Connect with us

Hi, what are you looking for?

သတင်း

လေ​​ကြောင်းမှဗုံးကြဲ၍​နေ့စဥ်ပြည်သူများကို သတ်ဖြတ်​နေ​သော စစ်​ကောင်စီကို နိုင်ငံတကာကချက်ချင်းအ​ရေးယူ​ပေးရန် KnHRG တောင်းဆို

နေ့စဥ်နှင့်အမျှ လေကြောင်းတိုက်ခိုက်မှုဖြင့် အရပ် သားများအား သတ်ဖြတ်နေသည့် စစ်ကောင်စီကို အရေးယူပိတ်ဆို့မှုများ ချက်ချင်းချမှတ်ပေးရန် နိုင်ငံတကာအသိုက်အဝန်းကို ကရင်နီလူ့အခွင့်အရေးအဖွဲ့ KnHRG က ယနေ့ (ဇူလိုင် ၁၆ ရက်) တောင်းဆိုသည်။

ကရင်နီပြည်တွင် စစ်​ကောင်စီက ဇူလိုင်လတွင်ဗုံးကြဲ၍ ​သေဆုံးခဲ့သူအချို့၏ရုပ်အ​လောင်းများနှင့် အပျက်အစီးများ ။ဓါတ်ပုံ- CTER-Karenni

ဇူလိုင်-၁၆၊၂၀၂၅။ရဲ​ခေါင်/People’s Spring

နေ့စဥ်နှင့်အမျှ လေကြောင်းတိုက်ခိုက်မှုဖြင့် အရပ် သားများအား သတ်ဖြတ်နေသည့် စစ်ကောင်စီကို အရေးယူပိတ်ဆို့မှုများ ချက်ချင်းချမှတ်ပေးရန် နိုင်ငံတကာအသိုက်အဝန်းကို ကရင်နီလူ့အခွင့်အရေးအဖွဲ့ KnHRG က ယနေ့ (ဇူလိုင် ၁၆ ရက်) တောင်းဆိုသည်။

စစ်တပ်၏ ပြည်သူများကိုပစ်မှတ်ထားသော လေ ကြောင်းတိုက်ခိုက်မှုများသည် ဇူလိုင်လအတွင်း ကရင်နီပြည်နယ်၌ပင် ခြောက်ကြိမ်ရှိခဲ့ပြီး ၁၅ ဦး သေဆုံးကာ ၁၈ ဦးဒဏ်ရာရပြီး အဆောက်အအုံ ၁၃ လုံးဖျက်ဆီးခံခဲ့ရသည်ဟု​ဖော်ပြထားသည်။

“လူသားမျိုးနွယ်စုပေါ်ကျူးလွန်တဲ့ စစ်ကောင်စီကို နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) မှာ တရားကြောင်းအရတင်ပေးဖို့တောင်းဆိုတယ်”ဟုKnHRG၏တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

လေကြောင်းမှ တိုက်ခိုက်မှုများ နှင့် စစ်ကောင်စီ၏ တိုက်ခိုက်မှုများကြောင့်အရပ်သားများဒုက္ခရောက်နေပြီဖြစ်သောကြောင့်နိုင်ငံတကာအသိုက် အဝန်း၏အရေးတကြီးတုံ့ပြန်မှုလိုအပ်နေကြောင်းလည်း အသိပေးသည်။

မြန်မာနိုင်ငံသို့ လေကြောင်း လောင်စာဆီ စီးဆင်းမှုကို ရပ်တန့်ရန်နှင့် ပိတ်ဆို့အရေးယူမှုများ ချမှတ်ရန် လက်နက်ရောင်းချမှု ပိတ်ဆို့ပေးရန် KnHRG က တိုက်တွန်း သည်။

စစ်တပ်အာဏာသိမ်းပြီးချိန်ကစ၍ လေးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှုပေါင်း ၃၀၀၀ ကျော်ပြုလုပ်ခဲ့ပြီး ကလေးငယ်နှင့်အမျိုးသမီးများ အပါအဝင်အရပ်သားသေဆုံးမှု ၂၀၀၀ ခန့်ရှိနေပြီ ဟုလည်း ​ဖော်ပြသည်။

စစ်ကောင်စီ၏ လေကြောင် တိုက်ခိုက်မှုများသည် ဆက်လက်ပြုလုပ်နေပြီး ပြည်တွင်းနေရပ်စွန့်ခွာသူများ နှင့် ပဋိပက္ခဒဏ်ခံရပ်ရွာများသည်အချိန်မရွေးအန္တရာယ်ကိုရင်ဆိုင်နေရကြောင်းဖော်ပြ သည်။

နိုင်ငံတကာအသိုင်းအဝန်း၏စစ်ကောင်စီအပေါ် အရေးယူတုံ့ပြန်ဆောင်ရွက်မှုအားနည်းခြင်းကြောင့် မြန်မာပြည်သူများ၏ စိတ်ဒဏ်ရာများ ပိုမိုဆိုးရွားလာကြောင်းလည်း KnHRG က အသိပေးသည်။

ယခုနှစ်အတွင်းကရင်နီပြည်နယ်၌ကလေးငယ်များအပါအဝင် ပြည်သူ ၁၀၀ နီးပါးကို စစ်ကောင်စီက သတ်ဖြတ်ခဲ့ပြီး လူမျိုးသုန်းသတ်ဖြတ်မှုအထိ ပစ်မှတ်ထားနေကြောင်း ကရင်နီပြည်နယ်ကြား ကာ လအုပ်ချုပ်ရေးကောင်စီ IEC သည် ဇူလိုင် ၉ ရက်က ထုတ်ပြန်ထားသည်။

ယခုရက်ပိုင်းအတွင်းစစ်ကိုင်းမြို့နယ်၊ဝက်လက်မြို့နယ်၊မြိုင်မြို့နယ်၊မိုးကုတ်၊သပိတ်ကျင်း၊မတ္တရာ၊ကျောက်မဲ၊ဘီးလင်း နှင့် မောတောင် မြို့နယ်တို့ကို စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၅၀ ခန့်​သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းမိုးမိတ်မြို့အနီးမှာ ဒီနေ့ တိုက်ပွဲဆက်ဖြစ်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲပြီး လက်နက်ကြီးတွေ ပစ်ခတ်နေပါတယ်။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်က တိုက်နယ်ပကဖ တာဝန်ခံရဲ့ နာရေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်ဖို့ကြိုးစားခဲ့ပြီး နေရာမှား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။