Connect with us

Hi, what are you looking for?

သတင်း

ရွှေလုပ်ကွက်​လေလံမမျှတဟုဆိုကာ စဉ့်ကူးပအဖ နှင့် ပကဖကို ဒေသခံများဆန္ဒပြ

အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော် (မန္တ​လေး)ထိန်းချုပ်ထားသည့် စဉ့်ကူးမြို့နယ်တွင် ရွှေတူးဖော်ရေးလုပ်ကွက်လေလံနှင့်ပတ်သက်၍ မျှတမှုမရှိဟုဆိုကာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကို ဒေသခံများက ဆန္ဒပြနေသည်။

​ရွှေလုပ်ကွက်​လေလံပစ်မှုမှာ မမျှတဟုဆိုကာ ဆန္ဒပြ​နေကြစဥ်။ ဓါတ်ပုံ-​ပေးပို့

ဇူလိုင်-၁၁၊၂၀၂၅။ဇော်ရမ်း/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော် (မန္တ​လေး)ထိန်းချုပ်ထားသည့် စဉ့်ကူးမြို့နယ်တွင် ရွှေတူးဖော်ရေးလုပ်ကွက်လေလံနှင့်ပတ်သက်၍ မျှတမှုမရှိဟုဆိုကာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကို ဒေသခံများက ဆန္ဒပြနေသည်။

စဉ့်ကူးမြို့နယ် ဝါးပိုးလေးရွာအနီးမှ ရွှေလုပ်ကွက်ကို ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က လေလံတင်ရာ ပအဖနှင့်နီးစပ်သူများသာရရှိသွား၍ဟုဆိုကာ ဒေသခံများက ဇူလိုင်လ ၉ရက်မှစ၍ ယနေ့ ဇူလိုင်လ ၁၁ရက်အထိ သုံးရက်ဆက် ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

“ဝါးပိုးလေးရွာနားမှာဒေသခံတွေကရွှေရှာရင်း တွေ့တော့ ပကဖနဲ့ ပအဖကလာသိမ်းပြီး လေလံပစ်တာ။ NUGအစိုးရကို အခွန်ဆောင်မယ်ပေါ့။ လေလံပစ်တော့ ပအဖနဲ့နီးစပ်သူတွေရသွားတယ်။ NUGဗဟိုကဒါတွေမသိဘူး။အခုကစစ်တပ်ခေတ်က လုပ်သလိုပဲ။ ဒေသခံတွေအပေါ် ခရိုနီတွေလို လက်ဝါးကြီးအုပ်တာပါ”ဟု စဉ့်ကူးဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

စဉ့်ကူးမြို့နယ်မှ ရွှေတူးဖော်ရေးလုပ်ကွက်အများစုကို မန္တလေးPDF က စီမံခန့်ခွဲနေပြီး ဝါးပိုးလေးလုပ်ကွက်သည် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့က စီမံခန့်ခွဲနေခြင်းဟု​ဒေသခံအချို့က​ပြောသည်။

ဒေသခံများကဆိုင်ကယ်အစီးရေ၁၀၀ခန့်နှင့်ထွန်စက်ကား ၁၀ စီးဖြင့် ဒေသတွင်းလှည့်လည်၍ “စဉ့်ကူးမြို့နယ် ခရိုနီလေလံအလိုမရှိ”၊ “စဉ့်ကူးမြို့နယ် ပအဖ၊ပကဖ အလိုမရှိ”ဟု စာတန်းများကိုင်ဆောင်၍ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

စဉ့်ကူးမြို့ကိုNUG လက်​အောက်ရှိ၊ ပြည်သူ့ကာကွယ်ရေးတပ်မ​တော်(မန္တ​လေး) ကဦး​ဆောင်၍ PDFပူးပေါင်းတပ်များက ၂၀၂၄ ဇူလိုင်လ ၁၇ရက်၌ သိမ်းယူခဲ့ခြင်းဖြစ်သည်။

ရွှေထွက်သည့်ဒေသဖြစ်သည့် စဉ့်ကူးမြို့နယ်၌ ရွှေတူးဖော်ရေးလုပ်ကွက်များမှ ရရှိ​သောအခွန်များနှင့် ပတ်သက်၍ ​မေးခွန်းထုတ်မှုများရှိနေသည်။ ဒေသခံအချို့က ဝေဖန်မှုများရှိနေသည်။ စဉ့်ကူးရွှေလုပ်ကွက်များမှရရှိသည့် ဝင်ငွေကို NUG အစိုးရ၊ သယံဇာတဝန်ကြီးဌာန နှင့်ရွှေလုပ်ကွက်အများစုအား စီမံခန့်ခွဲနေသည့် မန္တလေး PDFတို့က ​တော်လှန်​​ရေးအတွက် ထိ​ရောက်စွာမည်ကဲ့သို့စီမံခန့်ခွဲနေသလဲဆိုသည့်အ​ပေါ် ​​တော်လှန်ပြည်သူများအကြားမေးခွန်းထုတ်မှုများရှိ​နေခြင်းဖြစ်သည်။

ယခုရက်ပိုင်း ဒေသခံများ၏ဆန္ဒထုတ်ဖော်မှုများနှင့်ပတ်သက်၍ ‌စဉ့်ကူးမြို့နယ်ပအဖနှင့် ပကဖကို ဆက်သွယ်သော်လည်း ဖုန်းလိုင်းအခက်အခဲကြောင့် အဆက်အသွယ်မရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသမှာ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့မှုအတွင်း ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီကနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊မတ္တရာမြို့နယ်အတွင်း စစ်တပ် တပ်စွဲထားတဲ့ကြိမ်တောရွာ နဲ့ ကုန်းတန်းကြီးရွာတို့ကိုတော်လှန်ရေးပူးပေါင်းတပ်တွေ ကဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား၆ဦး ထပ်မနည်း သေဆုံးခဲ့တယ်လို့ တော်လှန်ရေး တပ် တွေက ထုတ်ပြန်ထားပါတယ်။