Connect with us

Hi, what are you looking for?

သတင်း

မြောက်ဒဂုံက ရွှေဆိုင်ဓါးပြတိုက်ခံရချိန် ဝန်ထမ်းတွေပေါင်းဖမ်းလို့ ဓားပြတဦးဖမ်းမိ

ရန်ကုန်၊ မြောက်ဒဂုံက အကယ်ဒမီရွှေဆိုင်ဓါးပြတိုက်ခံရချိန် ဝန်ထမ်းတွေ စုပေါင်းဖမ်းဆီးလို့ ကျူးလွန်သူတွေထဲက တစ်ဦးကို ဖမ်းမိခဲ့ကြောင်း သတင်းရရှိပါတယ်။

ဓါးပြတိုက်ခံရတဲ့ ရွှေစင်အကယ်ဒမီ ရွှေဆိုင်ကို တွေ့ရစဥ်။

သြဂုတ်-၁၅၊၂၀၂၅။ဇေအောင်/People’s Spring

ရန်ကုန်၊ မြောက်ဒဂုံက အကယ်ဒမီရွှေဆိုင်ဓါးပြတိုက်ခံရချိန် ဝန်ထမ်းတွေ စုပေါင်းဖမ်းဆီးလို့ ကျူးလွန်သူတွေထဲက တစ်ဦးကို ဖမ်းမိခဲ့ကြောင်း သတင်းရရှိပါတယ်။

သြဂုတ် (၁၄)ရက်က ရန်ကုန်မြို့၊မြောက်ဒဂုံမြို့နယ်၊ ၃၄ ရပ်ကွက်၊ ဦးဝိစာရလမ်းမှာ ဖွင့်လှစ်ထားတဲ့ ရွှေစင်အကယ်ဒမီ ရွှေဆိုင်ကို လူတစ်စုက လက်နက်တွေနဲ့ လာရောက်လုယက်ခဲ့တာဖြစ်ကြောင်း အဆိုပါရွှေဆိုင်က ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

ဓားပြတွေကို ဝန်ထမ်းတွေက ခုခံကာကွယ်ခဲ့တာကြောင့် ကျူးလွန်သူများထဲက ၁ဦးကို လက်ရဖမ်းမိခဲ့တယ်လို့ ရွှေစင်အကယ်ဒမီ ရွှေဆိုင်က အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

“ဝန်ထမ်းအချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့​သော်လည်း အသက်အန္တရာယ် စိုးရိမ်ဖွယ်ရာ မရှိခဲ့ကြပါ။”လို့ ရွှေစင်အကယ်ဒမီ ရွှေဆိုင်က ဆိုပါတယ်။

ဝန်ထမ်းတွေစုပေါင်းခုခံတာကြောင့် အခြားဓါးပြတွေလည်း ထွက်ပြေးသွားပြီး ပစ္စည်းဆုံးရှုံးမှုမရှိဘူးလို့ သိရပါတယ်။ ဓါးပြတိုက်အပြီးမှာတော့ စစ်ကောင်စီတပ်နဲ့ရဲတွေက ရွှေဆိုင်ကို လာရောက်စစ်ဆေးခဲ့ပါသေးတယ်။

စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း ဥပဒေစိုးမိုးမှုမရှိတော့တာကြောင့် ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးတွေမှာ ဓားပြမှုတွေ မကြာခဏ ဖြစ်ပွားနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်မှာ လေပြင်းတိုက်ခတ်မှုကြောင့် ပင်လုံလမ်းမပေါ်မှာရှိတဲ့ Snoopy Mobile ဆိုင်ရဲ့ကြော်ငြာဆိုင်းဘုတ်‌တွေ လဲကျခဲ့ပါတယ်။

ဆောင်းပါး

ဇွန် ၈ ရက် ညနေ ၄ နာရီခွဲခန့်က ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်၊ ၃၉(က)ရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၁၃ နှစ်အရွယ် ၆ တန်း ကျောင်းသား မင်းခန့်​ဇော်ခေါ် တူးတူးဟာ ကျောင်းကနေအိမ်ပြန်ရောက်ပြီးမကြာခင် အိမ်ကနေ ပြန်ထွက်သွားခဲ့တယ်။ သူငယ်ချင်းအိမ်ခဏသွားဦးမယ်ဆိုပြီးထွက်သွားခဲ့တာလို့ အိမ်နီးချင်းတွေက ပြောတယ်။

သတင်း

ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်မှာ ဇွန်လ ၈ရက်က ပျောက်ဆုံးသွားတဲ့ (၁၃)နှစ်အရွယ် ၆တန်းကျောင်းသားလေးဟာ အသတ်ခံထားရပြီး ရေကန်ထဲမှာ စွန့်ပစ်ထားတဲ့ရုပ်အလောင်းကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်မှာ ပလုံလောက်တဲ့ တွန်းလှည်းကို ကားဝင်တိုက်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး ကလေးငယ်တစ်ဦး ဒဏ်ရာရရှိတယ်လို့ သွားရောက်ကူညီခဲ့တဲ့ လူမှူကူညီရေးအဖွဲ့တာဝန်ရှိသူကအသိပေးထားပါတယ်