် ဖြတ်ခဲ့ပြီး ဒေသခံနေအိမ် ၄၀၀ ကျော်ကို မီးရှို့ခဲ့ ကြောင်း ဒေသတွင်း အရပ်ဖက်အဖွဲ့အစည်းအချို့က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း