Connect with us

Hi, what are you looking for?

သတင်း

ပကဖများက ဇီးကုန်းမြို့မှ စစ်​ကောင်စီတပ်စွဲရာ​နေရာကို စီးနင်းတိုက်ခိုက်

စစ်သားနှင့် ပျူ ၄ဦး​သေဆုံးပြီး ​သေနက် ၃ လက်သိမ်းဆည်းရရှိ​ကြောင်းထုတ်ပြန်

စစ်သားနဲ့ ပျူ​စောထီးများတပ်စွဲရာ​နေရာကို ပကဖ များ စီးနင်းတိုက်ခိုက်စဥ် ။ဓါတ်ပုံ-ကန့်ဘလူခရိုင် လှုပ်ရှား ပကဖ၊ ဓူဝံ

ဇူလိုင်-၁၄၊၂၀၂၅။ကဖေး/People’s Spring

ဇီးကုန်းမြို့အထက (၁)တွင်တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းတပ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များကစီးနင်းတိုက်ခိုက်ခဲ့ရာ လေးဦးသေဆုံးပြီး သေနတ် ၃ လက်သိမ်းဆည်းရရှိခဲ့သည်။

ကန့်ဘလူခရိုင်လှုပ်ရှားပကဖဗိုလ်ရသ(ခ)ဗိုလ်ပိုင်ချဲ့အဖွဲ့နှင့်ရေဦးနယ် ဓူဝံပကဖဂျာဂျာအဖွဲ့ကဇူလိုင်လ ၁၄ရက် နေ့ခင်း ၁နာရီခွဲအချိန်တွင် စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“စိတ်လှုပ်ရှားစရာတိုက်ပွဲပဲ” ဟုကန့်ဘလူမြို့ခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ပြည်သူ့ကာကွယ်ရေးရဲဘော်များသည် ကားတစ်စီးပေါ်တွင် ပုန်းအောင်း၍လိုက်လာပြီး စစ်သားနှင့် ပျူစောထီးပူးပေါင်းတပ်စွဲထား​သော​ကျောင်းရှေ့အရောက်၌ အနီးကပ်ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်သည်။ အရပ် ဝတ် ဝတ်ထား​သော စစ်သားနှင့်ပျူ​စောထီးများမှာ အငိုက်မိပြီး တိုက်ခိုက်ခံရချိန်တွင်​ကျောင်းထဲဝင်​ပြေးကြသည်ကိုရုပ်သံမှတ်တမ်း၌​တွေ့ရသည်။

စစ်သားနှင့်ပျူစောထီးပူးပေါင်းတပ်မှလေး‌ဦးသေဆုံးပြီး တစ်ဦးထွက်ပြေးလွတ်မြောက်ခဲ့သည်ဟုဆိုသည်။ ကာဘိုင်နှစ်လတ်၊ Akတစ်လတ် အိုက်ကွန်နှစ်လုံးသိမ်းဆည်းရရှိပြီး ကာကွယ်ရေး ရဲဘော်များအထိခိုက်မရှိကြောင်း တိုက်ခိုက်ခဲ့သည့်ရဲဘော်များက ရုပ်သံမှတ်တမ်းနဲ့အတူထုတ်ပြန်ထားသည်။ရုပ်သံမှတ်တမ်းကို People’sSpring တယ်လီဂရန် https://t.me/PeopleSpring/82264 တွင်​ဖော်ပြထားပါသည်။

ပြောင်မြောက်သည့်စစ်ဆင်ရေးအတွက် ဂုဏ်ယူကြောင်း ဒေသတွင်းမှတော်လှန်ရေးအင်အားစုများက လူမှုကွန်ရက်တွင်ချီးကျူးနေကြသည်။

ဇီးကုန်းမြို့သည် ကန့်ဘလူမြို့နယ်တွင်ပါဝင်ပြီး ပြည်သူ့စစ်များ၊ ပျူစောထီးများအကူအညီဖြင့် စစ်ကောင်စီထိန်းချုပ်ထားသည့် မြို့စစ်သားနဲ့ ပျူ​စောထီးများတပ်စွဲရာ​နေရာကို ပကဖ များ စီးနင်းတိုက်ခိုက်စဥ် ။ရုပ်သံ-ကန့်ဘလူခရိုင် လှုပ်ရှား ပကဖ ၊ ဓူဝံ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသမှာ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့မှုအတွင်း ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီကနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။