Connect with us

Hi, what are you looking for?

သတင်း

စလင်း-ဆင်ဖြူကျွန်းလမ်းပိုင်းတွင် စစ်တပ်က PDFယူနီဖောင်း များဝတ်၍ စစ်ဆေး​နေ

ပြည်သူများစစ်သား နှင့် PDF မှားမည်ကိုသတိပြုရန် စလင်းပကဖ သတိ​ပေး

စလင်း ပကဖ တပ်ဖွဲ့ဝင်များ နှင့် စလင်း -ဆင်ဖြူကျွန်းလမ်းပိုင်းတွင် စစ်တပ်စစ်ကြောင်းကိုခုခံနေသည့်ရဲဘော်များကိုတွေ့ရစဥ်။ ဓာတ်ပုံ-စလင်းပကဖ

ဇူလိုင်-၆၊၂၀၂၅။ရဲခေါင်/People’s Spring

မကွေးတိုင်း၊စလင်းမြို့နယ် စလင်း-ဆင်ဖြူကျွန်း ကားလမ်းပိုင်းတွင် စစ်ကောင်စီတပ်က PDF ယူနီဖောင်း များဝတ်၍ စစ်ဆေးမှုပြုလုပ်နေကြောင်း မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့(ဇူလိုင် ၆ ရက်)တွင် အရေးပေါ်သတိ​ပေးထုတ်ပြန်သည်။

ထို့ကြောင့် ပြည်သူများ အဖွဲ့အစည်းလွဲမှားပြီးဒုက္ခ ရောက်မည်ကိုစိုးရိမ်ကြောင်း စလင်းပကဖ တာဝန်ခံ ကိုအောင်ဆန်းက ​ပြောသည်။

“အစစ်ဆေးခံခဲ့ရတဲ့ ပြည်သူတွေကနေတဆင့်သိရတယ်”ဟု ကိုအောင်ဆန်းက စစ်ကောင်စီတပ်သားများ PDF ယူနီဖောင်းဝတ်ထားသည့်ကို သိရပုံအား​ပြောပြသည်။

Public Service Announcement

Public Service Announcement

စလင်း-ဆင်ဖြူကျွန်းကားလမ်းပိုင်းကို စစ်ရေးအခြေအနေအရ ပြည်သူများအသုံးမပြုရန် ဇွန် ၂၈ ရက်ကတည်းက စလင်းပကဖ က ယာယီ လမ်းပိတ်ထားဆဲ ဖြစ်ကြောင်းအသိပေးသည်။

တင့်ကား နှင် သံချပ်ကာ ယာဥ်များပါဝင်သည့် မြေပြင် အင်အား ၂၀၀ ဝန်းကျင်ပါသည့် စစ်တပ်စစ်ကြောင်းသည် စလင်းမြို့မှ ဆင်ဖြူကျွန်းမြို့သို့ သွားသည့် လမ်းပိုင်းနှင့်ပတ်ဝန်းကျင် ကို ထိုးစစ်ဆင်လာခြင်းဖြစ်သည်။

ထို့နောက်ဇွန်လ ၂၉ ရက် နှင့် ၃၀ ရက်တို့တွင် နှစ်ရက်ဆက်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်မှ ခုနှစ်ဦး သေဆုံးခဲ့သည်။ ရဲဘော်သုံးဦးဒဏ်ရာရခဲ့ပြီးထိုအနက် ရဲဘော်တစ်ဦး ကျဆုံးခဲ့သည်။

လက်ရှိအချိန်ထိလည်းစစ်ကောင်စီတပ်စစ်ကြောင်းသည် စလင်း-ဆင်ဖြူကျွန်း လမ်းပိုင်းပတ်ဝန်း ကျင်၌ တပ်ဖြန့်ထားဆဲဖြစ်ကြောင်း စလင်း မြို့နယ် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

စစ်ကောင်စီစစ်ကြောင်းသည် ကျေးရွာများကို မီးရှို့ခြင်း ဒေသခံများကို ဖမ်းဆီး၍ လူသားဒိုင်းအဖြစ်အသုံးပြုထားကြောင်းသိရသည်။

