Connect with us

Hi, what are you looking for?

သတင်း

စစ်အာဏာရှင်ကို ယခင်ထက်ဗျူဟာမြောက်စွာ စုပေါင်းတိုက်ခိုက်ကြရန် တော်လှန်ရေးအင်အားစုများအား TNLAတောင်းဆို

ကျဆုံးလုနီးပါးဖြစ်နေသည့်စစ်အာဏာရှင်ကို ယခင်ကထက်မဟာဗျူဟာမြောက်သည့်တော်လှန်ရေးလုပ်ငန်းစီမံချက်များဖြင့် စုပေါင်းပြီး ဟန်ချက်ညီညီ ဝိုင်းဝန်း တော်လှန်တိုက်ခိုက်ကြရန် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲအစည်းများ၊နွေဦးတော်လှန်ရေးအင်အားစု များအား လေးနက်စွာ တောင်းဆိုကြောင်း တအာင်းအမျိုးသားလွတ်​မြောက်​ရေးတပ်မတော်(TNLA)ကယနေ့ထုတ်ပြန်ကြေညာသည်။

၁၀၂၇ စစ်ဆင်​ရေးတွင် စစ်တပ်ထံမှသိမ်းဆည်းရရှိ​​သော​ဟောင်ဝစ်ဇာ နှင့် TNLAတပ်ဖွဲ့များ။ ဓာတ်ပုံ- TNLA

ဇူလိုင်-၃၀၊ ၂၀၂၅။ ထားမြတ်/People’s Spring

ကျဆုံးလုနီးပါးဖြစ်နေသည့်စစ်အာဏာရှင်ကို ယခင်ကထက်မဟာဗျူဟာမြောက်သည့်တော်လှန်ရေးလုပ်ငန်းစီမံချက်များဖြင့် စုပေါင်းပြီး ဟန်ချက်ညီညီ ဝိုင်းဝန်း တော်လှန်တိုက်ခိုက်ကြရန် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲအစည်းများ၊နွေဦးတော်လှန်ရေးအင်အားစု များအား လေးနက်စွာ တောင်းဆိုကြောင်း တအာင်းအမျိုးသားလွတ်​မြောက်​ရေးတပ်မတော်(TNLA)ကယနေ့ထုတ်ပြန်ကြေညာသည်။

ပြည်သူလူထုအား ဦးတည်ဗုံးကြဲတိုက်ခိုက်နေသည့်စစ်အုပ်စု၏ စစ်ရာဇဝတ်မှုလုပ်ရပ်များကို ကန့်ကွက်ရှုတ်ချကြောင်း ဇူလိုင် ၃၀ တွင်ထုတ်ပြန်စဉ် တောင်းဆိုခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီသည် အတုအယောင်ရွေးကောက်ပွဲကျင်းပပြီး နိုင်ငံ့အာဏာကို ရေရှည်ချုပ်ကိုင်ရန် ပြင်ဆင်နေကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ထိုသို့ ဆောင်ရွက်နေသည့် မြန်မာစစ်ကောင်စီသည် တိုင်းပြည်တဝှမ်းလုံးရှိ ပြည်သူလူထုများ၏ စုပေါင်းတိုက်ခိုက်မှုကြောင့် စစ်တိုင်းဌာနချုပ်များ၊ တပ်ရင်း တပ်ဖွဲများ စစ်ပွဲတွင် ကျရှုးပြီး အဖက်ဖက်မှ ယိုယွင်းပျက်စီးချိနဲ့နေသည့် မြန်မာ့တပ်မတော် အဖြစ်ဆိုးသို ကျရောက် လျက်ရှိနေကြောင်းလည်း ထုတ်ပြန်ကာ စစ်အာဏာရှင်ကို စုပေါင်းတိုက်ခိုက်ရန်တောင်းဆိုခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီကTNLA နယ်မြေများအားလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့မှု အခြေအနေများကိုလည်း အသိပေးသည်။

