Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းမြို့နယ်ကို စစ်တပ်က စစ်​ကြောင်း သုံး​ကြောင်းဖြင့်ထိုးစစ်ဆင်

စစ်ကိုင်းတိုင်း၏ ဝင်ပေါက်၊ထွက်ပေါက်ဖြစ်ရာ စစ်ကိုင်းမြို့နယ်ကို စစ်ကောင်စီက စစ်ကြောင်းသုံးကြောင်းဖြင့် အင်အား ၁,၀၀၀ ဝန်းကျင်အသုံးပြုထိုးစစ်ဆင်နေကြောင်း စစ်ကိုင်းပြည်သူ့ကာကွယ် ရေးတပ်မတော် (စစ်ကိုင်း-PDF) တာဝန်ရှိသူကပြောသည်။

စစ်ကောင်စီစစ်ကြောင်းကိုခုခံနေသည့်စစ်ကိုင်းPDF တပ်ဖွဲ့ဝင်များကိုတွေ့ရစဥ်။ဓါတ်ပုံ-Sagaing PDF

ဇူလိုင်-၆၊၂၀၂၅။ရဲခေါင်/People’s Spring

စစ်ကိုင်းတိုင်း၏ ဝင်ပေါက်၊ထွက်ပေါက်ဖြစ်ရာ စစ်ကိုင်းမြို့နယ်ကို စစ်ကောင်စီက စစ်ကြောင်းသုံးကြောင်းဖြင့် အင်အား ၁,၀၀၀ ဝန်းကျင်အသုံးပြုထိုးစစ်ဆင်နေကြောင်း စစ်ကိုင်းပြည်သူ့ကာကွယ် ရေးတပ်မတော် (စစ်ကိုင်း-PDF) တာဝန်ရှိသူကပြောသည်။

စစ်ကောင်စီတပ်က ဇွန် ပထမအပတ်ကစ၍ စစ်ကိုင်းမြို့နယ် တဲကြီးတိုက်နယ်ကိုစစ်ကြောင်းတစ်ကြောင်း၊ မင်းကွန်းတိုက်နယ်ကို စစ်ကြောင်းတစ်ကြောင်း နှင့် အုန်းတောတိုက်နယ် စစ်ကိုင်း- ရွှေဘိုလမ်းကိုစစ်ကြောင်း တစ်ကြောင်း ဖြင့် ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်။

“စစ်ကြောင်းတစ်ကြောင်းမှာအင်အား ၂၅၀၊၃၀၀ ခန့်ရှိပါတယ်”ဟုအထက်ပါတာဝန်ရှိသူကပြော သည်။

Public Service Announcement

Public Service Announcement

စစ်ကိုင်းမြို့၊အနောက်ခြမ်းတဲကြီးတိုက်နယ်ရှိစစ်ကောင်စီစစ်ကြောင်းသည် ဇူလိုင် ၆ ရက်အထိအနီးပတ်ဝန်းကျင်ကျေးရွာများကို စစ်ကြောင်း ထိုးဖမ်းဆီးမှုများရှိနေပြီး ရဲဘော်နှစ်ဦး နှင့် ပြည်သူ ၁၀ ဦးကို သတ်ဖြတ်ကာနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း စစ်ကိုင်း PDF ကအသိပေးသည်။

ထို့အတူ စစ်ကိုင်းမြို့မြောက်ခြမ်းမင်းကွန်းတိုက်နယ်ကို စစ်ကောင်စီတပ်များသည် မင်းကွန်းရဲစခန်းကိုအခြေပြုပြီးတော်လှန်ရေးတပ်ဖွဲ့များ စိုးမိုးထားသည့် နယ်မြေများကို စစ်ကြောင်းထိုးလှုပ်ရှား​နေ​သောကြောင့် နေ့စဥ်နီးပါးတိုက်ပွဲဖြစ်နေသည်။

“မင်းကွန်းတိုက်နယ်မှာ စကစတပ်များကသံဃာတစ်ပါး အပါအ၀င် ခန့်မှန်း ပြည်သူ ၂၀ ကျော်၀န်းကျင်ကို သတ်ဖြတ်ထားပြီး လက်ပံ၊မင်းကွန်း၊ရှားရောင်း၊ကင်း၊ချောင်းမကြီးရွာကလူနေအိမ် ၂၀၀ ကျော်ခန့်ကို မီးရှို့ဖျက်ဆီးထားပါတယ်”ဟုစစ်ကိုင်းမြို့နယ်စစ်ရေးသတင်းရင်းမြစ်ကပြောသည်။

ထိုအပြင်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊ဟောင်ဝှစ်ဇာ ပစ်ခတ်မှုကြောင့် ​တော်လှန်​ရေး ရဲဘော် ၃ဦးကျဆုံးခဲ့ပြီး၊ ရဲဘော်ဆယ်ဂဏန်းအဒဏ်ရာရရှိခဲ့​ကြောင်းသိရသည်။ထိုတိုက်ပွဲများတွင် စစ်ကောင် စီတပ်သား ၅၀ ဦးနှင့် အထက်​သေဆုံးခဲ့သည်ဟုအထက်ပါစစ်ရေးသတင်းရင်းမြစ်ကပြောသည်။

