Connect with us

Hi, what are you looking for?

သတင်း

မင်းတုန်းမြို့နယ်အနောက်ခြမ်းမှာ စစ်ကြောင်းထိုးနေစစ်တပ် ရခိုင်ရိုးမပေါ်မတက်နိုင်သေး

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အနောက်ခြမ်းက စစ်တပ် စစ်ကြောင်းဟာ ရခိုင်ရိုးမပေါ်မတက်နိုင်သေးဘူးလို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

(အာဏာသိမ်းစစ်တပ်ရဲ့ စစ်ယာဉ်တန်းတွေကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

ဩဂုတ်-၁၊၂၀၂၆။ဖိုးသား/People’s Spring

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အနောက်ခြမ်းက စစ်တပ် စစ်ကြောင်းဟာ ရခိုင်ရိုးမပေါ်မတက်နိုင်သေးဘူးလို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်တပ်က ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ဇော်မင်း ဦးစီးပြီး အင်အား ၁၀၀၀ ခန့်နဲ့ ရခိုင်ရိုးမကို ဇွန်လဆန်းပိုင်းကတည်းက ထိုးစစ်ဆင်နေတာလို့ ဆိုပါတယ်။

ဒါအပြင် ရိုးမပေါ်တက်တဲ့ တိုက်ပွဲတွေအတွင်း စစ်တပ်က သေဆုံးမှုများနေတာကြောင့် ရိုးခြေက ကျေးရွာတွေမှာပဲ ပြန်ပြီး တပ်စွဲထားရတယ်လို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

“စစ်ကြောင်းက ပြောင်းကျေးရွာ၊ထန်းပင်ကုန်းကျေးရွာ၊ဖြူကန်ကျေးရွာ၊ထိန်ကိုင်း နဲ့ တမာ ကျေးရွာတွေမှာ သူတို့တပ်စွဲပြီးနေတယ်”လို့ မင်းတုန်းမြို့နယ် စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

တပ်စွဲထားတဲ့ ကျေးရွာတွေနဲ့ ရိုးမပေါ်ကတဆင့် ရခိုင်ဘက်ကိုသွားတဲ့လမ်းကြောင်းတွေကို စစ်တပ်က ဖြတ်တောက်ပိတ်ဆို့ထားတယ်လို့လည်း သူက အသိပေးပါတယ်။

“လက်ရှိ ရာသီဥတုအခြေအနေအရ မိုးတွင်းကာလ ဖြစ်တဲ့အတွက် အဲဒီအခြေအနေပေါ်မူတည်ပြီး နောက်ထပ်ရိုး ပေါ် ထိုးမယ်၊မထိုးဘူးဆိုတာက ကျွန်တော်တို့ ဆက် စောင့်ကြည့်ရပါဦးမယ်”သရက်ခရိုင်တပ်ရင်း (၄) ပြောရေးဆိုခွင့်ရှိသူ ကိုမြတ်က ပြောပါတယ်။

ပြီးခဲ့တဲ့လဆန်းပိုင်းက မင်းတုန်းမြို့အနောက်ခြမ်းမှာ တပ်စွဲထားတဲ့ စစ်သား ၄ဦး လက်နက်တွေယူလာပြီး တော်လှန်ရေးတပ်တွေထံ ထွက်ပြေးလာခဲ့တာရှိပါတယ်။

သရက်မြို့အခြေစိုက် အမှတ် (၄၄) ခြေလျင်တပ်ရင်း (ခလရ-၄၄)၊အမှတ် (၁၂) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၂) ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်လက် အောက်ကတပ်အင်အား ၁၀၀၀ ကျော်ကို အသုံးပြုပြီး မင်းတုန်းအနောက်ခြမ်း ရခိုင်ရိုးမပေါ်ကို စစ်တပ်က ထိုးစစ်ဆင်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။

စစ်တပ်စစ်ကြောင်းတိုက်ခိုက်မှု‌တွေအရ ဇွန်လ ၃ ရက်က မင်းတုန်းမြို့နယ်တိုက်ပွဲတွေနဲ့ သရက်ခရိုင်အတွင်းမှာ စစ်တပ်ရဲ့ ဗိုလ်မှူးနဲ့ ဗိုလ်ကြီးအပါအဝင် သုံ့ပန်း ၁၈ဦး ဖမ်းမိခဲ့ပါတယ်။

မင်းတုန်းမြို့နယ်အနောက်ဘက်မှာ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ရှိပြီး အာရက္ခတပ်တော် (AA) က ၂၀၂၄ နိုဝင်ဘာကတည်းက သိမ်းပိုက်ထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ် စစ်ကြောင်းထိုးနေတဲ့ကြားက အာဇာနည်နေ့ အခမ်းအနားကို တော် လှန်ရေးအင်အားစုတွေ ကျင်းပခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊မင်းတုန်းမြို့နယ်ကနေ ရခိုင်ရိုးမဆီ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်က တပ်သားတချို့ဟာ လက်နက်ယူပြီး ထွက်ပြေးအလင်းဝင်လာတယ်လို့ ‌ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊သရက်မြို့နယ် အခြေစိုက် အမှတ်(၁၂)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၁၂)က စစ်တပ်စစ်ကြောင်းဟာ မင်းတုန်းမြို့နယ်ကို ဦးတည်လာနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊မင်းတုန်းမြို့နယ်အနောက်ခြမ်းရခိုင်ရိုးမကိုစစ်တပ်က မြေ ပြင်စစ်ကြောင်းတွေ ထိုးမရတာကြောင့် လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။