Connect with us

Hi, what are you looking for?

သတင်း

TNLA က နမ့်ခမ်း၌ ကျားဖြန့်စစ်ဆင်ရေးပြုလုပ်မည်ဟု သတင်းထွက်​ပေါ်

တရုတ်နယ်စပ်မြို့ဖြစ်သောနမ့်ခမ်းမြို့တွင် TNLAက ကျားဖြန့်တိုက်ဖျက်ရန်စစ်ဆင်ရေးပြုလုပ်မည်ဖြစ်ပြီး နမ့်ခမ်း-မူဆယ်လမ်းကို ယနေ့မှစ၍ ယာယီပိတ်ဆို့လိုက်သည်။

TNLA က ၁၀၂၇ စစ်ဆင်​ရေးဖြင့် နမ့်ခမ်းမြို့ကို သိမ်းပိုက်ပြီး​နောက်​ မြို့တွင်းတစ်​နေရာကိုတွေ့ရစဥ်။ဓါတ်ပုံ-TNLA

ဇူလိုင်-၃၁၊၂၀၂၅။လူအေး/People’s Spring

တရုတ်နယ်စပ်မြို့ဖြစ်သောနမ့်ခမ်းမြို့တွင် TNLAက ကျားဖြန့်တိုက်ဖျက်ရန်စစ်ဆင်ရေးပြုလုပ်မည်ဖြစ်ပြီး နမ့်ခမ်း-မူဆယ်လမ်းကို ယနေ့မှစ၍ ယာယီပိတ်ဆို့လိုက်သည်။

မူဆယ် နှင့် နမ့်ခမ်းတွင် ကျားဖြန့်ရုံများရှိနေပြီး ယင်းနေရာများ၌ တရုတ်နိုင်ငံသား ထောင်ချီရှိနေကြောင်း တရုတ်အစိုးရက သတင်းပေးပြီးနောက် စစ်ဆင်ရေးစတင်ခြင်းဟု ဒေသခံသတင်းရင်းမြစ်ကပြောသည်။

“မူဆယ်အတွက် တရုတ်က စကစကို ပြောပေမယ့် စကစကိုလည်း မယုံဘူး။ TNLAကတော့ နမ့်ခမ်းက ကျားဖြန့်တွေကို ရအောင် ထိန်းလိမ့်မယ်ထင်တယ်”ဟု အဆိုပါသတင်းရင်းမြစ်ကပြောသည်။

Public Service Announcement

Public Service Announcement

ဇူလိုင် ၃၁ရက်နံနက်ပိုင်းမှစတင်၍ နမ့်ခမ်းမြို့မှမူဆယ်ဘက်သို့အထွက်လမ်းကို TNLAက တားမြစ်ထားပြီး မြို့တွင်း၌လည်း လိုက်လံစစ်ဆေးနေသည်ဟု သတင်းရရှိသည်။

“အဝင်အထွက် လုံးဝမရပါဘူး။တော်တော်လေးတင်းကျပ်ထားပါတယ်။စစ်ဆေးရင်းနဲ့အချိန်ပိုင်းဖွင့်ပေးတာမျိုးဖြစ်စေချင်ပါတယ်”ဟုနမ့်ခမ်း-မူဆယ် ပြေးဆွဲနေသောကုန်တင်ယာဉ်မောင်းတဦးကပြောသည်။

နမ့်ခမ်းမြို့နယ်အတွင်း ကျားဖြန့်ရုံအချို့ရှိနေပြီး မူဆယ်တွင် နမ့်ခမ်းထက် ဆယ်ဆမကများကြောင်း ဒေသခံများကပြောသည်။

“နမ့်ခမ်းမှာက ခိုးကြောင်ခိုးဝှက်လုပ်နေကြတာ။မူဆယ်မှာကတော့ စစ်ကောင်စီနဲ့ပြည်သူ့စစ်တွေက လိုင်းကြေးယူပြီးလွှတ်ထားတာ။တရုတ်ကလည်း ဒါကိုသိထားတယ်။ဒီနောက်ပိုင်းပိုပြီး ဖိအားပေးလာလိမ်မယ်”ဟုမူဆယ်လဝကနှင့် နီးစပ်သူတစ်ဦးကပြောသည်။

စစ်ကောင်စီထိန်းချုပ်မှုအောက်တွင်ရှိနေသည်မူဆယ်မြို့တွင် မြို့ပေါ်ရပ်ကွက်များ၌ပင် ကျားဖြန့်ရုံများရှိနေသည်ဟု သတင်းရရှိသည်။ပြီးခဲ့သည့်ဇွန်လယ်က မူဆယ်မြို့ စွမ်စော်ရပ်ကွက်နှင့်ဟိုနားရပ်ကွက်မှ ကျားဖြန့်ရုံနှစ်ခုကို စစ်ကောင်စီက ဝင်ရောက်စီးနင်းခဲ့သည်။ တရုတ်နိုင်ငံသား ၄၁ ဦးနှင့် မြန်မာနိုင်ငံသား ၉၇ ဦး ဖမ်းမိခဲ့သည်။