တိုက်ပွဲကြောင့် မင်းကွန်းတိုက်နယ်မှ မင်းကွန်းရွာအပါအ၀င် ကျေးရွာ ၁၀ရွာ ခန့်က ပြည်သူများနေရပ်စွန့်ခွာ စစ်ဘေးရှောင်​နေရသည်မှာ သုံးလကျော် နေပြီဖြစ်ကြောင်း ၎င်းကဆက်​ပြောသည်။

အုန်းတောရွာအနီးရှိ ၆၀၀၅တင့်ကားတပ်ကိုအခြေပြု၍ စစ်ကိုင်း-ရွှေဘိုလမ်းအတိုင်းစစ်ကြောင်းထိုးလာသည့် စစ်တပ် စစ်​ကြောင်းမှာလည်းရုန်းပင်ကန်၊သစ်ချိုကုန်းရွာ၌ တပ်စွဲထား သည်။

ထိုစစ်ကြောင်း နှင့် ဒေသခံတော်လှန်ရေးတပ်များ သည် စစ်ကိုင်း-ရွှေဘိုလမ်းတစ်လျှောက် တိုက်ပွဲ ဖြစ်နေပြီး စစ်ရှောင်ကျေးရွာ ၁၀ ထက်မနည်းရှိ နေကြောင်း သိရသည်။

“စစ်ကြောင်းထိုးလာတဲ့စကစတပ်တွေ အထိနာရင် အုန်းတောတပ်က ဟောင်ဝှစ်ဇာ၊ တင့်ကား၊သံ ချပ်ကာကားတွေ နဲ့ ထုတ်ပစ်တာရှိလို့ ပြည်သူသေဆုံးထိခိုက်တာနဲ့ မီးလောင်ပျက်စီးတာတွေရှိတယ်။ စကစတပ်က သေဆုံးထိခိုက် ၅၀ လောက်ရှိသလို တော်လှန်ရေးရဲဘော်တွေလည်းထိခိုက်မှုရှိပါတယ်”ဟုစစ်ကိုင်းPDFတာဝန်ရှိသူကပြောသည်။

လက်ရှိစစ်ရေးနှင့် စစ်ဆိုင်းထားရသည့် ကာလကြောင့် ဒေသခံတော်လှန်ရေးအင်အားစုများနှင့် စစ်ရှောင်ပြည်သူများအတွက် ဝိုင်းဝန်းကူညီပေးရန် အထက်ပါတာဝန်ရှိသူကတိုက်တွန်းသည်။

“ရွေးကောက်ပွဲကြောင့်နယ်မြေတွေပြန်စိုးမိုးချင်လို့”ဟု မင်းကွန်းတိုက်နယ်တွင် စစ်ကောင်စီ၏ စစ်ကြောင်းကို ခုခံနေသည့် ယူနီကွန်းပျောက်ကြား တပ်တာဝန်ရှိသူက စစ်တပ်စစ်​ကြောင်းထိုးတိုက်ခိုက်မှုအ​ပေါ်သုံးသပ်ပြောသည်။

စစ်ကောင်စီစစ်ကြောင်းကို ဆက်လက်ခုခံနိုင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ ၊NUG ၏ ကာ ကွယ်ရေးဝန်ကြီးဌာန၏ ထောက်ပံ့မှုလိုနေကြောင်းလည်း ယူနီကွန်းပျောက်ကြားတပ်မှ တာဝန်ရှိသူက ​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရှေးဟောင်းယဉ်ကျေးမှုနယ်မြေပုဂံမြို့တောင်ဘက်က ကျေးရွာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတယ်လို့ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ ပုဂံဗိုလ်ချိုတပ်ဖွဲ့က ပြောပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်၊ စဉ့်ကိုင်‌‌‌ကျေးရွာကို မနေ့(မတ်လ ၁၆ရက်)ညပိုင်းက စစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် သက်ကြီးရွယ်အိုနဲ့ လသားကလေးငယ်အပါအဝင် သေဆုံးသူ ၄ဦးရှိပြီး ထိခိုက်‌‌ဒဏ်ရာရသူတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်​ကောင်စီတပ်ကမနေ့ (ဇန်နဝါရီ ၃ရက်​)ညပိုင်းမှာ စစ်ကိုင်းမြို့နယ်၊မြင်းဆည်ရွာကိုတညလုံးလေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တာမို့ ပြည်သူ၁၀ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ ကနဦးသတင်းရရှိပါတယ်။

သတင်း

တိုက်ပွဲအတွင်း စစ်ကောင်စီတပ် ၁၂ ဦး သေဆုံးပြီး တော်လှန်ရေးရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များက အသိပေးသည်။