ယခုနှစ် ဇွန်၊ ဇူလိုင်ကာလအတွင်း နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ ကွတ်ခိုင်၊ မိုင်းလုံ၊ မိုင်းငေါ့၊ မိုးကုတ်စသည့် မြို့များရှိ ပြည်သူလူထုနေအိမ်၊ ဈေး၊ စာသင်ကျောင်း၊ ဟိုတယ်၊ တည်းခိုခန်း စသည့်ပြည်သူလူထု နေထိုင်သွားလာလှုပ်ရှားရာ နေရာများဦးတည်ပြီး တိုက်လေယာဉ်များ၊ လက်နက်ကြီးများဖြင့် အင်အားပြင်းဗုံးများ နေ့စဉ်ရက်ဆက် ကြဲချလျက်ရှိဟု ဖော်ပြသည်။

ထိုကဲ့သို ပြည်သူလူထုအား ရည်ရွယ်ချက်ရှိရှိ ဦးတည်တိုက်ခိုက်နေသည့် မြန်မာစစ်အုပ်စု၏ စစ်ရာဇဝတ်မှုကျူးလွန်သည့်လုပ်ရပ်များကိုပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး – PSLF/TNLA မှ အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်သည်။

မြန်မာနိုင်ငံ မြို့၊ရွာဒေသအသီးသီးရှိ လူနေအိမ်၊ စာသင်ကျောင်း၊ ဈေး၊ ဘာသာရေးအဆောက်အအုံ၊ ဆေးရုံ၊ ဟိုတယ်၊တည်းခိုခန်း၊ အလုပ်ရုံစသည့် ပြည်သူလူထုများ နေထိုင်သွားလာလှုပ်ရှားရာ နေရာများကို ရည်ရွယ်ချက်ရှိရှိဦးတည်တိုက်ခိုက်သည့် မြန်မာစစ်ကောင်စီ၏ နိုင်ငံတကာစစ်ရာဇဝတ်မှု ကျူးလွန်သည့် လုပ်ရပ်ဆိုးများကို အမြန်ဆုံးရပ်တန့်စေရေး ကူညီပေးရန်လည်း ကုလသမဂ္ဂ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံအပါအဝင်နိုင်ငံတကာအစိုးရများအား TNLAက မေတ္တာရပ်ခံသည်။

ပြည်သူလူထုအားရန်သူသဖွယ်ရက်ရက် စက်စက်တိုက်ခိုက်ချေမှုန်းနေသည့် မြန်မာစစ်ကောင်စီ၏ ဗုံးကြဲသည့် အန္တရာယ်များမှ လွတ်ကင်းနိုင်ရေး တော်လှန်ရေးသတိဖြင့် လိုအပ်သည့် ဗုံးခိုကျင်းအစီအမံများ ပြုလုပ်ကာ နေထိုင်သွားလာကြပါရန် မြန်မာတနိုင်ငံလုံးရှိ ပြည်သူများအား TNLAက တိုက်တွန်း နှိုးဆော်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ မြန်မာ့ဒီမိုကရေစီအရေးဆောင်ရွက်သူတွေက စုပေါင်းပြီး မြန်မာစစ်အာဏာရှင်ကို အသိအမှတ်ပြုဆက်ဆံတာမျိုးမလုပ်ဖို့ ထိုင်းအစိုးရကို တောင်းဆိုတဲ့ ဆန္ဒပြပွဲကို ဇူလိုင် ၃၁ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

လူထုဆန္ဒနဲ့ CDM လှုပ်ရှားမှုတွေရဲ့ ရည်မှန်းချက်ကို အလေးထားပြီး ခေတ်စနစ်ပြောင်းလဲရေး ရှေးရှုဖို့တိုက်တွန်း

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF)က ဖက်ဒရယ်ယူနစ် လွှတ်တော်အစိုးရတွေ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ တော်လှန်ရေးအင်အားစုတွေနဲ့ တွေ့ဆုံမှုတွေ ဆက်တိုက်ပြုလုပ်လျက်ရှိရာ ဇူလိုင် ၁၇ရက်ကနေ ၂၃ရက် ၈ရက်တာအတွင်း အဖွဲ့အစည်း ၁၁ ဖွဲ့ထက်မနည်းကို တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဆောင်းပါး

TNLA ထိန်းချုပ်နယ်မြေအတွင်း မြေရှားသတ္တုတွင်းသစ်များစွာ တူးဖော်နေကြောင်း အမေရိကန်နိုင်ငံအခြေစိုက် သုတေသနအဖွဲ့က ဂြိုဟ်တုဓာတ်ပုံ အချက်အလက်များနှင့် တကွ ပထမဆုံးအကြိမ် ဖော်ထုတ်လိုက်ပါတယ်။