ဒေသတွင်းကာကွယ်ရေးတပ်များ၏စိုးမိုးရာလမ်းကြောင်းကို စစ်ကောင်စီက အင်အားသုံး နယ်မြေရှင်းလင်းခြင်းဟု ဒေသခံစစ်ရေးသတင်းရင်းမြစ်က ယူဆသည်။

“မြို့နှစ်မြို့ကြားမှာသူတို့(စစ်ကောင်စီ) ယန္တရားလည်ပတ်တာတွေ ရပ်ဆိုင်းသလိုဖြစ်နေတာ”ဟု ၎င်းက ပြောသည်။

စစ်ကောင်စီတပ်သည် ၎င်း၏ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ)များအတွက်အရေးပါသည့် စလင်း -ဆင်ဖြူကျွန်းနှင့် တညောင်လမ်းပိုင်းအား ထိန်း ချုပ်ရန် မကြာခဏ ကြိုးပမ်းနေပြီး ယခုနှစ်စ ကတည်းက စလင်းမြို့နယ်အတွင်း လစဥ် စစ် ကြောင်းထိုးနေသည်။

ထို့အပြင်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ပြုလုပ်မည့် ရွေးကောက်ပွဲအတွက် နယ်မြေရှင်းလင်းကာ စလင်းမြို့ကို စစ်ကောင်စီကကာကွယ်ရန်ကြိုးပမ်း ခြင်းဟု စလင်း ပကဖ မှ ကိုအောင်ဆန်းက သုံးသပ်သည်။

ပြီးခဲ့သည့်မေလကလည်းစစ်ကောင်စီသည် ပခုက္ကူမြို့ အခြေစိုက် တပ်မ(၁၀၁)နှင့် မကွေးမြို့အခြေစိုက် တပ်မ(၈၈)လက်အောက်ခံ ခလရ (၂၅၃၊၂၅၄ နှင့်၂၅၅)တပ်ရင်းများဖြင့် စလင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးခဲ့သည်။

ထိုစစ်ကြောင်းသည် ပြည်သူခြောက်ဦးကို သတ် ဖြတ်ခဲ့ပြီး ဒေသခံနေအိမ် ၄၀၀ ကျော်ကို မီးရှို့ခဲ့ ကြောင်း ဒေသတွင်း အရပ်ဘက်အဖွဲ့အစည်းအချို့က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်ကို စစ်ကြောင်းထိုးနေတဲ့ စစ်တပ်က ဒရုန်းနဲ့ ကျေးရွာတွင်း ဗုံးကြဲခဲ့တာကြောင့် ဆည်ကွဲကျေးရွာက အမျိုးသားတစ်ဦး သေဆုံးပြီး အမျိုးသမီးတစ်ဦး ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်မြောက်ပိုင်းရှိအာဏာသိမ်းစစ်တပ်ရဲ့ တခုတည်းသော ထိန်းချုပ်နယ်မြေ စစ်တွေနဲ့ ထိစပ်နေတဲ့ ပု ဏ္ဏားကျွန်းမြို့နယ်ကနေရာအချို့ကိုဒီနေ့ နေ့လယ်ပိုင်းမှာ စစ်တပ်က ဂျက်ဖိုက်တာတွေနဲ့ ဗုံးပတ်ကြဲနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

စစ်တပ်ကို တရားဝင်မှုပေးနိုင်တဲ့လုပ်ရပ်တွေ ရှောင်ရှားဖို့နဲ့ ဒုက္ခသည်တွေကို အဓမ္မပြန်လည်ပို့ဆောင်တာတွေကနေကာကွယ်ပေးဖို့ ထိုင်းဝန်ကြီးချုပ်ဆီကို တောင်းဆိုတဲ့လှုပ်ရှားမှုကို ပြည်ပရောက် မြန်မာတွေက ဒီနေ့(စက်တင်ဘာ၂) သက်ဆိုင်ရာ ထိုင်းနိုင်ငံသံရုံးတွေရှေ့မှာ တပြိုင်နက်လုပ်ဆောင်ခဲ့ကြပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကြောင်းထိုး သတ်ဖြတ်မှုတွေကြောင့် ၄လအတွင်း စိတ်ကျန်းမာရေးမကောင်းသူတွေ အပါအဝင် ပြည်သူ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။