Connect with us

Hi, what are you looking for?

သတင်း

တနင်္သာရီ-မောတောင်လမ်းတိုက်ပွဲ စစ်ကောင်စီတပ်သား ၁ဦး KNU တပ်မဟာ(၄)ထံ အလင်းဝင်

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင် တပ်မဟာ(၄) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲဖြစ်ပွားနေသည့် တနင်္သာရီ-မောတောင်လမ်းပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်၁ဦး အလင်းဝင်လာကြောင်း KNU မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်သည်။

ဇူလိုင်-၁၊ ၂၀၂၅။ ဟန်နွေ/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင် တပ်မဟာ(၄) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲဖြစ်ပွားနေသည့် တနင်္သာရီ-မောတောင်လမ်းပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်၁ဦး အလင်းဝင်လာကြောင်း KNU မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်သည်။

တိုက်ပွဲဖြစ်နေသည့် မောတောင်လမ်းပိုင်း သိန်ခွန်းရွာအနီး၌ စစ်ကောင်စီ၏ ခမရ(၂၆၅) မှ တပ်သား ၁ဦးသည် ယနေ့ နေ့လည်တွင် KNU တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ အလင်းဝင်လာခြင်းဖြစ်သည်ဟုဆိုသည်။ KNU မြိတ်-ထားဝယ်ခရိုင်က ကရင်ဘာသာဖြင့်ထုတ်ပြန်ချက်ကို ကရင်သတင်းရင်းမြစ်တဦးက ဘာသာပြန်ပြောပြပေးသည်။

အလင်းဝင်လာသည့် စစ်ကောင်စီတပ်သားက MA 1 သေနတ်တလက်၊ ကျည်ဘောက်နှင့်ကျည်များ ယူလာကြောင်း မှတ်တမ်းဓာတ်ပုံနှင့်အတူ အသိပေးသည်။

Public Service Announcement

Public Service Announcement

ကျန်နေသည့် စစ်ကောင်စီတပ်သားများ တော်လှန်ရေးဘက်သို့ ပူးပေါင်းလာကြရန်လည်း ကရင်သတင်းရင်းမြစ်က တိုက်တွန်းသည်။

“အခုလက်ရှိကာလမှာ ကျနော်တို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းပြီး စစ်အာဏာရှင်စနစ်ကို ကျနော်တို့အတူတကွ တိုက်ဖျက်ရင်တော့ ပိုကောင်းတာပေါ့” ဟု ကရင်သတင်းရင်းမြစ်က ပြောသည်။

ဇွန်လအတွင်းကလည်း KNU တပ်မဟာ(၄) လက်အောက်ခံ တပ်ရင်းများသို့ စစ်ကောင်စီတပ်သား ၃ဦး အလင်းဝင်ရောက်ခဲ့သေးသည်။

KNU တပ်မဟာ(၄)နှင့် စစ်ကောင်စီတပ်များသည် တနင်္သာရီ-မောတောင်လမ်းတွင် နှစ်ဝက်ကျော်ကြာ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။ စစ်ကောင်စီက နယ်စပ်လမ်းပိုင်းတခုဖြစ်သော မောတောင်ဒေသ ပြန်လည်စိုးမိုးထိန်းချုပ်နိုင်ရေး ထိုးစစ်ဆင်လာ၍ KNU တပ်မဟာ(၄) ပူးပေါင်းတပ်က ခုခံတိုက်ခိုက်လျက်ရှိသည်။ စစ်ကောင်စီက လေကြောင်းပစ်ကူပေးပြီး ထိုးစစ်ဆင်နေသော်လည်း နှစ်ဝက်ကြာသည်အထိ ရှေ့တိုးနိုင်ခြင်းမရှိဘဲ သိန်ခွန်းကျေးရွာအနီးတဝိုက်၌ တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးနဲ့ ဧရာဝတီတိုင်းမှာ ပေါ်တာဆွဲခံရတဲ့ ပခုက္ကူမြို့နယ်အခြေစိုက် ခလရ (၂၃၅) တပ်ရင်းက စစ်မှုထမ်းတပ်သား ၂ ဦးဟာ COBRA ONE Pakokku တပ်ဖွဲ့ထံ အလင်းဝင်ရောက်လာခဲ့တယ်လို့ အဲဒီတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ် -ထားဝယ်ခရိုင် တပ်မဟာ(၄)က သိမ်းပိုက်ထားတဲ့ လယ်မူလား(ပုလော)မြို့နယ် လယ်ဖဒို (ကျောက်လုံးကြီး)ရွာက တပ်စခန်းကို အာဏာသိမ်းစစ်တပ်က ပြန်ထိုးစစ်ဆင်လာလို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KNU မြိတ်ထားဝယ်ခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။