Connect with us

Hi, what are you looking for?

သတင်း

ပြည်သူ့ရင်ပြင်က စစ်ကောင်စီရဲ့ တန်ဆောင်တိုင်ပွဲ

တန်ဆောင်တိုင်ပွဲတော်ကို အရင် သီတင်းကျွတ်ပွဲတော်တုန်းကလိုပုံစံအတိုင်း ပြုလုပ်နေတာဖြစ်ပြီး ထူးထူးခြားခြားအနေနဲ့ မီးပုံးပျံ လွှတ်တဲ့အစီအစဉ်ကိုလည်း ပြုလုပ်ခဲ့ပါတယ်။

ပြည်သူ့ရင်ပြင်က စစ်ကောင်စီရဲ့ တန်တောင်တိုင်ပွဲ
ပြည်သူ့ရင်ပြင်က စစ်ကောင်စီရဲ့ တန်တောင်တိုင်ပွဲ

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လေကြောင်းတိုက်ခိုက်မှုများပြုလုပ်‌နေတဲ့ စစ်ကောင်စီက မြန်မာ့ရိုးရာပွဲတော်တွေကို ပြည်သူ‌တွေ စိတ်ဝင်စားဖို့ နည်းအမျိုးမျိုးနဲ့ ပြုလုပ်လေ့ရှိတဲ့အတိုင်း တန်ဆောင်တိုင်ပွဲတော်ကိုလည်း ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ ပြုလုပ်နေပါတယ်။

တန်ဆောင်တိုင်ဈေးရောင်းပွဲတော်ကို နိုဝင်ဘာ ၁၄ ကနေ ၁၆ ရက်အထိ သုံးရက်ကြာ ပြုလုပ်မှာဖြစ်ပြီး အစိုးရပိုင်းနှင့်ပတ်သက်သည့် ဆိုင်အများအပြား လာရောက်ဖွင့်ထားသည်ကိုတွေ့ရပါတယ်။

ဆိုင်‌ တွေရဲ့နဖူးစည်းမှာ လည်း ဈေးဆိုင်နာမည် တွေနှင့်အတူ “ပြည်တွင်းဖြစ်ကို အားပေးပါ” ဆိုတဲ့စာသားကိုပါ ချိတ်ထားတာကိုတွေ့မြင်ခဲ့ရပါတယ်။

တန်ဆောင်တိုင်ပွဲတော်ကို အရင် သီတင်းကျွတ်ပွဲတော်တုန်းကလိုပုံစံအတိုင်း ပြုလုပ်နေတာဖြစ်ပြီး ထူးထူးခြားခြားအနေနဲ့ မီးပုံးပျံ လွှတ်တဲ့အစီအစဉ်ကိုလည်း ပြုလုပ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ပွဲစီစဉ်သူတွေက လာရောက်လည်ပတ်တဲ့သူတွေ မီးပုံးပျံတွေလိုက်ပေးနေပြီး လွှတ်တင်ခိုင်းတာဖြစ်ပါတယ်။

ဒီဂျေဖွင့်ပေးတဲ့နေရာမှာတော့ မူးယစ်နေတဲ့လူငယ်တချို့ သီချင်းတွေနဲ့အတူ ကခုန်နေကြတာရှိပါတယ်။

ဒီပွဲတော်မှာတော့ စစ်ကောင်စီက သူတို့ရဲ့ ထုတ်ကုန် မြန်မာဘီယာ ၊ ဒဂုံဘီယာတို့နဲ့အတူ Yangon Amber ဘီယာကိုလည်း တွင်တွင်ကျယ်ကျယ်ရောင်းချနေတာတွေ့ရပါတယ်။

“Tiger ထင်လို့ကြည့်တာ Yangon ဘီယာဆိုပြီးတွေ့တယ်။ သူတို့ထုတ်ကုန်အသစ်ဖြစ်မှာပေါ့” လို့ ဈေးပွဲတော်ကိုသွားရောက်ခဲ့သူတစ်ဦးကပြောပါတယ်။

စစ်ကောင်စီရဲ့ မြန်မာဘီယာ ဒဂုံဘီယာတို့က ပြည်သူလူထုရဲ့ Boycott ပြုလုပ်မှုကြောင့် ရောင်းချမှုရာခိုင်နှုန်းတော်တော်ကျဆင်းခဲ့တာပါ။

စစ်ကောင်စီက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လေကြောင်းတိုက်ခိုက်မှုအပါအဝင် အကြမ်းဖက်မှုတွေ နေ့စဉ်ပြုလုပ်နေပေမယ့် တိုင်းပြည်အေးချမ်းနေတယ်ဆိုတာပြသဖို့ မြန်မာ့ရိုးရာပွဲတော်တွေကိုတော့ အမြဲပြုလုပ်နေတာပါ။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။