Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီက မိုးကုတ်မြို့ကိုဗုံးကြဲ၍ ပြည်သူ ၄ ဦးသေဆုံး၊ ၉ဦး ဒဏ်ရာရ

TNLA နှင့် တော်လှန်​ရေးတပ်များသိမ်းပိုက်ထိန်းချုပ်ထားသည့် မိုးကုတ်မြို့အားယနေ့ နံနက်ပိုင်း၌စစ်ကောင်စီကလေကြောင်းမှ ဗုံးကြဲရာတွင် လူစည်ကားရာနေရာများကိုသာရွေး၍ ဗုံးကြဲခဲ့ခြင်းဖြစ်ပြီးလတ်တ​လောရရှိ​သောသတင်းအရအနည်းဆုံးအရပ်သား ၄ ဦးသေဆုံးပြီး၉ဦးဒဏ်ရာရရှိခဲ့သည်။

စစ်​ကောင်စီက မိုးကုတ်မြို့အား ဇူလိုင် ၂၉ ရက်တွင် ဗုံးကြဲပြီး​နောက်မြင်ကွင်း။ဓါတ်ပုံ-​ဒေသခံ

ဇူလိုင်-၂၉၊၂၀၂၅။လူအေး/People’s Spring

TNLA နှင့် တော်လှန်​ရေးတပ်များသိမ်းပိုက်ထိန်းချုပ်ထားသည့် မိုးကုတ်မြို့အားယနေ့ နံနက်ပိုင်း၌စစ်ကောင်စီကလေကြောင်းမှ ဗုံးကြဲရာတွင် လူစည်ကားရာနေရာများကိုသာရွေး၍ ဗုံးကြဲခဲ့ခြင်းဖြစ်ပြီးလတ်တ​လောရရှိ​သောသတင်းအရအနည်းဆုံးအရပ်သား ၄ ဦးသေဆုံးပြီး၉ဦးဒဏ်ရာရရှိခဲ့သည်။

“၁နှစ်အတွင်းမှာအဆိုးဆုံးလေကြောင်းတိုက်ခိုက်မှုပဲ။ဘာပြောရမှန်းကိုမသိတာ။အခုဗုံးကြဲသွားတဲ့နေရာတွေကလည်းအရပ်သားတွေရှိတဲ့နေရာတွေ။ လူထိခိုက်တာတွေရှိတယ်။ဗုံးကြဲတဲ့နေရာကိုအရောက်သွားလိုက်ပေမယ့် လေကြောင်းကထပ်လာလို့ ဘယ်လိုမှမနေရဲလို့ပြန်ပြေးလာရတယ်”ဟုမြို့ခံတစ်ဦးကပြောသည်။

မိုးကုတ်မြို့၊မင်းတံတားရပ်၊ကလေးမူကြိုကျောင်းနှင့် စိုက်ပျိုးရေးရုံးအနီး ဖုန်းဆိုင်၊ မိဘ‌မေတ္တာရေကူကန်ရှေ့၊ တော်၀င်ဆီဆိုင် အနီး ပျိုးဥယာဉ်နှင့် Kingbridge Hotelအနီနှင့် မိုးကုတ်မြို့အရှေ့ပိုင်းကိုဗုံးကြဲသွားကြောင်း TNLA ကထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

မင်းတံတားရပ်ကွက်၊ရွှေဘုန်သာရပ်ကွက်နှင့်BOCကားကြီးကွင်းအနီးတို့ကိုပေါင် ၅၀၀ ဗုံး သုံးလုံး နှင့် ပေါင်၂၅၀ဗုံး နှစ်လုံးအပါအဝင် စုစု‌ပေါင်း ဗုံး ငါးလုံးကြဲချခဲ့သည်။​​ဒေသခံပြည်သူ၄ ဦးသေဆုံးကာ ၉ဦး ဒဏ်ရာရရှိခဲ့သည်ဟု TNLAက သတင်းထုတ်ပြန်သည်။ နေအိမ် (၁၈)လုံး ပျက်စီးသွားခဲ့ပြီး ဒေသခံများလေကြောင်းအန္တရာယ်သတိပြုကြရန်လည်းထပ်မံထုတ်ပြန်ထားသည်။ဒဏ်ရာရသူများအနက် လေးဦးပြင်းထန်ကြောင်း သိရသည်။

