Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီရဲများအားပစ်​ခေတ်တိုက်ခိုက်၍ နိုင်ငံရေးပုဒ်မတပ်ဖမ်းဆီးခံထားရသူကို ကယ်ထုတ်

စစ်​ကောင်စီဝါဒဖြန့် တယ်လီဂရန်ချန်နယ်များက ဖြန့်​ဝေ​နေ​သောဓါတ်ပုံ

လွတ်​မြောက်သွားသူနှင့်ဘကယ်ထုတ်သူများကို သံလျင်တွင်ပြန်ဖမ်းမိဟုစစ်​ကောင်စီဆို

ဖမ်းဆီးခံရသူများသည်​တော်လှန်​ရေးရန်ပုံ​ငွေများလိမ်လည်ယူသွားပြီး စစ်​ကောင်စီထံလက်နက်ချထားသူများဖြစ်​နေ

ဇူလိုင်-၂၊၂၀၂၅။သတိုး၊သုည/ People’s Spring

ရန်ကုန်မြို့ လှိုင်သာယာအ‌ရှေ့ပိုင်းမြို့နယ်ရဲစခန်း၌ နိုင်ငံရေးပုဒ်မတပ်ဖမ်းဆီးခံထားရသည့် အမျိုးသမီးကို ဆေးရုံသို့ ပို့ဆောင်စဉ် ကယ်ထုတ်သွားသည့် ဖြစ်စဉ်မှန်ကန်ကြောင်း ဒေသခံများကပြောသည်။

Public Service Announcement

Public Service Announcement

ဇူလိုင်၁ ရက်ည ၇ နာရီခွဲ အချိန်ခန့်တွင်လှိုင်သာယာရဲစခန်း၌ ဖမ်းဆီးခံထားရသည့် အမျိုးသမီးကို တာဝန်ကျ ရဲဝန်ထမ်းနှစ်ဦးမှ မြို့နယ်ဆေးရုံသို့ ပို့ဆောင်စဉ် လှိုင်သာယာ Ocean ဈေးဝယ်စင်တာအနီး၌ စောင့်ဆိုင်းနေသူနှစ်ဦးက သေနတ်လေးချက်ပစ်ကာ ဖမ်းဆီးခံထားရသူကို ကားဖြင့် ခေါ်ဆောင်သွားကြောင်း လှိုင်သာယာသတင်းများကို ဖော်ပြပေးနေသည့် HTY Scout Channel ကဖော်ပြထားသည်။

“ပစ်ခတ်မှုကြောင့် ဒုရဲအုပ်(ကျား)မှာသေဆုံး၊ ဒုရဲအုပ်( အမ)မှာ ဒဏ်ရာရရှိခဲ့ကြောင်းသိရ။” ဟု ဖော်ပြထားသည်။

ယင်းဖြစ်စဉ်ကြောင့် ယမန်နေ့ည ၁၂ နာရီခန့် အထိ လှိုင်သာယာမြို့နယ်၏ ဝင်ပေါက် ထွက်ပေါက် အားလုံးကို ပိတ်၍ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ​ဒေသခံအချို့က​ပြောသည်။

“ဖြစ်တဲ့နေရာက စစ်တပ်တပ်စွဲထားတဲ့ မိုးလုံလေလုံကွင်းနဲ့ဆို အနီးလေးပါ။ဗျူဟာမှူးကိုယ်တိုင်အခင်းဖြစ်တဲ့နေရာကိုလာကြည့်ပါတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

ဇူလိုင် ၁ ရက်ညတွင် အခင်းဖြစ်ပြီး​နောက်လှိုင်သာယာတံတားကို စစ်တပ်က ပိတ်ဆို့ စစ်ဆေးခဲ့​ကြောင်းလည်း​ဒေသခံအချို့က​ပြောသည်။

“ညသန်းခေါင်လောက်မှ တံတားတွေကို ပြန်ဖွင့်ပေးတယ်။ ခုမနက်မှာ လှိုင်သာယာမှာ ဘေးတွဲဆိုင်ကယ်တွေကို တောက်လျှောက်စစ်နေတယ်။ ဇုန် ၂ နားက ရပ်ကွက်ကိုလည်း ဧည့်စာရင်းစစ်မယ်လို့ ကြားပါတယ်”ဟု လှိုင်သာယာမြို့နယ်နေပြည်သူတစ်ဦးက​ပြောသည်။

