Connect with us

Hi, what are you looking for?

သတင်း

ဖားဆောင်းမြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေ၊ ရဲဘော်တစ်ဦးကျဆုံး

ကရင်နီပြည်နယ်က ဖားဆောင်းမြို့သိမ်းတိုက်ပွဲဟာ ဆက်လက်ပြင်းထန်နေပြီး ရဲဘော်တစ်ဦးကျဆုံးခဲ့တယ်လို့ ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၊ ဗဟိုစစ်ဦး၊ တပ်ရင်းအမှတ် ၆၂၆ (KPLA- B 626) တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

ဖား​ဆောင်းတိုက်ပွဲမှာ ကျဆုံးခဲ့တဲ့တပ်ရင်းအမှတ် ၆၂၆ တပ်ခွဲ (၁)၊ဒုတပ်ခွဲမှူးရဲဘော်မောင်ထိုး ။ဓါတ်ပုံ- တပ်ရင်ယအမှတ် ၆၂၆ တပ်ခွဲ -၁

ဇူလိုင်-၆၊၂၀၂၅။ရဲခေါင်/People’s Spring

ကရင်နီပြည်နယ်က ဖားဆောင်းမြို့သိမ်းတိုက်ပွဲဟာ ဆက်လက်ပြင်းထန်နေပြီး ရဲဘော်တစ်ဦးကျဆုံးခဲ့တယ်လို့ ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၊ ဗဟိုစစ်ဦး၊ တပ်ရင်းအမှတ် ၆၂၆ (KPLA- B 626) တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

ဇူလိုင် ၅ ရက်က တပ်ရင်းအမှတ် ၆၂၆ တပ်ခွဲ (၁)မှာ တာဝန်ထမ်းဆောင်နေတဲ့ ဒုတပ်ခွဲမှူးရဲဘော်မောင်ထိုးဟာ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရင်း ကျဆုံးခဲ့တာလို့ တာဝန်ရှိသူက ပြောပါတယ်။

“လိုင်းပေါ်မှာ တင်နေကြတာမဟုတ်သေးဘူး။ကျွန်တော်တို့ တစ်ခုပဲရသေးတယ်။ကျန်တဲ့တစ်ခု ထပ်ရဖို့ အလုပ်လုပ်နေကြရတုန်းပဲ”လို့ အထက်ပါ တာဝန်ရှိသူက ဖားဆောင်းမြို့တိုက်ပွဲ အခြေအနေကို ရှင်းပြပါတယ်။

Public Service Announcement

Public Service Announcement

မနေ့က ကျဆုံးခဲ့တဲ့ ရဲဘော်ဟာ ဆေးရုံကို ရောက်ခဲ့ပေမဲ့ အသက်မမီခဲ့ဘဲ ဖားဆောင်း မြို့သိမ်းတိုက်ပွဲမှာ တပ်ရင်းအမှတ် ၆၂၆ရဲ့ သုံးဦးမြောက်ကျဆုံးရဲဘော်ဖြစ်ခဲ့ကြောင်း သူက ​ပြောပါတယ်။

ဇွန် ၂၅ ရက်ကစပြီး ဖားဆောင်းမြို့နယ်မှာ စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန်တပ်စခန်းဖြစ်တဲ့ ခလရ ၁၃၄ နဲ့ ၁၃၅ ကို ထိုးစစ်ဆင်ခဲ့တယ်လို့ ကရင်နီတပ်ပေါင်းစုံစစ်ဦးစီးအဖွဲ့ -JCS က ဇူလိုင် ၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဇွန် ၃၀ ရက်မှာ ခလရ ၁၃၄ ကို ရရှိခဲ့ပြီး ခလရ ၁၃၅ ကိုဆက်လက်ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။

“ခလရ ၁၃၅ ကျန်သေးတယ်။သူ့ကိုသိမ်းပြီးမှ ဖားဆောင်းမြို့ကို အလုံးစုံထိန်းနိုင်ပြီ”လို့ ကရင်နီတပ်ပေါင်းစုံစစ်ဦးစီးအဖွဲ့တာဝန်ရှိသူက လူထုနွေဦးကို ပြောထားပါတယ်။

ဖားဆောင်းမြို့နယ်က တပ်ရင်းနှစ်ရင်းကို ထိုးစစ်စတင်တဲ့နေ့ကစလို့ ဂျက်ဖိုက်တာတွေအပြင်(Y 12၊ Y 8၊ FTC 2000 G နဲ့ Military Transport Aircraft တွေနဲ့ပါ လေကြောင်းပစ်ကူတွေနဲ့ စစ်ကောင်စီက အပြင်းအထန် တိုက်ခိုက်နေတာပါ။

