Connect with us

Hi, what are you looking for?

သတင်း

နောင်ချိုမြို့အနီး စစ်မျက်နှာပြင်အားလုံး တိုက်ပွဲပြင်းထန်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့အနီးမှာ နေရာစုံစစ်မျက်နှာပြင်အားလုံး တိုက်ပွဲတွေပြင်းထန်နေတယ်လို့ နောင်ချိုမြို့ခံတွေက ပြောပါတယ်။

နောင်ချိုဒေသ တိုက်ပွဲအတွင်း တွေ့ရတဲ့ TNLAရဲဘော်တွေ။ ဓာတ်ပုံ - TNLA

ဇူလိုင် ၁၀၊ ၂၀၂၅။ People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့အနီးမှာ နေရာစုံစစ်မျက်နှာပြင်အားလုံး တိုက်ပွဲတွေပြင်းထန်နေတယ်လို့ နောင်ချိုမြို့ခံတွေက ပြောပါတယ်။

” မြို့နားကိုလည်း ကပ်လာနေတယ်။ မြို့ထဲမှာတော့ သွားလာလို့ရသေးတယ်။ မြို့အပြင်ဘက်တွေမှာ ကြမ်းနေတာ။ တောင်ဘက်ရော၊ အနောက်ဘက်ရော၊ အနောက်တောင်ဘက်မှာရော”လို့ နောင်ချိုမြို့ခံတစ်ဦးက ပြောပါတယ်။

ဒီကနေ့(ဇူလိုင် ၁၀ရက်)မှာ လားရှိုးမြို့ကနေ နောင်ချိုလာတဲ့ ကားတွေနဲ့၊ ပြင်ဦးလွင်မြို့ကနေ နောင်ချိုမြို့လာတဲ့ ကားတွေကို တအာင်းတပ်မတော်(TNLA)က သွားလာခွင့်မပေးဘဲ ပြန်လှည့်ခိုင်းနေတယ်လို့လည်း နောင်ချိုမြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

TNLAရဲ့ ဒီကနေ့(ဇူလိုင် ၁၀ရက်) နောင်ချိုဒေသတိုက်ပွဲထုတ်ပြန်ချက်မှာတော့ နောင်ချိုမြို့နယ်က ကျောက်ကြမ်း၊ နောင်လင်၊ ကျောက်တော၊ အုမ္မခါး၊ နားမုံနဲ့ ရေမောင်းတန်ကျေးရွာကြားတွေမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဆက်ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ အဲဒီတိုက်ပွဲတွေ ဖြစ်ပွားနေချိန်မှာ စစ်ကောင်စီတပ်က လက်နက်ကြီး (၁၃၂)လုံးနဲ့ ဒရုန်းနဲ့ ဗုံး (၅၀)လုံး ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဇူလိုင် ၉ရက်မှာ နောင်လင်၊ ကျောက်ကြမ်းနဲ့ အုမ္မခါးကျေးရွာတွေမှာ တိုက်ပွဲဖြစ်နေချိန် စစ်ကောင်စီတပ်က လက်နက်ကြီး (၇၅)လုံးနဲ့ ဒရုန်းနဲ့ ဗုံး (၄၀)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကျောက်တော၊ နားမုံနဲ့ ရေမောင်းတန်းကျေးရွာကြားတွေမှာလည်း တိုက်ပွဲဖြစ်နေချိန် စစ်ကောင်စီတပ်က လက်နက်ကြီး (၁၀)လုံးနဲ့ ဒရုန်းဖြင့် ဗုံး (၁၀)လုံး ပစ်ကူခဲ့တယ်လို့ ထပ်မံအသိပေးထားပါတယ်။ ရေမောင်တန်းကျေးရွာဘက်လည်း စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီး (၄၇)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်.

စစ်ကောင်စီရဲ့ ဝါဒဖြန့်ချန်နယ်တွေမှာတော့ ပြင်ဦးလွင်မြို့ကနေလာတဲ့ စစ်ကြောင်းက နောင်ချိုမြို့အနီးက ကျောက်ကြမ်းရွာကို သိမ်းရပြီလို့ ဖော်ပြနေပါတယ်။ ဒါပေမယ့် နောင်ချိုမြို့ခံတစ်ဦးရဲ့ ပြောပြချက်ကတော့ စစ်ကောင်စီတပ်တွေဟာ ကျောက်ကြမ်းကို ခဏဝင်ရောက်လာပြီး ပြန်ထွက်သွားတယ်လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ဆုံးရှုံးထားတဲ့ နောင်ချိုမြို့ကိုပြန်သိမ်းပိုက်နိုင်ဖို့ စစ်ကြောင်းသုံးကြောင်းနဲ့အပြင်းအထန် ထိုးစစ်ဆင်​​နေတာ​ကြောင့် တိုက်ပွဲ​တွေ ​နေ့စဥ်ပြင်းထန်​နေပါတယ်။

နောင်ချိုဒေသတိုက်ပွဲနဲ့ပတ်သက်လို့ TNLAရဲ့ ပြောရေးဆိုခွင့်ရှိသူထံ ဆက်သါယ်မေးမြန်းနေဆဲဖြစ်ပါတယ်။

နောင်ချိုမြို့အပါအဝင် TNLAထိန်းချုပ်ထားတဲ့နေရာတွေကို စစ်ကောင်စီက နေ့စဉ်လေကြောင်း အပြင်းအထန်တိုက်ခိုက်နေတာကြောင့် တစ်ဖက်သတ်အပစ်ရပ်စဲထားမှုကို ရုတ်သိမ်းလိုက်တယ်လို့ တအာင်းတပ်မတော်(TNLA)ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ဇူလိုင် ၅ရက်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားထားပါတယ်။

ဒါ့အပြင် နောင်ချိုမြို့ကို စစ်ကောင်စီထံ ပြန်ပေးမှာမဟုတ်ဘူးလို့လည်း TNLAရဲ့ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။