Connect with us

Hi, what are you looking for?

သတင်း

အထိနာနေတဲ့ဧရာဝတီတိုင်းမှာ ဟိုတယ်နဲ့တည်းခိုခန်းတွေကို စစ်တပ် ဝင်စစ်နေ

ရေကြည် နဲ့ လေးမျက်နှာမြို့နယ်​တွေမှာတိုက်ပွဲတွေပြင်းထန်နေစဉ် စစ်တပ်က ဧရာဝတီတိုင်းထဲက မြို့နယ်တွေမှာရှိတဲ့ဟိုတယ်နဲ့တည်းခိုခန်းတွေကို ရှောင်တခင်ဝင် စစ်ဆေးပြီးနေ့စဉ်တည်းခိုသူစာရင်းတွေ မဖြစ်မနေပေးဖို့ ဖိအားပေးနေပါတယ်။

(​ရေကြည်မြို့နယ်က စစ်တပ်စခန်းကုန်း​တွေကို AA နဲ့ မဟာမိတ်​တွေက သိမ်းပိုက်ပြီး​​နောက်သိမ်းပိုက်ရရှိတဲ့လက်နက်ခဲယမ်း​တွေ ။ဓါတ်ပုံ-AA infodesk )

ဇူလိုင်-၇၊၂၀၂၆။ဇော်ရမ်း/People’s Spring

ရေကြည် နဲ့ လေးမျက်နှာမြို့နယ်​တွေမှာတိုက်ပွဲတွေပြင်းထန်နေစဉ် စစ်တပ်က ဧရာဝတီတိုင်းထဲက မြို့နယ်တွေမှာရှိတဲ့ဟိုတယ်နဲ့တည်းခိုခန်းတွေကို ရှောင်တခင်ဝင် စစ်ဆေးပြီးနေ့စဉ်တည်းခိုသူစာရင်းတွေ မဖြစ်မနေပေးဖို့ ဖိအားပေးနေပါတယ်။

ပုသိမ်၊ သာပေါင်း၊ ငပုတော၊ မအူပင်၊ ဟင်္သာတ၊ မြန်အောင်အပါအဝင် တိုက်ပွဲဖြစ်နေတဲ့နေရာတွေနဲ့နီးစပ်တဲ့ မြို့နယ်တွေမှာ အာဏာသိမ်း စစ်တပ်က စစ်ဆေးမှုတွေပိုမိုပြုလုပ်​​​နေတာဖြစ်ပါတယ်။

“ဧည့်သည်စာရင်းတွေနေ့တိုင်းပို့ရတယ်။ မှတ်ပုံတင်မပါတဲ့သူတွေ ရောက်လာရင် ရဲစခန်းကိုချက်ချင်းအကြောင်းကြားရတယ်။ ရုတ်တရက်ဝင်စစ်ဆေးပြီး သူတို့မကြိုက်တာတွေ့ရင် ငွေညှစ်ပြီး ခံဝန်ထိုးခိုင်းတယ်”လို့ ပုသိမ်မြို့မှာရှိတဲ့ တည်းခိုခန်း ဝန်ထမ်းတဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ဂွမြို့ကို ပြန်လည်သိမ်းယူမယ်လို့ကြုံဝါးပြီး ဧရာဝတီတိုင်းဘက်ကတဆင့်စစ်ကြောင်းတွေဝင်ရောက်လာပြီးတဲ့နောက်ပိုင်း ပြီးခဲ့တဲ့ဇွန်လကစပြီး ရေကြည်မြို့နယ်ထဲမှာတိုက်ပွဲတွေပိုမိုပြင်းထန်လာခဲ့ပါတယ်။ရခိုင်ပြည်နယ်နဲ့ဆက်စပ်နေတဲ့ သာပေါင်းနဲ့ လေးမျက်နှာမြို့နယ်တွေမှာလည်း တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။ ဇွန်လကစပြီး တိုက်ပွဲတွေသိသိသာသာပြင်းထန်လာပြီးတဲ့နောက်ပိုင်း ရေကြည်မြို့နယ်ထဲကစစ်တပ်စခန်းတွေကိုအာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေက ဆက်တိုက်သိမ်းယူနေပါတယ်။

ဇွန်လက တိုက်ပွဲတွေထဲမှာ ရေကြည်မြို့နယ်ထဲက ပွိုင့် (၂၈၈) ကုန်း၊ ပွိုင့် (၁၈၈) ကုန်နဲ့ပွိုင့် (၁၄၈) ကုန်းကို AAက သိမ်းယူပြီး ဇူလိုင်လ ၂ရက်နဲ့ ၃ရက်မှာ ၂၂၇ပွိုင့်ကုန်းရဲ့ ကာကင်းစခန်းကုန်းနှစ်ခုကိုထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ AAက ဇူလိုင်လ ၄နေ့ညမှာသတင်းထုတ်ပြန်ပါတယ်။

