Connect with us

Hi, what are you looking for?

သတင်း

ဗိုလ်ဘိ ရဲ့ခွဲထွက် DKBA အဖွဲ့ကို စစ်တပ်အသုံးချလာ

ကရင်ပြည်နယ်၊ ဘားအံမြို့နယ် ၊ကြာအင်းပေါ်တော်မူ အခြေစိုက် ဗိုလ်ဘိဦးဆောင်တဲ့ ခွဲထွက်(DKBA)အဖွဲ့ကို စစ်ကောင်စီတပ်က လက်နက်ခဲယမ်း ထောက်ပံ့ပေးပြီး ကျုံဒိုး-ကော့ကရိတ် စစ်ဆင်ရေးမှာ စစ်တပ် နဲ့အတူ ပါဝင်တိုက်ခိုက်စေတယ်လို့ ကရင်သတင်းရင်း မြစ်က ပြောပါတယ်။

ဇူလိုင် – ၁၃ ၊၂၀၂၅၊ နိုင်ပကောင်း/People’s Spring

ကရင်ပြည်နယ်၊ ဘားအံမြို့နယ် ၊ကြာအင်းပေါ်တော်မူ အခြေစိုက် ဗိုလ်ဘိဦးဆောင်တဲ့ ခွဲထွက်(DKBA)အဖွဲ့ကို စစ်ကောင်စီတပ်က လက်နက်ခဲယမ်း ထောက်ပံ့ပေးပြီး ကျုံဒိုး-ကော့ကရိတ် စစ်ဆင်ရေးမှာ စစ်တပ် နဲ့အတူ ပါဝင်တိုက်ခိုက်စေတယ်လို့ ကရင်သတင်းရင်း မြစ်က ပြောပါတယ်။

ကျုံဒိုး – ကော့ကရိတ်လမ်းပိုင်းကို အပြည့်အဝ ထိန်းချုပ်နိုင်ဖို့အတွက် စစ်ကောင်စီတပ် ရဲ့ တပ်မ ၄၄ ၊ တပ်မ ၂၂ ၊ တပ်မ ၅၅ လက်အောက်ခံ တပ်တွေက ထိုးစစ်ဆင်ရာမှာ ဗိုလ်ဘိရဲ့ ခွဲထွက် (DKBA) ကလည်း ပူးပေါင်းပါဝင်ပေးနေတာလို့ သတင်းရင်းမြစ်က ဆိုပါတယ်။

လိုအပ်ရင် တပ်အင်အားပေးပို့မယ်လို့ ပြီးခဲ့တဲ့မေလအတွင်း ဗိုလ်ဘိ ကိုယ်တိုင်က ပြောကြားပြီးနောက် ဇွန်လကုန် ၊ ဇူလိုင်လအစောပိုင်းမှာတော့ ကျုံဒိုးမြို့ဆီ တပ်သား ၁၀၀ ကျော် ပို့ဆောင်ခဲ့တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ကျုံဒိုး – ကော့ကရိတ်လမ်းပိုင်းကနေ ခွဲထွက် (DKBA) တပ်တွေ ပြန်လည်ဆုတ်ခွာဖို့ KNU တပ်မဟာ ( ၆) တပ်မဟာ မှုးက ဗိုလ်ဘိကို သတိပေးထားတယ်လို့ သိရပါတယ်။

ကရင်ပြည်နယ်ထဲက စစ်ဆင်ရေးတွေမှာ စစ်ကောင်စီတပ်က ယခင်က ကရင့်နယ်ခြားစောင့်တပ် (BGF) ကို အသုံးပြုတာ ရှိပေမယ့် ပြီးခဲ့တဲ့ နှစ်ကစတင်ပြီး စစ်တပ်ရဲ့ ကွပ်ကဲမှုအောက်ကနေ BGF ထွက်ခွာသွားပြီးနောက် စစ်တပ်က BGF ကို ခေါ်ယူလို့ မရတော့ဘူးလို့လည်း ကရင်စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။

အခုနောက်ပိုင်းမှာတော့ BGF အစား ဗိုလ်ဘိဦးဆောင်တဲ့ ခွဲထွက်(DKBA)အဖွဲ့ (တိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော်)ကို အားကိုးတကြီး ခေါ်ယူအသုံးပြုနေပြီး လိုအပ်တဲ့ လက်နက်ခဲယမ်းအပြင် စီးပွားရေး လုပ်ပိုင်ခွင့်တွေကို ပေးထားတယ်လို့သိရပါတယ်။ ဘားအံမြို့ပေါ်မှာ လည်း ဆက်ဆံရေးရုံး ဖွင့်လှစ်ခွင့်ပြုထားပါတယ်။