ဇူလိုင် ၂ ရက် ၊ မနက် ၁ နာရီခန့်က ဖားဆောင်းမြို့ တိုက်ပွဲကို ဗုံးကြဲတိုက်ခိုက်ဖို့လာတဲ့ စစ်ကောင်စီက ဂျက်လေယာဥ် လေးစီးကို ကရင်နီတပ်ပေါင်းစုံ တော်လှန်ရေးတပ်တွေက တန်ပြန်တိုက်ခိုက်ခဲ့ရာ တရုတ်နိုင်ငံထုတ် FTC 2000 G တိုက်လေယာဥ်တစ်စီးကို ပစ်ချနိုင်ခဲ့ပါတယ်။

ပစ်ခတ်ခံရပြီး ပျက်ကျသွားတဲ့ တိုက်လေယာဥ်ကို ဒီကနေ့ နေ့လယ် ၂ နာရီခန့်မှာ ဖားဆောင်းမြို့အနီးမှာပဲ ရှာဖွေတွေ့ရှိခဲ့ကာ တိုက်လေယာဥ်ကိုယ်ထည်အပျက်အစီးတွေနဲ့အတူ လေယာဥ်မှူးနှစ်ဦး ရုပ်အလောင်းအပိုင်းအစတွေကို တွေ့ရှိခဲ့ကြောင်း JCS က ပြောပါတယ်။

ဖားဆောင်းမြို့မှာရှိတဲ့စစ်ကောင်စီအခြေစိုက်စခန်း ခလရ ၁၃၄၊၁၃၅ ဟာ ဓားလွယ်ခုတ်အနေအထားရှိပြီး တပ်နှစ်ခုကြား ပေ ၃၀၀၀ ဝန်းကျင်ကွာဝေးပါတယ်။

ဘောလုံးကွင်းသုံးကွင်းကျော် အကျယ်စီရှိတဲ့ အဲဒီတပ်နှစ်ခုဟာ ဘန်ကာတွေများစွာနဲ့ အခိုင်အမာခံစစ် ပြင်ထားကြောင်း စစ်ရေးအချက်အလက်အရ သိရပါတယ်။

ဖားဆောင်းမြို့နယ်ရဲ့ အရှေ့ဘက်ခြမ်းမှာ ကရင်နီတပ်ပေါင်းစုက သိမ်းပိုက်ထားပြီးဖြစ်တဲ့မယ်စဲ့မြို့နယ်ရှိပြီး အနောက်ဖက်ခြမ်းမှာတော့ကရင် ပြည်နယ်သံတောင်ကြီး၊တောင်ဘက်ခြမ်းမှာ ဖာပွန်နဲ့ မြောက်ဘက်ခြမ်းမှာ ဘောလခဲ မြို့နယ်တို့ရှိပါတယ်။

၂၀၂၄ ခုနှစ်ဖေဖော်ဝါရီ ၂၉ရက်မှာစတင်ခဲ့တဲ့ဖားဆောင်းမြို့သိမ်းတိုက်ပွဲအတွင်း စစ်တပ်ရဲ့စခန်း ၉ ခုနဲ့ ကာကင်းနေရာသုံးခုကို ကရင်နီတပ်ပေါင်းစုက မနှစ်ကတည်းက သိမ်းပိုက်နိုင်ခဲ့ပါတယ်။ဒါ​ကြောင့်ကျန်​နေတဲ့ တပ်ရင်း ဌာနချုပ် ၂ ခုကိုအပြီးသတ်သိမ်းပိုက်ဖို့ထိုးစစ်ဆင်​နေတာဖြစ်ပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ယ‌နေ့ (ဇူလိုင် ၁၂ရက်) ညပိုင်း၌ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ပစ်သည့် လက်နက်ကြီးကျည်ကျ၍ နေအိမ်အချို့မီးလောင်ကာ တိုက်ပွဲအတွင်း ပိတ်မိသူ အမျိုးသားနှစ်ဦး သေနတ်ကျည်ထိမှန်ပြီး သေဆုံးသွားခဲ့သည်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ကချင်လွတ်လပ်ရေး တပ်မ တော်(KIA)၊ကချင်ဒေသကာကွယ်ရေးတပ်(KPDF)ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ ယ‌နေ့ (ဇူလိုင် ၁၁ရက်)ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုများကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့အနီးမှာ နေရာစုံစစ်မျက်နှာပြင်အားလုံး တိုက်ပွဲတွေပြင်းထန်နေတယ်လို့ နောင်ချိုမြို့ခံတွေက ပြောပါတယ်။

သတင်း

ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ဖြစ်သည့် ဝါဆိုလပြည့်ညပိုင်းတွင် ကရင်နီပြည် နှင့် မကွေးတိုင်း ၌ စစ်ကောင်စီက လေကြောင်းမှဗုံးကြဲရာ ပြည်သူ ခုနှစ်ဦးထက်မနည်းသေဆုံးခဲ့သည်။