Connect with us

Hi, what are you looking for?

သတင်း

ကလေးစစ်သား ၉၃ ဦးကို ပြန်လွှတ်ပေးပြီး ဖြစ်တယ်လို့ စစ်ကောင်စီဆို

ကုလသမဂ္ဂဆီကဝေဖန်ပြစ်တင်မှုကိုခံခဲ့ရတဲ့နောက်အာဏာသိမ်း စစ်ကောင်စီဟာ ကလေးစစ်သား ၉၃ ဦးကို ပြန်လွှတ်ပေးထားပြီးဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

ရန်ကုန်မှာ​ဈေး​ရောင်း​နေရင်း စစ်​ကောင်စီကဖမ်းဆီးပြီးစစ်သင်တန်း​ပေးစစ်တိုက်ခိုင်းခံတဲ့ ​အသက် ၁၅ နှစ်အရွယ် ​​နေထက်လင်းက သူစစ်တပ်ထဲ​ရောက်ခဲ့ပုံကို​​ပြော​နေစဥ်။ဓါတ်ပုံ-PLA

ဇူလိုင်-၅၊၂၀၂၅။People’s Spring

ကုလသမဂ္ဂဆီကဝေဖန်ပြစ်တင်မှုကိုခံခဲ့ရတဲ့နောက်အာဏာသိမ်း စစ်ကောင်စီဟာ ကလေးစစ်သား ၉၃ ဦးကို ပြန်လွှတ်ပေးထားပြီးဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

ဇွန်လတုန်းက ကုလသမဂ္ဂ အစီရင်ခံစာထဲမှာတော့ စစ်ကောင်စီ နဲ့ မဟာမိတ် လက်နက်ကိုင် အင်အားစုတွေဟာ အသက်မပြည့်သေးတဲ့ ကလေး ၅၀၀ နီးပါးကို စစ်သားအဖြစ် စုဆောင်းထားပြီး အဲဒီထဲက အများစုဟာ တိုက်ခိုက်ရေး ကဏ္ဍအတွက် အသုံးပြု ခံနေရတယ်လို့ ဖော်ပြထားပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီအပေါ် ကုလသမဂ္ဂက ဖိအားပေးဝေဖန်တာတွေလည်း ရှိခဲ့ပါတယ်။

ဇူလိုင် ၄ ရက်နေ့မှာတော့ စစ်ကောင်စီ လက်အောက်ခံ Global New Light of Myanmar သတင်းစာက ရှားပါးအခြေအနေအဖြစ် ကုလသမဂ္ဂ စွပ်စွဲချက် မှန်ကန်တယ် ဆိုတာကို ဝန်ခံတဲ့ သဘောမျိုး ဖော်ပြသွားပါတယ်။ စစ်ကောင်စီဟာ ကလေးစစ်သား ၉၃ ဦးကို စိစစ်အတည်ပြုပြီး ပြန်လွှတ်ပေးခဲ့သလို နောက်ထပ် စစ်ဆေးမှုတွေ အရလည်း အသက်မပြည့်သေးတဲ့ စစ်မှုထမ်းလို့ ယုံကြည်ရသူ ၁၈ ဦးသာရှိပြီး ဆက်လက် အတည်ပြုနေဆဲလို့သတင်းစာကဆိုပါတယ်။

Public Service Announcement

Public Service Announcement

ကုလသမဂ္ဂရဲ့ ကလေးများနဲ့လက်နက်ကိုင် ပဋိပက္ခ အစီရင်ခံစာထဲမှာတော့ စစ်ကောင်စီနဲ့ လက်အောက်ခံ၊ မဟာမိတ် လက်နက်ကိုင် အင်အားစုတွေဟာ အသက်မပြည့်သေးတဲ့ ယောက်ျားလေး ၄၆၇ ယောက်နဲ့ မိန်းကလေး ၁၅ ယောက်ကို ကလေးစစ်သားတွေအဖြစ်အသုံးပြုခဲ့ကြောင်းဖော်ပြထားပါတယ်။

တော်လှန်ရေးအဖွဲ့တွေ၊ စစ်ကောင်စီကို ဆန့်ကျင်တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေမှာလည်း ကလေးစစ်သားစုဆောင်းမှုတွေ ရှိပေမယ့်စစ်ကောင်စီရဲ့အရေအတွက်လောက်တော့မများဘူးလို့ အစီရင်ခံစာမှာ ထည့်သွင်း ဖော်ပြထားခဲ့ပါတယ်။

စစ်​ကောင်စီက ရန်ကုန်မြို့မှာ ​ဈေး​ရောင်း​နေတဲ့ အသက် ၁၅ နှစ်အရွယ်က​လေးငယ် ​နေထက်လင်းကိုဖမ်းဆီး​ခေါ်​ဆောင်ပြီးစစ်သင်တန်းတက်ခိုင်းပြီး စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ် ၊ကန့်​ဒေါင့်ရွာတိုက်ပွဲကို​စေလွှတ်​စစ်တိုက်ခိုင်းခဲ့ပါတယ် ။ ​ကန့်​ထောင့်ရွာက စစ်တပ်နဲ့ပျူ​စောထီး​တွေဆီိုစစ်ကူသွားရင် PLA နဲ့ပူး​ပေါင်းတပ်​တွေရဲ့ ဖြတ်​တောက်ပိတ်ဆို့တိုက်ခိုက်ခံရပြီး ​နေထက်လင်းလည်းစစ်သုံ့ပန်းအဖြစ်အဖမ်းခံရရင် စစ်တပ်က သူ့ကို ဘယ်လိုဖမ်းဆီးပြီးက​လေးစစ်သားလုပ်ခိုင်းခဲ့တယ်ဆိုတာကို PLA ကတဆင့်​ဖွင့်​ပြောခဲ့ပါတယ် ။

နိုင်ငံတစ်ဝန်း ​တော်လှန်​ရေးတပ်​တွေရဲ့ခုခံတွန်းလှန်မှု​ကြောင့် စစ်မျက်နှာစုံဖွင့်ထားတဲ့စစ်​ကောင်စီဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ လူငယ်​တွေကို အဓမ္မစစ်မှုထမ်းခိုင်​နေသလို ၊​အသက်မပြည့်​သေးတဲ့လူငယ်​တွေအပါအဝင် အရွယ်စုံကိုပုံစံမျိုးစုံနဲ့​ပေါ်တာဆွဲပြီးစစ်မှုထမ်းခိုင်းတာ ၊​ငွေညှစ်တာကို ပုံစံမျိုးစုံနဲ့ပြုလုပ်​နေတယ်လို့ ပြည်သူ​တွေက​ပြောပါတယ် ။

ကိုးကား-Bangkok Post

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။