Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်တွင် ဇွန်လအတွင်း ဖမ်းဆီးခံရသူ ၈၀ ခန့်ရှိပြီး ၁၂ ဦးသာပြန်လွတ်လာဟု RSN ထုတ်ပြန်

ဇွန်လအတွင်း ရန်ကုန်မြို့ရှိ မြို့နယ်များမှ စစ်ကောင်စီ၏ မတရားဖမ်းဆီးခံရသူ ရှစ်ဆယ်ခန့်ရှိပြီး ပြန်လည်လွတ်မြောက်လာသူ ၁၂ ဦးသာရှိကြောင်း ရန်ကုန်မြေပြင်သတင်းများကို ဖော်ပြပေးနေသည့် Rangoon Scout Network (RSN) က အသိပေးသည်။

စစ်​ကောင်စီက အဓမ္မစစ်သားစု​ဆောင်းထားသူများကို စစ်သင်တန်း​ပေးရန်ပြင်ဆင်​စဥ်။ ဓါတ်ပုံ-စစ်​ကောင်စီ

ဇူလိုင်-၄၊၂၀၂၅။ရောင်နီ/People’s Spring

ဇွန်လအတွင်း ရန်ကုန်မြို့ရှိ မြို့နယ်များမှ စစ်ကောင်စီ၏ မတရားဖမ်းဆီးခံရသူ ရှစ်ဆယ်ခန့်ရှိပြီး ပြန်လည်လွတ်မြောက်လာသူ ၁၂ ဦးသာရှိကြောင်း ရန်ကုန်မြေပြင်သတင်းများကို ဖော်ပြပေးနေသည့် Rangoon Scout Network (RSN) က အသိပေးသည်။

ဖမ်းဆီးခံရသူများအနက် ၁၉ ဦးသည် အလုပ်ရမည်ဟု လိမ်လည်ခေါ်ယူခြင်း ၊ စစ်မှူထမ်းအတွက် စာရင်းပါခြင်း နှင့် လမ်းပေါ်၌ပေါ်တာဆွဲခံရသည့် အကြောင်းအရာများဖြင့် ဖမ်းဆီးခံရခြင်းဖြစ်ပြီး စစ်မှုထမ်းသင်တန်းအတွက် ပို့ဆောင်ခံခဲ့ရသည်ဟု RSN ကဆိုသည်။

“လူမှုကွန်ယက်မီဒီယာပေါ်တွင် စစ်ကောင်စီကို ဝေဖန်ရေးသားသောကြောင့်ဟု ဆိုကာ ထုတ်ပြန် ကြေညာ ၍ ဖမ်းဆီးခံရသူ ၇ ဦးထိ ရှိသည်။ တော်လှန်ရေး လှုပ်ရှားလို့ဟုဆိုကာ ဖမ်းဆီးခံရသူ ၅ ဦး ရှိသည်။ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ သပိတ်တွင် ပါဝင်သည်ဟု စွပ်စွဲခံရကာ ဖမ်းဆီးခံရသူ ၃ ဦး ရှိသည်။” ဟု RSN ကထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

မြို့နယ်များအနက် မြောက်ဥက္ကလာပမြို့နယ်တွင် ဖမ်းဆီးခံရသူ အများဆုံးဖြစ်ပြီး ဇွန်လ အတွင် ၁၅ ဦးအထိ ဖမ်းဆီးခံရသည်ဟု RSN ၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ဗိုလ်တထောင်မြိုနယ်၌ ဇွန် ၁၆ ရက်က ဆရာဝန်တစ်ဦးကို CDM လုပ်သည်ဆိုသည့်အကြောင်းပြချက်ဖြင့် ဖမ်းဆီးခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာသည်ဟု ဗိုလ်တထောင်‌မြို့ခံတစ်ဦးကပြောသည်။

ထို့ပြင် ပြီးခဲ့သည့် ရက်က အင်းစိန်မြို့နယ် ပေါက်တောဝမှတ်တိုင်အနီး၌လူငယ်အမျိုးသား အမျိုးသမီးများကို ဖမ်းဆီးမှုရှိသည်ဟု ကြားရကြောင်း ယင်းမြိုနယ်၌ နေထိုင်သူတစ်ဦးကပြောသည်။ လူမှုကွန်ယက်တွင်လည်းဇူလိုင် လဆန်းတွင် ​ပေါက်​တောဝတွင် စစ်​ကောင်စီက လူငယ်အချို့ကိုဖမ်းဆီးသွာသည်ဆို​သောဗီဒီယိုဖိုင်တခုပျံ့နှံ့လာသည်။ရုပ်သံမှတ်တမ်းတွင် လူသွားလူလာများရှိ​နေ​သော​နေ့ခင်းဘက်မှာပင် စစ်သားများကလူငး်အချို့ကို ကားဆီးဖမ်း​ခေါ်သွားသည်ကို​တွေ့ရ​​သော်လည်း ဘယ်ရက်ကဖြစ်ပွားခဲ့သည်ကို People’s Spring က သီးခြားအတည်မပြုနိုင်​သေးပါ။

ဇွန်လအတွင်း ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့သပိတ်ပါဝင်သည်ဟုစွပ်စွဲကာ ဖမ်းဆီးခံရသူ သုံးဦးရှိပြီး တော်လှန်ရေးတွင်ပါဝင်လှုပ်ရှားခြင်း ၊စစ်ကောင်စီကို လူမှူကွန်ရက်မှ ဝေဖန်ခြင်းစသည့် အကြောင်းပြချက်များဖြင့် ဖမ်းဆီးခံရသူ ၁၂ ဦးရှိသည်ဟု RSN ကဆိုသည်။

ဖမ်းဆီးခံထားရသူများအနက် ၅၅ ဦး၏ သတင်းကို စုံစမ်း၍ မရကြောင်း RSN က​ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့လယ်ခေါင်ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာ ဒီကနေ့ (စက်တင်ဘာ ၁၉)ညမှာအမျိုးသားတစ်ဦး မူးယစ်ဆေးသုံးစွဲပြီး ကားကိုမောင်းနှင်တာမှာ လမ်း​ပေါ်ရှိတဲ့ ကား​တွေကို လိုက်လံတိုက်ခိုက်မှု ဖြစ်ပွားခဲ့တယ်လို့ဒေသခံပြည်သူတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

၂နှစ်တာအတွင်း သေဆုံး စစ်ကောင်စီတပ်သား ၂သောင်းကျော်အနက် သေဆုံသူအများစုဟာ ပစများဖြစ်ဟုဆို

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။