စစ်တပ်က ရေကြည်မြို့နယ်ထဲက အမြောက်တပ်(၃၄၄)နဲ့ လေးမျက်နှာမြို့ဘက်မှာလည်း အင်အားဖြည့်တင်းနေတယ်လို့ AAက ထုတ်ပြန်ထားပါတယ်။ ပုသိမ်-မုံရွာလမ်းပိုင်းမှာလည်း တပ်ဖွဲ့ဝင်အင်အားအများအပြားသုံးပြီး နေရာယူထားတယ်လို့လည်းAAကအသိပေးထားပါတယ်။

တိုက်ပွဲတွေပြင်းထန်နေစဉ် ဒေသတွင်း ရထားလမ်းနဲ့ကားလမ်း ဆက်သွယ်ရေးလမ်းပိုင်းတွေမှာ စစ်တပ်ကစစ်ဆေးရေးတင်းကြပ်နေသလို တည်းခိုခန်းနဲ့ဟိုတယ်တွေကိုလည်း ရှောင်တခင်ဝင်ရောက်စစ်ဆေးတာတွေပြုလုပ်နေပါတယ်။

“ပေါ်တာဆွဲတာတွေလည်းရှိတယ်။အကြောင်းအမျိုးမျိုးပြပြီးဖမ်းတာတွေလည်းရှိတယ်။ ညဆို ၈နာရီလောက်ဆိုမြို့ကတိတ်ဆိတ်သွားပြီ။ အသွားအလာမရှိ တော့သလောက်ပဲ” လို့ မအူပင်မြို့ခံတစ်ဦးကပြောပါတယ်။

ရေကြည်မြို့နယ်ထဲမှာဖြစ်ပွားနေခြင်းတိုက်ပွဲတွေနဲ့ပတ်သက်လို့ AA ကဇူလိုင်လ၇ရက်နေ့မှာ ထပ်မံထုတ်ပြန်ထားပါတယ်။ ဇူလိုင်လ ၃ရက်နေ့က ၂၂၇ပွိုင့်ကုန်းသိမ်းယူတိုက်ပွဲကနေထွက်ပြေးသွားတဲ့စစ်သားတွေနဲ့ ဇူလိုင်လ၄ရက်နေ့မှာတိုက်ပွဲဖြစ်ပွားခဲ့ပြီးလက်နက်ခဲယမ်းအချို့၊ စစ်အသုံးအဆောင်ပစ္စည်းအချို့နဲ့ ရုပ်အလောင်းအချို့သိမ်းဆည်းနိုင်ခဲ့တယ်လို့ဖော်ပြထားပါတယ်။

စစ်တပ်ကလည်းလက်လွတ်ဆုံးရှုံးလိုက်ရတဲ့စခန်းတွေနဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာတွေကိုဂျက်ဖိုက်တာ၊ ဒရုန်း၊လက်နက်ကြီးတွေနဲ့ ဆက်တိုက် ဗုံးကြဲပစ်ခတ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူမြို့နယ်အတွင်း အာဏာသိမ်းစစ်တပ်ရဲ့ ရှေ့တန်းစခန်းတွေကို အာရက္ခတပ်တော်(AA)က အဝေးပစ် လက်နက်ကြီး၊ စနိုက်ပါတို့နဲ့ တိုက်ခိုက်နေတာကြောင့် စစ်တပ်တပ်ဘက်က သေဆုံးထိခိုက်သူတွေ နေ့စဉ်နီးပါးရှိ နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်က စစ်တပ်ရဲ့ (၂၂၇) ပွိုင့်ကုန်းရဲ့ ကာကင်းစခန်းကုန်းတွေ သိမ်းပိုက်စဉ် ထွက်ပြေးသွားတဲ့ တပ်မ(၆၆) လက်အောက်ခံတပ်ကို လိုက်လံချေမှုန်းရာ စစ်တပ်ရုပ်အလောင်းအချို့နဲ့ လက်နက်ခဲယမ်းတွေ သိမ်းပိုက်ရရှိတယ်လို့ အာရက္ခတပ်တော်(AA)က ဒီကနေ့ ဇူလိုင် ၇ရက်မှာ ထုတ်ပြန်လာပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်က ကျေးရွာတစ်ရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူလူထု ထိခိုက်မှု၊ နေအိမ်ပျက်စီးမှုတွေရှိခဲ့တယ်လို့ဒေသခံက အသိပေးပါတယ်။

သတင်း

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုရဲ့ သမီးဖြစ်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ လူငယ်တာဝန်ခံ မမိုး ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ၅၂(က)နဲ့ ထပ်မံတရားစွဲဆိုပြီး ထောင်ဒဏ်ငါးနှစ်ချမှတ်လိုက်တယ်လို့ မိသားစုဝင်တွေက ပြောကြပါတယ်။