ထိုအပြင်လွတ်မြောက်သွားသည့် အမျိုးသမီးနှင့် ကယ်တင်သွားသူမျညးကို သန်လျင်မြို့နယ်၌ ဇူလိုင် ၂ ရက်နံနက်က ပြန်လည်ဖမ်းဆီးနိုင်ခဲ့သည်ဟု စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရန်ချန်နယ်များက ဇူလိုင် ၂ ရက်​နေ့ခင်းပိုင်း၌ဖော်ပြနေသည်။ သို့​သော်အဆိုပါဖြစ်ရပ်ကို People’s Spring ကသီးခြားအတည်မပြုနိုင်​သေးပါ။

သန်လျင်သတင်းများကို ဖော်ပြပေးနေသည့် Thanlyin Media မှ တာဝန်ရှိသူက သန်လျင်မြို့နယ်၌ စစ်​ကောင်စီက လူတစုကိုဖမ်းဆီး​သောဖြစ်ရပ်မှာ မှန်ကန်သော်လည်း ဖမ်း‌ဆီးခံရသူများမည်သူ၊မည်ဝါဆိုသည်ကို မသိ​သေးဘဲအတည်ပြု‌နေဆဲဖြစ်ကြောင်းပြောသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ရန်ကုန်မြေပြင်သတင်းများကို ဖော်ပြပေးနေသည့် Rangoon Scout Network (RSN) က ပစ်ခတ်မှုဖြစ်စဉ်ကို အတည်ပြုနိုင်သော်လည်း အခြားအကြောင်းအရာများကို အတည်မပြုနိုင်သေးကြောင်း ပြောသည်။

ထပ်မံရရှိ​သောသတင်းများအရ စစ်​ကောင်စီက ဖမ်းဆီးခဲ့သည်ဟုဆိုသူများသည် ​တော်လှန်​ရေးရန်ပုံ​​ငွေများလိမ်လည်ယူသွားပြီးစစ်ကောင်စီထံလက်နက်ချခဲ့သူများဖြစ်ကြောင်း တော်လှန်အင်အားစုများကပြောသည်။

“အင်္ကျီအဖြူနဲ့ ကောင်က ချစ်ဇင်လင်း၊တောထဲမှာ အာဏာ ငွေကြေး အလွဲသုံးစားလုပ် ရဲဘော်တွေကို နှိပ်စက်ညှင်းပန်းပြီး စကစ ဆီမှာ ပြည်သူတွေ လှူတဲ့ လ-နတွေနဲ့ သူ့လူတွေခေါ်ပြီး အလင်း ဝင်ထားတာ ကြာပြီ ။မြို့ပေါ်က ကျန်ခဲ့တဲ့ ရဲဘော် မိသားစုဝင် တွေကိုတောင်ခြိမ်းခြောက်ခဲ့တဲ့ကောင် ၊ဘေးကသူ့မိန်းမ ထောက်ပို့ အမည်ခံပြီး လိမ်နေရင်း အဖမ်းခံရလို့ကယ်တာ တလရသစ္စာဖောက်ကောင် ဖောက်ပြန်ရေးသမားတွေ၊ဘာမှသနားစရာ စောက်ကြောင်းမရှိဘူး ” ဟု ‌ရဲဘော်တစ်ဦးက စစ်ကောင်စီဘက်က ထုတ်ပြန်ထားသည့် ဓာတ်ပုံနှင့်အတူရေးသားထားသည်။

ယင်းအဖွဲ့သည် ၂၀၂၃ ဇူလိုင်လတွင် လက်နက် ၊ ငွေသိန်းထောင်ကျော် နှင့်အတူ စစ်ကောင်စီထံ၌ အလင်းဝင်ခဲ့ခြင်းဖြစ်သည်ဟု Thanlyin Media ကဖော်ပြထားသည်။

လက်ရှိတွင် စစ်ကောင်စီထံ အဖမ်းခံရသည့် အမျိုးသမီးသည် ထောက်ပို့ အမည်ခံဆက်လက်လုပ်ကိုင်နေရာမှ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။

“တပ်မဟာ (၇)ကနေ တောကျီးကန်းနဲ့ပါလာတယ်။ ပါလာပြီးတော့ အဲကောင်တွေ လက်နက်နဲ့အတူ အလင်းဝင်သွားတယ်။ စစ်ကောင်စီဘက်ကို ပါသွားတယ်။ အခုဖမ်းခံရတဲ့ ကောင် မလေးက သူ့ရဲ့မိန်းမပေါ့။ သူ့ရဲ့မိန်းမကို ပြန်ကယ်ရင်းနဲ့ အခုဖမ်းခံရတာပေါ့”ဟုPDFတောင်ပိုင်းစစ်ဒေ၊အမှတ် (၂)စစ်ဒေသခွဲမှ တာဝန်ရှိသူတစ်ဦးကလူထုနွေဦးသို့ ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။