Connect with us

Hi, what are you looking for?

သတင်း

သုခစစ်စခန်းတာဝန်ခံဗိုလ်ကြီးမျိုးဆွေဦး စခန်းသိမ်းမခံရမီငါးရက်အလိုမှာ ပြည်သူ့ရင်ခွင်ခိုလှုံ

စခန်းသိမ်းတိုက်ပွဲမှာ စစ်သား ၂၄ဦး ထိုင်းဘက်ထွက်ပြေး

ဇူလိုင်-၈၊၂၀၂၅/People’s Spring

မြန်မာ – ထိုင်းနယ်စပ် ထားဝယ်ခရိုင်အတွင်းက သုခတပ်စခန်းတာဝန်ခံ ဗိုလ်ကြီးမျိုး​ဆွေဦးဟာ တပ်စခန်းသိမ်းမခံရမီ ငါးရက်အလိုက ပြည်သူ့ရင်ခွင်ခိုလှုံလာခဲ့တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သုခတပ်စခန်းတာဝန်ခံအမှတ်(၂၈၂)ခြေလျင်တပ်ရင်း(ခလရ-၂၈၂)က ဗိုလ်ကြီးမျိုး​ဆွေဦး​(​ခ) ​စောမိုးဇက်ဟာ ဇူလိုင် ၂ရက်က ပြည်သူ့ရင်ခွင်ခိုလှုံလာတာလို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဗိုလ်ကြီးမျိုးဆွေဦးဟာ ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့ အကြောင်းကို ရုပ်သံရိုက်ကူးပြီး ဖြန့်ဝေခဲ့ပါသေးတယ်။

Public Service Announcement

Public Service Announcement

“အခုကတော့ ပြည်သူ့ရင်ခွင်ကိုသွားတော့မယ်။ ကျနော်တို့ အားလုံးရဲ့အကျိုးစီးပွားကိုပဲကြည့်ပြီးတော့ သွားတော့မယ်။ နောက်မှာလည်း ကျနော့်ကိုလာပြီး ကူညီပေးတဲ့ အဘကြီးပါ။ အသက်လည်းကြီးနေပါပြီ။ မှန်တာပဲလုပ်မယ်။ မှန်တဲ့ဘက်ပဲ ရပ်တည်တော့မယ်။ ခင်ဗျတို့လည်း ဆုံးဖြတ်ချက်ကို ကိုယ့်ဘာသာကိုယ် စဉ်းစား။ ကိုယ်နဲ့မဆိုင်တဲ့ အခန်းတွေမှာ ခင်ဗျတို့ ဘယ်လောင်တောင်ပြေးခဲ့ရပြီလဲဆိုတာ ခင်ဗျတို့ ပြန်တွေးကြည့်လိုက်ပေါ့။ ကိုယ်ကလုပ်နေတာပဲရှိတယ်။ ဘာမှမဖြစ်ဘူး။ ခင်ဗျတို့ သေသွားလည်း သူတို့က ဂေါက်ရိုက်မပျက်ဘူး။ ဝမ်းမနည်းဘူး။ ကျနော်တို့ လစာမရလည်း ဘာမှမဖြစ်ဘူး။ ဒီမှာ ပြည်သူလူထုယုံကြည်စိတ်ချရတဲ့ ပြည်သူလူထုအားကိုးတဲ့လူပဲ သွားတော့မယ် ကျနော်။ နှုတ်ဆက်ခဲပါတယ်။ အဲလိုပဲလာချင်တယ်ဆိုလည်း ကြိုဆိုပါတယ်။ ကျနော်တို့ လာကြိုပေးပါမယ်”လို့ ဗိုလ်ကြီးမျိုး​ဆွေဦး​က ရုပ်သံမှာပြောထားပါတယ်။

ဗိုလ်ကြီးမျိုးဆွေဦး အလင်းဝင်လာပြီး ငါးရက်အကြာမှာ သုခစစ်စခန်းကိုကရင်အမျိုးသားလွတ်မြောက်ရေတပ်မတော်(KNLA)နဲ့ ပြည်သူ့ကာကွယ်ရေးပ်မတော်(PDF)ပူးပေါင်းတပ်တွေက ဇူလိုင် ၇ရက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

တော်လှန်ရေးတပ်တွေက သုခတပ်စခန်းသိမ်းပိုက်စဉ်မှာ အဲဒီတပ်စခန်းက စစ်သား ၂၄ဦးဟာ ထိုင်းနိုင်ငံအတွင်း ထွက်ပြေးသွားတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သုခတပ်စခန်းကို ခလရ(၂၈၂)တပ်ရင်းက တပ်စွဲထားတာလို့ စုံစမ်းသိရပါတယ်။ အဲဒီတပ်စခန်းမှာ စစ်ကောင်စီတပ်အင်အား ၃၀ကျော်နဲ့ တပ်စွဲထားတာပါ။

သုခတပ်စခန်းသိမ်းပိုက်ရမှုနဲ့ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင်က ဒီကနေ့(ဇူလိုင် ၈ရက်)မှာ ထုတ်ပြန်ထားပါတယ်။

ရုပ်သံ – ပေးပို့

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်တွင်းရှိ တပ်သားများအနေဖြင့် စိတ်ဓာတ်ပိုင်းပျက်နေပြီးတော်လှန်ရေးရဲဘော်များဘက်က စိတ်ဓာတ်ပိုင်းဆိုင်ရာအသာစီးရထားကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄)ထံ ဘက်ပြောင်းလာသည့် ဗိုလ်ကြီးမျိုးဆွေဦးက ပြောကြားသည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင် မြန်မာ-ထိုင်းနယ်စပ်ရှိ သုခ စစ်ကောင်စီတပ်စခန်းမှ စခန်းတာဝန်ခံ ဗိုလ်ကြီးမျိုးဆွေးဦး(ခ) စောမိုးဇက် ပြည်သူ့ရင်ခွင်သို့ ဘက်ပြောင်းခိုလှုံလာခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း KNU မြိတ်-ထားဝယ်ခရိုင် တပ်မဟာ(၄)က ယနေ့ (ဇူလိုင် ၁၀ရက်) ထုတ်ပြန်သည်။

သတင်း

ရန်ကုန်မြို့တွင်လည်း စစ်မှုထမ်းရန် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများ ရပ်ကွက်ရုံးများနှင့်ဆက်သွယ်ကြရန် စစ်ကောင်စီက ဖိအားပေးနေသည်။

သတင်း

တန်ဆောင်တိုင်ပွဲတော်ကို အရင် သီတင်းကျွတ်ပွဲတော်တုန်းကလိုပုံစံအတိုင်း ပြုလုပ်နေတာဖြစ်ပြီး ထူးထူးခြားခြားအနေနဲ့ မီးပုံးပျံ လွှတ်တဲ့အစီအစဉ်ကိုလည်း ပြုလုပ်ခဲ့ပါတယ်။