Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ၏ ဟန်ပြငြိမ်းချမ်းရေးဖိုရမ်နှင့် ရွေးကောက်ပွဲ ပဋိပက္ခဖြေရှင်းနိုင်မည် မဟုတ်၊ အာဏာမတရားယူရန် ကြိုးစားမှုဖြစ်ဟု တအာင်းပါတီ ထုတ်ပြန်

အာဏာသိမ်းစစ်ကောင်စီ လုပ်ဆောင်နေသည့် ဟန်ပြငြိမ်းချမ်းရေးဖိုရမ်သည် ပဋိပက္ခများကို ဖြေရှင်းနိုင်မည်မဟုတ်သလို ရွေးကောက်ပွဲ ကျင်းပရန် ကြိုးပမ်းနေမှုသည်လည်း မတရားအာဏာရယူရန် ဆောင်ရွက်နေခြင်းသာဖြစ်ကြောင်း တအာင်း(ပလောင်)အမျိုးသားပါတီ(TNP)က ယနေ့(ဇူလိုင် ၁၂ရက်)တွင် ထုတ်ပြန်သည်။

ဇူလိုင်-၁၂၊၂၀၂၅။ထားမြတ်/People’s Spring

အာဏာသိမ်းစစ်ကောင်စီ လုပ်ဆောင်နေသည့် ဟန်ပြငြိမ်းချမ်းရေးဖိုရမ်သည် ပဋိပက္ခများကို ဖြေရှင်းနိုင်မည်မဟုတ်သလို ရွေးကောက်ပွဲ ကျင်းပရန် ကြိုးပမ်းနေမှုသည်လည်း မတရားအာဏာရယူရန် ဆောင်ရွက်နေခြင်းသာဖြစ်ကြောင်း တအာင်း(ပလောင်)အမျိုးသားပါတီ(TNP)က ယနေ့(ဇူလိုင် ၁၂ရက်)တွင် ထုတ်ပြန်သည်။

TNP၏ (၆)လပတ် ဗဟိုကော်မတီမျက်နှာစုံညီအစည်းအဝေးကို ဇွန်လကုန်ပိုင်းက ကျင်းပခဲ့ပြီး အစည်းအဝေး၏ သဘောထား ကို ယနေ့တွင် အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အစည်းအဝေးသို့ တက်ရောက်ခဲ့ကြသော ဗဟိုကော်မတီဝင်တိုမှ လက်ရှိမြန်မာပြည်၏ နိုင်ငံရေး ဖြစ်စဉ်တိုကို သုံးသပ်ခဲ့ကြပြီး အာဏာသိမ်းစစ်ကောင်စီမှ ကျင်းပခဲ့သော ဟန်ပြငြိမ်းချမ်းရေးဖိုရမ် (Peace Forum)သည် မြန်မာပြည်၏ ပဋိပက္ခကို ဖြေရှင်းနိုင်လိမ့်မည်မဟုတ်ကြောင်း၊ စစ်ကောင်စီမှ အတုအယောင်ရွေးကောက်ပွဲ ကျင်းပရန်ပြင်ဆင်ဖန်တီးပြုလုပ်ခြင်းသည် တနည်းအားဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို မတရားရယူရန် ကြိုးစားခြင်းသာ ဖြစ်သောကြောင့် ကန့်ကွက်ကြောင်း သဘောထားဖော်ပြသည်။

Public Service Announcement

Public Service Announcement

“ဒီစကစဖက်ကနေ သွေးကွဲစေမယ့် လေသံတွေ ထွက်လာတာ တွေ့ရတယ် ဥပမာ EROsတွေ PDFsတွေ ငြိမ်းချမ်းရေးဖိုရမ်မှာ လာရောက်ပြီး သူလုပ်မယ့် ဟန်ပြငြိမ်းချမ်းရေးနဲ့ အတုအယောင်ရွေးကောက်ပွဲမှာ ပူးပေါင်းကြဖို့ ပြောလာတာတွေ တွေ့ရတယ်။ ဆိုတော့ တော်လှန်ရေးဖက်တော်သားတွေ ဒီလို သွေးခွဲမှုအပေါ်မှာ လိုက်ပြီး နားမယောင်ဖို့ လိုတယ်။ နောက်ပြီး နည်းမျိုးစုံနဲ့ ကျနော်တို့ တော်လှန်ရေးအင်အားစုအချင်းချင်းကြားမှာ သူလျှိုတွေ စေလွှတ်ပြီး စုံစမ်းမယ့်ကိစ္စတွေ ရှိလာပါလိမ့်မယ် ‌ဆိုတော့ သတိထားစောင့်ကြည့်နေဖို့လိုအပ်ပါ့မယ်လို့ပဲ ထပ်ပြီးတိုက်တွန်းချင်ပါတယ်ဗျ”ဟု TNP ပြောရေးဆိုခွင့်ရှိသူ မိုင်းနိုင်ဂေါင်ဇာရ်က ပြောသည်။

