Connect with us

Hi, what are you looking for?

သတင်း

မုဒုံတွင် ရွှေဆိုင်ဓားပြတိုက်ခံရ၊ ဓားပြတိုက်သူများက သေနတ်ဖြင့် ပစ်ခတ်၍ ဆိုင်ရှင်သေဆုံး

မွန်ပြည်နယ်၊ မုဒုံမြို့တွင် ရွှေဆိုင်ကို ဓားပြတိုက်သူများက ဆိုင်ပိုင်ရှင်ကို သေနတ်ဖြင့် ပစ်သတ်သွားကြောင်း မြို့ခံများက ပြောသည်။

မုဒုံမြို့ ရွှေဟင်္သာ‌ ဈေးအတွင်းရှိ ရွှေရတနာဦးရွှေဆိုင် ဖွင့်လှစ်ထားစဥ်(ပုံဟောင်း)။ ဓာတ်ပုံ - CJ

ဇူလိုင်-၁၁၊ ၂၀၂၅။ မိထက်/People’s Spring

မွန်ပြည်နယ်၊ မုဒုံမြို့တွင် ရွှေဆိုင်ကို ဓားပြတိုက်သူများက ဆိုင်ပိုင်ရှင်ကို သေနတ်ဖြင့် ပစ်သတ်သွားကြောင်း မြို့ခံများက ပြောသည်။

မုဒုံမြို့ ရွှေဟင်္သာ‌ ဈေးအတွင်းရှိ ရွှေရတနာဦးရွှေဆိုင်ကို ယနေ့ ဇူလိုင် ၁၁ ရက်‌ နေ့လယ်တွင် ဆိုင်ကယ်စီးပြီး အမျိုးသား ၃ဦးရောက်လာကာ ဓားပြတိုက်ခြင်းဟု သိရသည်။

“ဈေးထဲမှာဆိုတော့ ကျိတ်ပြီးတောင်းနေတာကနေ သေနတ်နဲ့ ပစ်တာ။ ရွှေတွေလည်း ရသလောက် ယူပြေးသွားကြတယ်။ ဆိုင်ပိုင်ရှင် သားအဖဒဏ်ရာရပြီး အဖေက သေဆုံးသွားတယ်” ဟု ရွှေဟင်္သာ‌ဈေးမှ ဈေးသည်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ဆိုင်ရှင်ဖြစ်သူ ဦးပန်းလာသည် ရင်ဘတ်၌ သေနတ်ဒဏ်ရာရရှိပြီး သေဆုံးသွားကာ ၎င်း၏ သမီးဖြစ်သူလည်း ဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။

ပစ်ခတ်မှုဖြစ်ပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များရောက်ရှိလာပြီး နောက်ပိုင်းအခြေအနေကိုမသိရှိရတော့ကြောင်း ဒေသခံအချ်ို့ကပြောသည်။

စစ်ကောင်စီလက်အောက်၌ တရားဥပဒေစိုးမိုးမှုပျက်စီးနေပြီး မြို့ကြီးများတွင် ဓားပြတိုက်မှုများ၊ ပြန်ပေးဆွဲမှုများ၊ လူပျောက်မှုများ၊ ဆိုင်ကယ်လုယက်မှုများ မကြာခဏဖြစ်ပွားနေသည်။ ယမန်နေ့ ဇူလိုင် ၁၀ရက်က မန္တလေးမြို့တွင် ဆိုင်ကယ်လုယက်ခံရ၍ အမျိုးသားတစ်ဦးဒဏ်ရာရပြီး သေဆုံးခဲ့သလို ဇူလိုင် ၈ရက်ကလည်း ရန်ကုန်မြို့တွင် ရွှေဆိုင်ဓားပြတိုက်ခံရမှုဖြစ်ပွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်၊ မြောက်ဒဂုံက အကယ်ဒမီရွှေဆိုင်ဓါးပြတိုက်ခံရချိန် ဝန်ထမ်းတွေ စုပေါင်းဖမ်းဆီးလို့ ကျူးလွန်သူတွေထဲက တစ်ဦးကို ဖမ်းမိခဲ့ကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ရွှေဆိုင်တစ်ဆိုင်မှ သိန်း ၂၆၀၀၀‌ ကျော်တန်ဖိုးရှိ ရတနာပစ္စည်းများနှင့် ငွေသား သိန်း ၇၀၀ခန့်အား ဓားပြတိုက်သွားသည့် လူကိုးဦးအား PDF တပ်ရင်းများနှင့် ပကဖများက ၃နာရီအတွင်းရအောင် ပိတ်ဆို့ဖမ်းဆီးပြီး ပိုင်ရှင်ထံ ပြန်လည်အပ်နှံပေးလိုက်ကြောင်း မြင်းခြံခရိုင်တပ်ရင်း(၆)တပ်ရင်းမှူးက People's Spring အားပြောသည်။

သတင်း

NMSP-ADသည် မွန်ပြည်သစ်ပါတီမှ ခွဲထွက်ပြီး ယခုနှစ်ဆန်းမှစ၍ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေခြင်းဖြစ်သည်။

သတင်း

မွန်ပြည်နယ် မုဒုံမြို့နယ်အခြေစိုက် စစ်ကောင်စီ အမြောက်တပ်ကို ဒရုန်း၊ ရှေ့ာတိုက်ဒုံးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း အဆိုပါတိုက်ခိုက်မှုတွင်ပါဝင်သည့် မွန်ပြည်နယ်အခြေစိုက် တိုင်းရင်းသားတပ်ဖွဲ့များက သတင်းထုတ်ပြန်သည်။