Connect with us

Hi, what are you looking for?

သတင်း

ကွတ်ခိုင်မြို့ပေါ် ဟိုတယ်ကို စစ်ကောင်စီ ဗုံးကြဲ၊ အရပ်သား ၆ ဦးသေဆုံး၊ ၇ ဦးဒဏ်ရာရ

TNLA ၊ KIA အပြင်အပစ်ရပ်ထားသော MNDAA ပါ ရှိနေသောကွတ်ခိုင်မြို့ကို စစ်ကောင်စီက ယ​နေ့နံနက် အစောပိုင်းတွင်လေကြောင်းမှ ဗုံးကြဲ၍ အရပ်သား ​ခြောက်ဦးသေဆုံးပြီး ၇ဦး ဒဏ်ရာရရှိခဲ့သည်။

စစ်​ကောင်စီ ဗုံးကြဲပြီး​နောက် အပျက်အစီးများကို​တွေ့ရစဥ်။ဓါတ်ပုံ-​TNLA ၊ ဒေသခံ

ဇူလိုင်-၃၀၊၂၀၂၅။ကဖေး/People’s Spring

TNLA ၊ KIA အပြင်အပစ်ရပ်ထားသော MNDAA ပါ ရှိနေသောကွတ်ခိုင်မြို့ကို စစ်ကောင်စီက ယ​နေ့နံနက် အစောပိုင်းတွင်လေကြောင်းမှ ဗုံးကြဲ၍ အရပ်သား ​ခြောက်ဦးသေဆုံးပြီး ၇ဦး ဒဏ်ရာရရှိခဲ့သည်။

ကွတ်ခိုင်မြို့ ရပ်ကွက်(၂)ရှိ ရာစုသစ်ဟိုတယ်ကို ဇူလိုင် ၃၀ ရက်နံနက် ၁ နာရီခန့် ( ဇူလိုင် ၂၉ ရက် ညသန်း​ခေါင်၁၂နာရီ ၅၀မိနစ်)တွင် ဗုံးကြဲခြင်းဖြစ်ပြီး ဟိုတယ်အပြင် အနီးရှိ နေအိမ်လည်း ပျက်စီးကာ​​ အရပ်သားပြည်သူများသေဆုံး ဒဏ်ရာရခဲ့ခြင်းဖြစ်​ကြောင်းဒေသခံများက ပြောသည်။

“ဟိုတယ်ရဲ့ဘေးအိမ်က ကလေးတစ်ယောက်နဲ့အဖွားအိုတစ်ယောက်။ဟိုတယ်ကခရီးသွား ၃ယောက်သေဆုံးတယ်။ ကွတ်ခိုင်ကိုတောင် ဗုံးကြဲတယ်ဆိုတော့ ရှမ်းမြောက်တစ်ခုလုံး သတိထားကြရမယ်ထင်တယ်”ဟုဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

TNLA ကလည်းကွတ်ခိုင်မြို့ဗုံးကြဲခံရမှုသတင်းထုတ်ပြန်ရာ ရပ်ကွက် (၂)ရှိ ရာစုသစ်ဟိုတယ်ကို စစ်​ကောင်စီကဗုံးကြဲ၍ကလေးငယ်တစ်ဦး၊ အမျိုးသမီးတစ်ဦးနှင့် အမျိုးသား လေးဦး သေဆုံးခဲ့ပြီး အမျိုးသမီး သုံးဦးနှင့် အမျိုးသား လေးဦး ထိမှန်ဒဏ်ရာရှိခဲ့ကာ နေအိမ် (၂)လုံး၊ တည်ခိုးခန်း အဆောက်အဦးအချို့ ထိခိုက်ပျက်စီးဟု ဖော်ပြထားသည်။

ဟိုတယ်သည် သုံးထပ်ခွဲအဆောက်အအုံဖြစ်ပြီး အပေါ်ပိုင်းထိခိုက်ပျက်စီးမှုမှုများပြားခဲ့သည်။ တည်းခိုနေသည့်ခရီးသည်များအနက် အမျိုးသားနှစ်ဦး၊ အမျိုးသမီးတစ်ဦးသေဆုံးကြောင်း ​ဒေသခံအချို့က​ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ကို ၁၀၂၇ စစ်ဆင်‌ရေးနှင့်အတူ တ‌အာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က သိမ်းယူခဲ့သည်။ကွတ်ခိုင်မြို့နယ်အတွင်းရှိ နမ့်ဖက်ကာ​ဒေသကိုKIA ကသိမ်းပိုက်ထိန်းချုပ်ထားသည်။ထို​ကြောင့်ကွတ်ခိုင်တွင် TNLA အပြင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)တို့လည်း ရှိ​နေခြင်းဖြစ်သည်။

