Connect with us

Hi, what are you looking for?

သတင်း

CRPHနှင့် ဗိုလ်ချုပ်ဂွန်မော်ပါဝင်သည့် ကချင် KPICT ဆွေးနွေး

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)နှင့် ကြားကာလကချင်နိုင်ငံရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ (KPICT)တို့ ဇူလိုင်၃၁ရက်က ၂နာရီကြာ ဆွေးနွေးခဲ့ကြောင်း CRPHက သတင်းထုတ်ပြန်သည်။

CRPHနှင့် ကချင် KPICTတို့ အွန်လိုင်းကတဆင့်ဆွေးနွေးနေစဉ်။ ဓာတ်ပုံ - CRPH

ဩဂုတ် ၁၊ ၂၀၂၅။ ထားမြတ်/People’s Spring

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)နှင့် ကြားကာလကချင်နိုင်ငံရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ (KPICT)တို့ ဇူလိုင်၃၁ရက်က ၂နာရီကြာ ဆွေးနွေးခဲ့ကြောင်း CRPHက သတင်းထုတ်ပြန်သည်။

ဆွေးနွေးပွဲသို့CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီးKPICTဘက်ကလည်းကချင်လွတ်လပ်ရေးအဖွဲ့(KIO) ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဒုဗိုလ်ချုပ်ကြီးဂွန်မော် အပါအဝင် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက် မှတ်တမ်းဓာတ်ပုံအရ သိရသည်။

ထိုသို့တွေ့ဆုံစဉ် CRPH အတွင်းရေးမှူးအဖွဲ့ဝင်၊ ဒေါ်ဖြူဖြူသင်းက ၂၀၂၅ လုပ်ငန်းဆောင်ရွက်ချက်အား ရှင်းလင်းတင်ပြခဲ့ကာ KPICTမှ တာဝန်ရှိပုဂ္ဂိုလ်များက အဖွဲ့အစည်း၏ လက်ရှိဆောင်ရွက်နေသော လုပ်ငန်းစဥ်များနှင့် ရှေ့လုပ်ငန်းစဥ်များအား ဆွေးနွေးပြောကြားခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

CRPHနှင့် ကချင် KPICTတို့ အွန်လိုင်းကတဆင့်ဆွေးနွေးနေစဉ်။ ဓာတ်ပုံ – CRPH

ထို့ပြင် တော်လှန်ရေးအောင်မြင်စေရန် စစ်ရေး၊ နိုင်ငံရေးဆိုင်ရာကိစ္စရပ်များ ပိုမိုပူးပေါင်း ဆောင်ရွက်သွားသင့်သည့်လုပ်ငန်းစဥ်များနှင့် အနာဂတ်တွင်လည်း ချိတ်ဆက် လုပ်ဆောင်သွားနိုင်မည့်လုပ်ငန်းစဥ်များအပေါ် တက်လရောက်လာသူများက အပြန်အလှန် ပြောကြားခဲ့သည်ဟု ဆိုသည်။

ဆွေးနွေးပွဲနှင့်ပတ်သက်ပြီး CRPH အတွင်းရေးမှူး အဖွဲ့ဝင်ဒေါ်ဖြူဖြူသင်းနှင့် KPICT ထံသို့ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

CRPHနှင့် KPICT တို့သည် ယခင်ကလည်း တွေ့ဆုံခဲ့ဖူးပြီး တွေ့ဆုံစဉ် တော်လှန်ရေးခရီး၌ ပူးပေါင်းဆောင်ရွက်ရန်ကိစ္စ၊ အနာဂတ် ဖက်ဒရယ်နိုင်ငံတော်သစ် တည်ဆောက်နိုင်ရေး လုပ်ဆောင်သင့်သည့်အချက်များဆွေးနွေးခဲ့သည်။

KPICTသည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့်လည်း တွေ့ဆုံဆွေးနွေးမှုများရှိခဲ့ပြီး စစ်ရေး နိုင်ငံရေးဆိုင်ရာများ ဆွေးနွေးကာ ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ တော်လှန်ရေး အောင်မြင်ရေး လက်တွဲရန် တို့ကို ဆွေးနွေးခဲ့ကြောင်း NUG၏ ယခင်ထုတ်ပြန်ချက်များအရ သိရသည်။

NUG၊ CRPHတို့နှင့် ယုံကြည်စွာ အားကောင်းစွာ ပူးပေါင်းဆောင်ရွက်နေကြောင်း ဒုဗိုလ်ချုပ်ကြီးဂွန်မော်က ၂၀၂၂ နှစ်ကုန်ပိုင်းက RFA သတင်းဌာနနှင့်ပြုလုပ်ခဲ့သည့် အမေးအဖြေကဏ္ဍတွင် အသိပေးခဲ့သည်။

“အဓိကတော့ ကျနော်တို့ KIO လို့တောင် မဟုတ်တော့ဘူး။ ကျနော်တို့က ကချင်တမျိုးသားလုံးကနေပြီးမှ CRPHနဲ့ NUGနဲ့ နားလည်းမှု အပြည့်နဲ့ ပူးပေါင်းတာဖြစ်တယ်” ဟု ဒုဗိုလ်ချုပ်ကြီးဂွန်မော်က ပြောကြားခဲ့သည်။

KIO/KIAသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန နှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှုများ အားကောင်းခဲ့ပြီး စစ်ကောင်စီတပ် အထိနာအောင် တိုက်ခိုက်နိုင်ခဲ့သည့် တော်လှန်ရေးတပ်ဖွဲ့ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်

သတင်း

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)အား နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) က ဆက်လက်အသိအမှတ်ပြုကြောင်း ဆုံးဖြတ်ခဲ့တယ်လို့ CRPHက ထုတ်ပြန်ပါတယ်။

သတင်း

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က ဒီကနေ့ ဧပြီ ၁၀ရက်မှာ ကျရောက်တဲ့ အာရက္ခတပ်တော်(AA)တည်ထောင်ခြင်း (၁၇) နှစ်မြောက် အထိမ်းအမှတ်နေ့သို့ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ပြီး နောင်နှစ်ပေါင်းများစွာ တိုင် အာရက္ခပြည်သူတို့ ယုံကြည်အားကိုးရသော တပ်မတော်ကြီးအဖြစ် ခိုင်မာစွာရပ်တည် နိုင်ပါ စေကြောင်း ဖော်ပြထားပါတယ်။

သတင်း

စစ်အုပ်စုဖွဲ့မယ့် ဘယ်အဖွဲ့အစည်းမဆို အသိအမှတ်မပြုကြောင်းကြေညာဖို့ ပြည်ထောင်စုလွှတ်တော်ဆုံးဖြတ်