ထို့အပြင် စစ်ကောင်စီ၏ လူသားမဆန်သော စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန် သော ရာဇဝတ်မှုများ၊ အကြမ်းဖက်လုပ်ရပ်တိုကို ကန့်ကွက်ပြီး နိုင်ငံတကာအဖွဲအစည်းများအနေဖြင့် ထို ကျူးလွန်မှုများအပေါ် အမြန်ဆုံးတားဆီးအရေးယူရန်လည်း TNPက တိုက်တွန်းခဲ့သည်။

TNPသည် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ တအာင်းအရပ်ဘက်အဖွဲ့များ နှင့် အတူ တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ-TPCC အဖြစ် စုဖွဲ့စည်း နိုင်ငံရေး၊ တော်လှန်ရေးလုပ်ငန်းများ ပါဝင်ဆောင်ရွက်နေခြင်းဖြစ်သည်။ TPCC ကို ယခုဇွန်လဆန်းတွင် တအာင်းပြည်ကောင်စီ-TLCပြောင်းလဲဖွဲ စည်းကာ TLC မှ ဦးဆောင်ပြီး “တအာင်းပြည်တော်လှန်ရေးကာလအစိုးရအစီအမံ”ကို ဖော်ဆောင်ရန် ဆုံးဖြတ်ထားရာ TNP အနေဖြင့် ပူးပေါင်းဆောင်ရွက်မည်ဟု အသိပေးသည်။

တအာင်း(ပလောင်)အမျိုးသားပါတီအနေဖြင့် ဘုံရန်သူဖြစ်သည့် အာဏာရှင်စနစ်ကို အမြစ်ဖြတ်၍ မြန်မာပြည်တော်လှန်ရေး၏ အန္တိမပန်းတိုင်ဖြစ်သော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို ပြည်သူလူထုတစ်ရပ်လုံး နှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သဘောထား ထုတ်ပြန်သည်။

စစ်ကောင်စီသည် ဇွန်လနောက်ဆုံးပတ်တွင် နေပြည်တော်၌ ငြိမ်းချမ်းရေးဖိုရမ် ကျင်းပကာ ငြိမ်းချမ်းရေးအတွက် ရွေးကောက်ပွဲ ကျင်းပရန်လိုအပ်ကြောင်းကိ စစ်ကောင်စီ ကိုယ်စားလှယ်များ စစ်ကောင်စီနှင့်ပူးပေါင်းဆောင်ရွက်နေသည့် ပုဂ္ဂိုလ်အဖွဲ့အစည်းများက ပြောဆိုကာ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုးပမ်းနေသည်။

စစ်ကောင်စီသည် ငြိမ်းချမ်းရေးအကြောင်းပြပြီး ရွေးကောက်ပွဲ ကျင်းပကာ အာဏာသက်ဆိုးရှည်စေရေးကြိုးပမ်းလုပ်ဆောင်နေခြင်းသာဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများက တုန့်ပြန်ခဲ့သည်။

အမှန်တကယ် ဆွေးနွေးမှုများ ဖြစ်လာရန်မှာ စစ်တပ်နိုင်ငံရေးမှ ထွက်ခွာရန်၊ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ရေးဆွဲမှုကို လက်ခံရန်၊ ကျူးလွန်ခဲ့သည့် ပြစ်မှုများနှင့်ပတ်သက်၍ ဝန်ခံပြီး အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု ဖော်ဆောင်ရေးကိုလက်ခံရန် အချက်များလိုအပ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။