“အရင်ရက်ကတော့ MNDAA က လူနဲ့လက်နက်တွေယူပြီး တာမိုးညဲ ဘက်ကိုထွက်သွားတယ်။ ကွတ်ခိုင်ကနေ ဆုတ်သွားတယ်လို့ သတင်းတွေကြားရတယ်။ အဲဒီနောက်ပိုင်း ပထမဆုံးအကြိမ် ဗုံးလာကြဲတာပဲ”ဟုကွတ်ခိုင်မြို့ခံတစ်ဦးကပြောသည်။

ဗုံးကြဲခံရပြီးနောက် ယနေ့နံနက်ပိုင်းတွင် KIA နှင့် TNLA တပ်ဖွဲ့ဝင်များလာရောက်စစ်ဆေးနေပြီး MNDAAတပ်ဖွဲ့ဝင်များလာရောက်ခြင်းမရှိကြောင်း ဒေသခံများကပြောသည်။ MNDAAနှင့် စစ်ကောင်‌စီသည် တရုတ်အစိုးရ၏ အစီအစဥ်ဖြင့် အပစ်ရပ်ထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းကွတ်ခိုင်မြို့ကိုစစ်ကောင်စီက ၂၀၂၄ ခုနှစ် ဩဂုတ်လ၅ရက်၊ဩဂုတ်လ ၇ရက်နှင့် နိုဝင်ဘာလ၁ရက်နေ့တွင် ဗုံးကြဲခဲ့ရာ အရပ်သားခုနစ်ဦးသေဆုံးပြီး ဆယ်ဦးထက်မနည်းဒဏ်ရာရခဲ့သည်။

စစ်ကောင်စီသည် ဇူလိုင် ၂၉ ရက်​နေ့ကလည်း TNLAထိန်းချုပ်ထားသည့် မိုးကုတ်မြို့ရှိဟိုတယ်အချို့အပြင် မြို့ပေါ်လူစည်ကားရာနေရာများကို လေကြောင်းမှဗုံးကြဲခဲ့၍ အရပ်သားလေးဦးသေဆုံးပြီး ကိုးဦး ဒဏ်ရာရခဲ့သည်။ ထို့အပြင် မိုးကုတ်မြို့အနီးမှမိုင်းလုံမြို့ကို လေကြောင်းမှဗုံးကြဲ၍ အရပ်သားတစ်ဦးသေဆုံးခဲ့သည်။

စစ်ကောင်စီသည် TNLA ထိန်းချုပ်ဒေသများဖြစ်သောကျောက်မဲ၊မိုင်းငေါ့၊ နောင်ချို၊ သီပေါ၊ ကွတ်ခိုင်နှင့် မိုးကုတ်မြို့နယ်များကို လက်ရှိ ဇူလိုင်လအတွင်း လေကြောင်းမှ ဗုံးကြဲ၍ အရပ်သား ၁၈ဦးထက်မနည်းသေဆုံးပြီး ၆၀ဦးခန့် ဒဏ်ရာရခဲ့သည်။ လေကြောင်းအန္တရာယ်သတိပြုနေထိုင်ကြရန် TNLAက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံရဲ့ ဟိုတယ်နဲ့ခရီးသွားလုပ်ငန်းစုကြီး Amata က ဟိုတယ် ၂လုံး ထုတ်ရောင်း‌တော့မယ်လို့ သတင်းရရှိပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြိုနယ် မော်ဟန်ရွာနားက ကချင်လွတ်လပ်ရေးတပ်မတော်(KIA) စစ်ဆေးရေးဂိတ်ကို ကိုးကန့်တပ်(MNDAA)က ဇူလိုင် ၈ရက်ညနေပိုင်းမှာ အင်အားသုံးဖျက်ဆီးခဲ့ရာ အဲဒီ ဖြစ်စဉ်အပေါ် ကိုးကန့်တပ်က ပြန်တောင်းပန်ခဲ့ကြောင်း ကချင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မော်ဟန်ရွာနားက ကချင်လွတ်လပ်ရေးတပ်မတော်(KIA) စစ်ဆေးရေးဂိတ်ကို ကိုးကန့် တပ်(MNDAA)က အင်အားသုံးပြီး လာရောက်ဖယ်ရှားဖျက်ဆီးခဲ့လို့ နှစ်ဖက် အချင်းများခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ရေကြည် နဲ့ လေးမျက်နှာမြို့နယ်​တွေမှာတိုက်ပွဲတွေပြင်းထန်နေစဉ် စစ်တပ်က ဧရာဝတီတိုင်းထဲက မြို့နယ်တွေမှာရှိတဲ့ဟိုတယ်နဲ့တည်းခိုခန်းတွေကို ရှောင်တခင်ဝင် စစ်ဆေးပြီးနေ့စဉ်တည်းခိုသူစာရင်းတွေ မဖြစ်မနေပေးဖို့ ဖိအားပေးနေပါတယ်။