“လူသေဆုံးမှု တိုးလာနိုင်တယ်။တိုက်အိမ်တွေလည်းပျက်စီးတာများပါတယ်။ လေယာဉ်ကထပ်ဝဲနေတော့ဘယ်လိုမှ အသေးစိတ်အတည်ပြုလို့မရသေးဘူး” ဟု မြို့ခံတစ်ဦးကပြောသည်။

ယခုဖြစ်စဥ် မတိုင်ခင် ဇူလိုင်လအတွင်း စစ်တပ်က မိုးကုတ်မြို့အား ဗုံး​လေးကြိမ်ကြဲခဲ့၍ က​လေးငယ် ၂ ဦး အပါအဝင်ပြည်သူ ၆ ဦး​သေဆုံးပြီး ၊၂၅ဦးဒဏ်ရာရရှိခဲ့​ကြောင်း TNLA ကထုတ်ပြန်သည်။

စစ်ကောင်စီသည် သပိတ်ကျင်းမြို့ဘက်မှနေ၍ မိုးကုတ်မြို့အားစစ်ကြောင်းထိုးရန်ကြိုးစားနေသလို ပြင်ဦးလွင်-မိုးကုတ်လမ်းပိုင်းမှတစ်ဆင့်လည်း စစ်ကြောင်းထိုးရန်ကြိုးစားနေသည်ဟုသတင်းရရှိသည်။ စစ်ကောင်စီဝါဒဖြန့်ချိရေးလူမှုကွန်ရက်စာမျက်နှာများတွင် မိုးကုတ်မြို့အားတိုက်ခိုက်မည်ဟု​ရေးသားဝါဒဖြန့်နေကြသည်။

မြေပြင်စစ်ကြောင်းထိုးမည့်အခြေအနေကြောင့် လူမနေရဲအောင်လေကြောင်းမှအဆက်မပြတ်တိုက်ခိုက်နေခြင်းဟု မြို့ခံများကပြောသည်။လက်ရှိတွင်မိုးကုတ်မြို့နှင့်ပတ်ဝန်းကျင်၌ မိုးသည်းထန်ပြီး လမ်းများကိုပျက်စီးနေသည်။ လမ်းများပြင်ဆင်ရေးအတွက် တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က မိုးကုတ်မြို့မှအထွက်လမ်းများကို ယနေ့မှစ၌ ဩဂုတ်လ ၅ရက်အထိ ယာယီပိတ်ထားမည်ဟု ဇူလိုင် ၂၈ ရက်ညက သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်က ကာကင်းစခန်းနဲ့ ခြေကုတ်နေရာအချို့သိမ်းပိုက်ခံရပြီး​တော့ အာဏာသိမ်းစစ်တပ်က ဒီနေ့မှာစစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ သံတွဲမြို့နယ်တို့ ကို လေယာဉ်အုပ်လိုက်နဲ့ ဗုံးပတ်ကြဲနေတယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်း ဥဒိန်ရွာကို စစ်တပ်က အင်အားထပ်တိုးပြီးတဲ့နောက် ဒရုန်းတွေနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘိုကြီးကျွန်းရွာ ဘုန်းကြီးကျောင်းပေါ် ဗုံးကျပြီး အမျိုးသားတစ်ဦး သေဆုံးကာ သံဃာတစ်ပါး ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

စစ်​တွေတိုက်ပွဲမှာအထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ပုဏ္ဏားကျွန်းနဲ့ မြောက်ဦးမြို့နယ်တို့ကို တိုက်လေယာဉ်အုပ်လိုက်နဲ့ ဗုံးကြဲတဲ့အတွက်အထိအခိုက်တွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်း ရေသန့် စက်ဖွင့်ပွဲကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး ပြည်သူ ၂ဦး သေဆုံးကာ ၈ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။