Connect with us

Hi, what are you looking for?

သတင်း

ချောက်မြို့နယ်မှာ စစ်ကြောင်းထိုးထွက်လာတဲ့ စစ်တပ်ကို တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်၊ စစ်တပ် ထိခိုက်မှုရှိပြီးပြန်ဆုတ်သွားဟု CRAပြော

မကွေးတိုင်း ၊ချောက်မြို့နယ်မှာစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ကိုဒေသတော်လှန်ရေးတပ်ဖွဲ့တွေကတိုက်ခိုက်ရာ ထိခိုက်မှုရှိပြီး ပြန်ဆုတ်သွားတယ်လို့ ချောက်မြို့နယ်တော်လှန်ရေးတပ် (CRA)ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ခလရ(၄၁၆)စစ်ကြောင်းကို တိုက်ခိုက်နေတဲ့ တော်လှန်ရေးရဲဘော်များ။ ဓာတ်ပုံ - CRA

ဇူလိုင်-၃၊၂၀၂၅။/People’s Spring

မကွေးတိုင်း ၊ချောက်မြို့နယ်မှာစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ကိုဒေသတော်လှန်ရေးတပ်ဖွဲ့တွေကတိုက်ခိုက်ရာ ထိခိုက်မှုရှိပြီး ပြန်ဆုတ်သွားတယ်လို့ ချောက်မြို့နယ်တော်လှန်ရေးတပ် (CRA)ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

စလေမြို့အခြေစိုက်အမှတ်(၄၁၆)ခြေလျင်တပ်ရင်း (ခလရ ၄၁၆)ကနေ အင်အား ၈၀ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို ဇူလိုင် ၂ရက် မနက်မှာ ချောက်မြို့တောင်ဘက်က မြေပဒုံနဲ့ တောင်သာရွာကြားမှာ တော်လှန်ရေးတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့တာလို့CRAကပြောပါတယ်။

တိုက်ပွဲကြာချိန် ၁နာရီခွဲလောက်ဖြစ်ပွားပြီး စစ်ကောင်စီတပ်က သုံးဦးသေဆုံးကာ အရာရှိတစ်ဦးအပါအဝင် ၁၅ဦးခန့် ဒဏ်ရာရလို့ ဆုတ်ခွာသွားတယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

သိမ်းရသောစစ်သုံးပစ္စည်းများ။ ဓာတ်ပုံ – CRA

“မျက်မြင်သုံးဦးသေဆုံးတာတော့ ကျနော်တို့ မျက်မြင်ပေါ့နော်။ နောက် အရာရှိတစ်ဦးကတော့ သူတို့စစ်ကြောင်းတောက်လျှောက်ဆုတ်သွားတဲ့လမ်းမှာ သူတို့ တော်တော်ပြင်းပြင်းထန်ထန်ဒဏ်ရာရသွားတဲ့ ပုံစံမျိုးပေါ့။ ဆုတ်လမ်းတလျှောက်မှာ သူတို့ထမ်းစင်တွေပြင်သွားပြီးတော့ခေါ်သွားတယ်။အဲ၁ ယောက်ကို(အရာရှိ)။ကျန်တဲ့ပြင်းထန်ဒဏ်ရာရတဲ့သူတွေကြဒီတိုင်းဒရွတ်ဆွဲပြီးခေါ်သွာတယ်”လို့ CRA)ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ညနေ ၅နာရီလောက်မှာ ခလရ(၄၁၆)တပ်ရင်းထဲကို ပြန်ဝင်သွားတယ်လို့ ၎င်းက ပြောပါတယ်။ တိုက်ပွဲအတွင်းမှာ ကျည်တွေနဲ့ စစ်သုံးပစ္စည်းအချို့သိမ်းရတယ်လို့လည်း ဆိုပါတယ်။

အဲဒီ စစ်ကြောင်းဟာ ချောက်မြို့နယ်က ရွာငယ်ကန်ရွာကနေ စစ်ကြောင်းစထိုးလာတာလို့ CRAက ပြောပါတယ်။ တိုက်ပွဲမဖြစ်မီ အနည်းဆုံး ကျေးရွာလေးရွာလောက်စစ်ကြောင်းထိုးလာပြီး ပြည်သူတွေရဲ့ နေအိမ်တွေက ပစ္စည်းတွေကို လုယူသွားတယ်လို့လည်း ၎င်းက ဆက်ပြောပါတယ်။

ခလရ(၄၁၆)စစ်ကြောင်းကို မြိုင်ပကဖ ၊ ပေါက်ပကဖ ၊ ချောက်မြို့နယ်တော်လှန်ရေးတပ် (CRA) ၊ မကွေးခရိုင် တပ်ရင်း(၁) ၊ ချောက် ပကဖ နဲ့ ဒေသခံ မဟာမိတ်တပ်ပေါင်းစုတွေစုပေါင်းတိုက်ခိုက်ခဲ့တာလို့ မြိုင်ပကဖက ထုတ်ပြန်ပါတယ်။

ချောက်မြို့နယ်မှာ ပြီးခဲ့တဲ့ရက်တပတ်ကလည်း ခလရ(၁၃)တပ်ရင်းကနေ စစ်ကြောင်းတစ်ခု ထွက်လာပြီး ကျေးရွာအချို့ကိုမီးရှို့သွားတယ်လို့ CRA က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ နောက်ဆုံးပတ်ကလည်း စစ်တပ်က ချောက်နဲ့ ပုဂံမြို့ကြားမှာရှိတဲ့ ကျေးရွာတွေကို စစ်ကြောင်းထိုး မီးရှို့ခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းတပ်သားတွေနဲ့ အင်အားဖြည့်ထားတဲ့ စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ရဲ့ ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် (၃)နှစ်အရွယ်ကလေးငယ် အပါအ၀င် ပြည်သူ ၂ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊အင်းတော်၊မော်လူးမြို့တို့ကို ထိုးစစ်ဆင် နေတဲ့ တပ်မ(၃၃)ကစစ်​ကြောင်း တွေ နောက်တန်းပြန်ဆုတ်လာပြီး ဇူလိုင်လ ၂၂ရက်ညနေပိုင်းမှာကားအစီး ၈၀နဲ့ မန္တ လေးမြို့တွင်း ပြန်ဝင်တယ်လို့ ‌‌‌‌‌‌‌တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။