စစ်ကောင်စီ တပ်ရဲ့ စစ်မှုထမ်း ဥပဒေထွက်လာပြီးနောက် ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေဆီ လူငယ်တွေ ဝင်ရောက်ရာမှာ ဗိုလ်ဘိရဲ့ တပ်ဖွဲ့ထဲ ဝင်ရောက်လာကြသူတွေရှိသလို ဘားအံမြို့နယ်၊ သံလွင်အနောက်ဘက်ခြမ်းဂွင်ရှိ ဒေသအခြေစိုက် ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေ စစ်တပ် လက်အောက်ကနေ နှုတ်ထွက်ပြီး လာရောက်ပူးပေါင်းတာကြောင့် ဗိုလ်ဘိရဲ့တပ်အင်အား ပိုမို တောင့်တင်းလာတာလည်းဖြစ်ပါတယ်။

ဗိုလ်ဘိရဲ့ ခွဲထွက်(DKBA)အဖွဲ့ဟာ ကျုံဒိုး-ကော့ကရိတ်လမ်းပိုင်း၊ ဘားအံမြို့နယ် မိကရင်၊ ကျောက်တလုံးဒေသတွေမှာ ဂိတ်တွေချထားပါတယ်။

တိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော်(DKBA)ကို စစ်တပ်က ၂၀၁၀ ခုနှစ်မှာ နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းဖို့ စစ်တပ်က ဖိအားပေးလုပ်ဆောင်ခဲ့ပြီးနောက် ကရင်နယ်ခြားစောင့်တပ်(BGF) အမှတ်(၁၀၁၂)တပ်ရင်း ရဲ့ တပ်ရင်းမှူးအဖြစ် ဗိုလ်ဘိက တာဝန်ယူခဲ့ပါတယ်။

အဲဒီ အမှတ်(၁၀၁၂)တပ်ရင်းဟာဆိုရင် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူအထူးဒေသအနီး ကမော့လဲကျေးရွာမှာ အခြေစိုက်တာပါ။

BGF အမှတ်(၁၀၁၂)တပ်ရင်းမှုး အဖြစ် တာဝန်ယူတဲ့ ဗိုလ်ဘိက ၂၀၁၂ မှာ စစ်တပ်ကို ပြန်လည်တိုက်ခိုက်ပြီး BGF ဘက်တံဆိပ်ကို ဖြုတ်ပစ်လိုက်ကာ တိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော်(DKBA) ဘက်တံဆိပ်ကို ပြန်လည်တပ်ဆင်အသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။

အဲဒီနောက် စစ်တပ် ၊ BGF နဲ့ ဗိုလ်ဘိတို့အဖွဲ့ကြားတိုက်ပွဲတွေဖြစ်ခဲ့ပြီး ဗိုလ်ဘိ ရဲ့ ခွဲထွက်(DKBA)အဖွဲ့ဟာ KNU ဖားအံခရိုင်၊ တပ်မဟာ(၇)နယ်မြေ သောင်ရင်းမြစ်ကမ်းအနီး ခိုအွာဝါလားဟုခေါ်ဆိုတဲ့ ဒေသထဲမှာ အင်အားအနည်းငယ်နဲ့ သွားရောက်ခိုလှုံခဲ့ရပါတယ်။

KNU တပ်မဟာ(၇)နယ်မြေမှာ နှစ်အတန်အကြာ ခိုလှုံခဲ့ပြီးနောက်ပိုင်းမှာတော့ ဘားအံမြို့နယ်၊ ကြာအင်းပေါ်တော်မူဆရာတော်ရဲ့ ပြန်လည်ခေါ်ဆိုမှုအရ ဗိုလ်ဘိတို့အဖွဲ့ ကြာအင်းပေါ်တော်မူဒေသမှာ ၂၀၂၀ ခုနှစ်က ပြန်လည်အခြေချလာတာပါ။

အခုလက်ရှိမှာတော့ ဗိုလ်ဘိတို့ အဖွဲ့ ဘားအံမြို့နယ်၊ ကျောက်တလုံးဒေသမှာ ဂိတ်စခန်း၊ တပ်စခန်းတွေ တိုးချဲ့ဆောက်လုပ်နေတာကြောင့် KNU တပ်မဟာ(၁) တပ်ရင်း(၁)တပ်ဖွဲ့ဝင်တွေနဲ့ ပစ်ခတ်မှုတွေမကြာခဏဆိုသလိုဖြစ်ပွားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။