Connect with us

Hi, what are you looking for?

သတင်း

အိုးဘိုထောင်မှာ နိုင်ငံရေးအကျဉ်းသား ရတနာပုဂံတိုက် ဆရာတော် ဦးပသံသိယ ပျံလွန်‌တော်မူ

မန္တလေး၊ အိုးဘိုအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား ရတနာပုဂံတိုက် ဆရာတော် ဦးပသံသိယ ပျံလွန်‌တော်မူခဲ့ကြောင်း သတင်းရရှိပါတယ်။

စစ်ကောင်စီရဲ့ မတရားဖမ်းဆီးခြင်းမခံရမီ ဆရာတော် ဦးပသံသိယကို တွေ့ရစဥ်။ ဓာတ်ပုံ-သံဃသမဂ္ဂ(မန္တလေး)

ဇူလိုင်-၂၆၊ ၂၀၂၅။ ဇေအောင်၊ ဆိုင်းမင်း/People’s Spring

မန္တလေး၊ အိုးဘိုအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား ရတနာပုဂံတိုက် ဆရာတော် ဦးပသံသိယ ပျံလွန်‌တော်မူခဲ့ကြောင်း သတင်းရရှိပါတယ်။

အိုးဘိုအကျဥ်းထောင်မှာ မတရားဖမ်းဆီးခံထားရတဲ့ မန္တလေးမြို့၊ ရတနာပုဂံတိုက် ဆရာတော် ဦးပသံသိယဟာ စစ်အုပ်စုရဲ့ နှိပ်စက်မှုဒဏ်ရာများကြောင့် ကင်ဆာရောဂါနဲ့ မနေ့က ဇူလိုင် ၂၅ ရက်မှာ မန္တလေး ပြည်သူ့ဆေးရုံကြီးမှာ ပျံလွန်တော်မူခဲ့ကြောင်း သံဃသမဂ္ဂ (မန္တလေး)က သတင်းထုတ်ပြန်ပါတယ်။

“အဓိကကတော့ ကင်ဆာရောဂါအခံကလည်း ရှိနေတော့ ဆေးဝါးကုသမှု ခံယူနေရင်းနဲ့ပဲ ဆေးရုံမှာ ပျံလွန်တော်မူသွားတာပါ။”လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဆရာတော် ဦးပသံသိယကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁ ရက်ညက မတရားဖမ်းဆီးခဲ့ပြီး ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၇ ရက်မှာ ပုဒ်မ ၅၀ (ည)နဲ့ ထောင်ဒဏ် ၁၅ နှစ် မတရား အမိန့်ချမှတ်ခဲ့တာပါ။

ဆရာတော်ဟာ ကင်ဆာရောဂါဝေဒနာခံစားခဲ့ရပြီးတဲ့နောက် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့မှာ မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ကုသမှုခံယူခဲ့ရပါတယ်။ ဒါပေမဲ့ ဆေးဝါးနဲ့ ဆေးကုသမှုမလုံလောက်မှုတွေကြောင့် ထောင်ကျပြီး ၂ နှစ်အကြာ သက်တော် ၃၆ နှစ်၊ ဝါတော် ၁၆ ဝါမှာ ပျံလွန်တော်မူခဲ့ကြောင်း သံဃသမဂ္ဂ (မန္တလေး)က အသိပေးပါတယ်။

ဆရာတော် ဦးပသံသိယ အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေရဲ့ အခွင့်အရေးတွေကို ဖိနှိပ်ထိန်းချုပ်ပြီး လုံလောက်တဲ့ ဆေးကုသမှုမပေးဘဲ ဆုံးရှုံးစေရခြင်းဟာ စစ်အုပ်စုရဲ့ ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်မှုဖြစ်တယ်လို့ သံဃသမဂ္ဂ (မန္တလေး)က ထုတ်ပြန်ပါတယ်။

စစ်အုပ်စုရဲ့ ရဟန်းရှင်လူ ပြည်သူလူထုအပေါ် မတရားဖမ်းဆီးထိန်းသိမ်းမှု၊ နှိပ်စက်ညှဉ်းပန်းမှုနဲ့ အခြားမတရားပြုမူတွေကို တရားမျှတမှုရရှိတဲ့အထိ ပြည်သူလူထုနဲ့အတူ လက်တွဲတိုက်ပွဲဝင်သွားမယ်လို့ သံဃသမဂ္ဂ (မန္တလေး) က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဒီ ၂၀၂၅ ခုနှစ်အတွင်း အကျဉ်းထောင်တွေမှာ လုံလောက်တဲ့ ဆေးဝါးကုသခွင့်မရလို့ ဆုံးပါးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား ၁၇ဦးထိရှိလာလို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ထုတ်ပြန်ထားတယ်။

စစ်တပ်ရဲ့တကျော့ပြန်အာဏာသိမ်းပြီးနောက်ပိုင်း အကျဉ်းထောင်တွေထဲမှာ လုံလောက်တဲ့ ကျန်းမာရေး ကုသမှုခွင့် နဲ့ ဆေးဝါးမရတာကြောင့် ၂၀၂၃ ခုနှစ်ကနေ ၂၀၂၅ခုနှစ် ဇူလိုင်လ ၂၆ရက်အထိအသက်ဆုံးရှုံးခဲ့ရတဲ့ နိုင်ငံရေးအကျဥ်းသား၊သူ ၆၂ဦးထိရှိခဲ့တယ်လို့ PPNM ရဲ့ စာရင်းအရသိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။

သတင်း

မန္တလေးမြို့၊အိုးဘိုထောင်ကယာယီဆောင်မှာ အလှူရှင်လှူထားတဲ့ရေသန့်စက်ပျက်တယ်ဆိုပြီး နိုင်ငံ​ရေးအကျဥ်းသား​တွေကိုရေပိုက်ကလာတဲ့ ရေကိုပဲသောက်ခိုင်းတာကြောင့် ဝမ်းပျက်၊ဝမ်း လျှောရောဂါတွေဖြစ်​နေကြပြီးဆေးကုသခွင့်လည်းမရဘူးလို့ ထောင်ဝန်ထမ်းနဲ့နီးစပ်သူ​တွေက​ပြောတယ်။

ဆောင်းပါး

“နိုင်ငံတစ်နိုင်ငံရဲ့ အမှန်တကယ်အခြေအနေကို သိချင်ရင် အဲဒီနိုင်ငံရဲ့ ထောင်တွေထဲကို ဝင်ကြည့်ရမယ်”

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်တို့ ဩဂုတ် ၃ရက် တွေ့ဆုံမှုကို ကြိုဆိုကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အပြည့်အ၀ ပြန်လွှတ်ပေးရန် တောင်းဆိုချက်ကို ထပ်လောင်းအတည်ပြုတယ်လို့ ဥရောပသမဂ္ဂက ထုတ်ပြန်ပါတယ်။