“လိုင်း ကြေးမပေးဘဲရှောင်နေလို့ အမြင်ကတ်ပုဒ်မနဲ့ဝင်ဖမ်းသွားတာ”ဟုမြို့ခံသတင်းရင်းမြင့်ကပြောသည်။

မူဆယ်မြို့တွင်စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ပြည်သူ့စစ်အဖွဲ့များ၊ရဲနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်ပတ်သက်နေသည့် ကျားဖြန့်လုပ်ငန်းအများအပြားရှိနေသေးကြောင်း ဒေသခံများကပြောသည်။

နမ့်ခမ်းမြို့သည်၁၀၂၇စစ်ဆင်ရေးနှင့်အတူ TNLAကတိုက်ခိုက်သိမ်းယူခဲ့ပြီးထိန်းချုပ်ထားသည်။ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်သည့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ အာရက္ခတပ်တော်( AA)နှင့်မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်တော် (MNDAA) တို့က၂၀၂၃ အောက်တိုဘာလ၂၇ရက်နေ့တွင် ၁၀၂၇ စစ်ဆင်ရေးကိုဖော်ဆောင်၍ ရှမ်းပြည်နယ်မြောက်ပိုင်းမှ ကျားဖြန့်လုပ်ငန်းများကို နှိမ့်နင်းမည်ဟုကြေညာခဲ့ပြီး မြို့သိမ်းတိုက်ပွဲများ ဖော်ဆောင်ခဲ့သည်။ ဖမ်းမိသည့်တရုတ်နိုင်ငံသားအများအပြားကို တရုတ်အစိုးရထံလွဲပြောင်းပေးခဲ့သည်။

ထိုစစ်ဆင်ရေးစတင်ပြီးနောက် ကျားဖြန့်လုပ်ငန်းများ ရှမ်းပြည်နယ် မြောက်ပိုင်းမှ ထွက်ပြေးသွားခဲ့ကြသော်လည်း စစ်ကောင်စီထိန်းချုပ်ထားသည့်မူဆယ်မြို့တွင် အများအပြားကျန်ရှိနေဆဲဟု မြို့ခံများကပြောသည်။ ထိုအပြင် လက်ရှိတွင် ရှမ်းပြည်နယ်မြောက်ပိုင်းမှမြို့နယ်အချို့နှင့် ရှမ်းပြည်နယ်တောင်ပိုင်းနှင့် အရှေ့ပိုင်းမှမြို့နယ်အချို့တွင် ကျားဖြန့်ရုံများရှိနေသည်။

နမ့်ခမ်း-မူဆယ်လမ်းပိတ်ထားခြင်းနှင့်ကျားဖြန့်စစ်ဆင်ရေးကိစ္စအား TNLAထံ ဆက်သွယ်မေးမြန်းရန်ကြိုးစားနေဆဲဖြစ်သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

TNLA ထိန်းချုပ်နယ်မြေအတွင်း မြေရှားသတ္တုတွင်းသစ်များစွာ တူးဖော်နေကြောင်း အမေရိကန်နိုင်ငံအခြေစိုက် သုတေသနအဖွဲ့က ဂြိုဟ်တုဓာတ်ပုံ အချက်အလက်များနှင့် တကွ ပထမဆုံးအကြိမ် ဖော်ထုတ်လိုက်ပါတယ်။

သတင်း

အသိအမှတ်ပြုမှုရပါက စစ်အုပ်စုရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တက်ကြွစွာပါမယ်လို့ TNLA ဘက်က ဆွေးနွေးထား

သတင်း

တအာင်းတပ်မတော်(TNLA)နဲ့ အာဏာသိမ်းစစ်တပ်တို့ နေပြည်တော်မှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း TNLပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက အတည်ပြုပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ ရှမ်းမြောက်နမ့်ခမ်းမြို့နယ် ကောင်းတပ်ရွာ ပေါက်ကွဲမှု ဖြစ်စဉ်မှာ ထိခိုက်ပျက်စီးခဲ့တဲ့ အိမ်ခြေ ၄၉၅ လုံးအတွက် ထောက်ပံ့ငွေ ကျပ်သိန်းပေါင်း ၆၈၄၇၂သိန်း ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း TNLAက ထုတ်ပြန်ပါတယ်။